ထို့နောက် အဗရှလုံသည် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ထံသို့ သူလျှိုတို့ကိုစေလွှတ်၍ “တံပိုးမှုတ်သံကို သင်တို့ကြားလျှင် ‘အဗရှလုံသည် ဟေဗြုန်မြို့တွင် နန်းတက်လေပြီ’ဟူ၍ ကြွေးကြော်ကြလော့”ဟု မှာလိုက်၏။
၃ ရာ 1:18 - မြန်မာ့စံမီသမ္မာကျမ်း ယခုမှာ ကြည့်ပါလော့။ အဒေါနိယသည် ဘုရင်ဖြစ်နေပါပြီ။ ဤအမှုကို အကျွန်ုပ်၏သခင်အရှင်မင်းကြီး သိတော်မမူ။ Common Language Bible သို့ရာတွင်ယခုအဒေါနိယသည်ဘုရင် ဖြစ်လျက်နေလေပြီ။ သို့သော်အရှင်ထို သတင်းကိုကြားသိတော်မမူသေးပါ။- Garrad Bible သို့ ရာ တွင် အ ဒေါ နိ ယ သည် အ ရှင် မင်း မြတ် မ သိ ဘဲ ယ ခု ပင် ဘု ရင် လုပ် လျက် Judson Bible ယခုမှာ အဒေါနိယသည် စိုးစံပါ၏။ ကိုယ်တော်အရှင်မင်းကြီးလည်း သိတော်မမူ။ |
ထို့နောက် အဗရှလုံသည် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ထံသို့ သူလျှိုတို့ကိုစေလွှတ်၍ “တံပိုးမှုတ်သံကို သင်တို့ကြားလျှင် ‘အဗရှလုံသည် ဟေဗြုန်မြို့တွင် နန်းတက်လေပြီ’ဟူ၍ ကြွေးကြော်ကြလော့”ဟု မှာလိုက်၏။
နာသန်သည် ရှောလမုန်၏မယ်တော်ဗာသရှေဘအား “အကျွန်ုပ်တို့၏သခင်ဒါဝိဒ်မင်းကြီးမသိဘဲ ဟဂ္ဂိတ်၏သားအဒေါနိယသည် ကိုယ့်ကိုယ်ကိုယ်မင်းမြှောက်လိုက်ကြောင်းကို သင်မကြားသလော။
ဗာသရှေဘက “အကျွန်ုပ်၏သခင်၊ သခင့်ကျွန်မအား ‘သင့်သားရှောလမုန်သည် ငါ့နန်းမွေကို ဆက်ခံရမည်။ ငါ၏ရာဇပလ္လင်ပေါ်တွင် စံနေရမည်’ဟု အရှင်မင်းကြီး၏ဘုရားသခင်ထာဝရဘုရားကို အရှင်မင်းကြီး တိုင်တည်ကျိန်ဆိုခဲ့ပါပြီ။
သူသည် သိုး၊ နွားနှင့် ဆူဖြိုးသောအကောင်အမြောက်အမြားဖြင့် ယဇ်ပူဇော်ပွဲကို ကျင်းပပါပြီ။ ဘုရင့်သားတော်အပေါင်းနှင့်တကွ ယဇ်ပုရောဟိတ်အဗျာသာ၊ ဗိုလ်ချုပ်ယွာဘတို့ကို ဖိတ်ခေါ်၍ သခင့်သား ရှောလမုန်ကိုမူ မဖိတ်ခေါ်ပါ။
ထို့နောက် နာသန်က “အကျွန်ုပ်၏သခင်အရှင်မင်းကြီး၊ အရှင်မင်းကြီးက ‘အဒေါနိယအား ငါ၏နန်းမွေကိုဆက်ခံပြီး ရာဇပလ္လင်ပေါ်တွင် စံမြန်းစေမည်’ဟု မိန့်ဆိုပြီလော။
အကျွန်ုပ်၏သခင်အရှင်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင် မည်သူစံမြန်းမည်၊ မည်သူနန်းမွေဆက်ခံမည်ကို အကျွန်ုပ်၏သခင်အရှင်မင်းကြီးသည် သခင့်အစေအပါးတို့အား အသိမပေးဘဲ ဤအမှုကိုပြုတော်မူပြီလော”ဟု လျှောက်တင်လေ၏။
တစ်နေ့တွင် ဟဂ္ဂိတ်၏သားအဒေါနိယက “ငါရှင်ဘုရင်လုပ်မည်”ဟု ဆိုလျက် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်၏။ မိမိအဖို့ မြင်းရထား၊ မြင်းစီးသူရဲများနှင့် ရှေ့တော်ပြေးအယောက်ငါးဆယ်ကို ပြင်ဆင်ထား၏။
သို့ဖြစ်၍ ညီအစ်ကိုတို့၊ သင်တို့သည် သင်တို့၏အကြီးအကဲများနည်းတူ မသိနားမလည်သောကြောင့် ထိုသို့ပြုခဲ့ကြသည်ကို ငါသိ၏။