ထာဝရဘုရားသည် အာဗြံအား ကိုယ်ထင်ရှားပြ၍ “ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ အာဗြံသည်လည်း မိမိအား ကိုယ်ထင်ရှားပြတော်မူသောထာဝရဘုရားအဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လေ၏။
၂ ရာ 24:25 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဒါဝိဒ်မင်းကြီးသည် ထိုနေရာတွင် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်လေ၏။ ထာဝရဘုရားသည်လည်း တိုင်းပြည်အတွက် အသနားခံသည်ကို နားညောင်းတော်မူပြီး အစ္စရေးလူမျိုးတို့ ခံရသောဘေးဒဏ်ကို ငြိမ်းစေလေ၏။ Common Language Bible သူသည်ထိုအရပ်တွင်ထာဝရဘုရား၏ အတွက် ယဇ်ပလ္လင်ကိုတည်ဆောက်တော်မူပြီး လျှင် မီးရှို့ရာယဇ်နှင့်မိတ်သဟာယယဇ်တို့ ကိုပူဇော်တော်မူ၏။ ထာဝရဘုရားသည် လည်းမင်းကြီး၏ဆုတောင်းပတ္ထနာကိုနား ညောင်းတော်မူ၍ ဣသရေလနိုင်ငံတွင် ကပ်ရောဂါဘေးကိုငြိမ်းအေးစေတော် မူ၏။ ဋ္ဌမ္မရာဇဝင်ဒုတိယစောင်ပြီး၏။ Garrad Bible ထို အ ရပ်၌ ပင် ထာ ဝ ရ ဘု ရား အား ပူ ဇော် ရာ ပ လ္လင် တော် ကို တည် လျက် မီး ရှို့ ရာ သ က္ကာ မိတ် သ ဟာ ယ သ က္ကာ များ ကို ဆက် ကပ် လျှင် ပြည် တော် အ ဖို့ ထာ ဝ ရ ဘု ရား နား ညောင်း တော် မူ သ ဖြင့် ဣ သ ရေ လ လူ မျိုး ၌ ကပ် ရော ဂါ ဘေး ရပ် စဲ သ တည်း။ Judson Bible ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်လေ၏။ ထာဝရဘုရားသည်လည်း၊ ဣသရေလပြည်အဖို့ ဆုတောင်းသောစကားကို နားထောင်၍ ကာလနာဘေးကို ငြိမ်းစေတော်မူ၏။ ဓမ္မရာဇဝင်ဒုတိယစောင်ပြီး၏။ |
ထာဝရဘုရားသည် အာဗြံအား ကိုယ်ထင်ရှားပြ၍ “ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ အာဗြံသည်လည်း မိမိအား ကိုယ်ထင်ရှားပြတော်မူသောထာဝရဘုရားအဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လေ၏။
ဘုရားသခင်မိန့်တော်မူသောအရပ်သို့ရောက်သောအခါ အာဗြဟံသည် ထိုအရပ်တွင် ယဇ်ပလ္လင်ကိုတည်၍ ထင်းများကိုစီပြီးလျှင် မိမိသားဣဇက်ကိုချည်နှောင်လျက် ယဇ်ပလ္လင်အပေါ်ရှိ ထင်းများပေါ်တွင် သူ့ကိုတင်လေ၏။
နောဧသည် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်ပြီးလျှင် စင်ကြယ်သောတိရစ္ဆာန်အပေါင်းတို့နှင့် စင်ကြယ်သောငှက်အပေါင်းတို့ထဲကယူ၍ ထိုယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရာယဇ်ကိုပူဇော်ရာ
ရှောလုမင်းကြီးနှင့် သားတော်ယောနသန်တို့၏အရိုးကို ဗင်္ယာမိန်ပြည်၊ ဇေလမြို့ရှိ ရှောလုမင်းကြီး၏ဖခင် ကိရှ၏သင်္ချိုင်းတွင် သင်္ဂြိုဟ်လိုက်ကြ၏။ ရှင်ဘုရင်၏အမိန့်တော်အတိုင်း အလုံးစုံပြုပြီးသောအခါမှ ဘုရားသခင်သည် ပြည်တော်အတွက် ဆုတောင်းသံကို နားညောင်းတော်မူလေ၏။
ထိုအခါ ဒါဝိဒ်မင်းကြီးက ဂဒ်အား “ငါသည် အကျဉ်းအကျပ်ထဲသို့ ရောက်ပါပြီတကား။ ထာဝရဘုရားသည် သနားခြင်းကရုဏာကြီးမားသည်ဖြစ်၍ ထာဝရဘုရားလက်တော်ထဲသို့သာ ငါတို့ကျရောက်ပါစေ၊ လူ့လက်ထဲသို့ မကျရောက်ပါစေနှင့်”ဟု မိန့်ဆို၏။
ဒါဝိဒ်မင်းကြီးသည် အသက်ကြီး၍အိုမင်းလာသောအခါ အနွေးထည်များ ဝတ်ပေးသော်လည်း မနွေးနိုင်တော့ပေ။
သို့မှ ငါအမျက်ပြေမည်။ သံသယစိတ်ကင်းမည်။ အမျက်မထွက်တော့သဖြင့် ငြိမ်းချမ်းလိမ့်မည်’ဟု မိန့်တော်မူ၏။
ထာဝရဘုရား၏ကိန်းဝပ်တော်မူရာတဲတော်နားသို့လာသောသူတိုင်း သေရမည်ဖြစ်၍ အကျွန်ုပ်တို့အားလုံးသေကြရတော့မည်လော”ဟု ဆိုကြ၏။
နောက်တစ်နေ့တွင် လူတို့သည် စောစောထ၍ ထိုနေရာတွင် ယဇ်ပလ္လင်ကိုတည်ကာ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ကြ၏။
ဂိဒေါင်သည် ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ “ငြိမ်သက်ခြင်းအရှင် ထာဝရဘုရား”ဟု မှည့်ခေါ်လေ၏။ ထိုယဇ်ပလ္လင်သည် အဗျေဇာအမျိုးသားတို့နေထိုင်ရာ ဩဖရမြို့တွင် ယနေ့တိုင်အောင် ရှိ၏။
ထို့ကြောင့် ရှောလုမင်းကြီးက “မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ငါ့ထံသို့ ယူဆောင်လာကြလော့”ဟု ဆိုပြီးလျှင် မီးရှို့ရာယဇ်ကိုပူဇော်လေ၏။
ရှောလုမင်းကြီးသည် ထိုနေရာတွင် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်လေ၏။ ထိုယဇ်ပလ္လင်သည် ထာဝရဘုရားအဖို့ ရှောလုမင်းကြီးပထမဦးဆုံးတည်သောယဇ်ပလ္လင်ဖြစ်၏။
ထို့နောက် မိမိအိမ်ရှိရာ ရာမမြို့သို့ပြန်လာပြီး ထိုမြို့ရှိ အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်လေ၏။ ထိုမြို့တွင် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုလည်း တည်ထားလေ၏။
ထိုအခါ ရှမွေလက နို့မပြတ်သေးသောသိုးသငယ်တစ်ကောင်ကို ယူ၍ တစ်ကောင်လုံးရှို့ရသောမီးရှို့ရာယဇ်အဖြစ် ထာဝရဘုရားထံ ပူဇော်ပြီး အစ္စရေးလူမျိုးတို့အတွက် ထာဝရဘုရားထံ အော်ဟစ်ဆုတောင်းသောအခါ ထာဝရဘုရား နားညောင်းတော်မူ၏။