ထိုအခါ ဒါဝိဒ်မင်းကြီးသည် လူလွှတ်၍ ထိုမိန်းမအကြောင်းကို မေးမြန်းစေရာ “သူသည် ဧလျံ၏သမီး၊ ဟိတ္တိလူမျိုး ဥရိယ၏မယား ဗာသရှေဘ ဖြစ်ပါ၏”ဟု ပြန်လျှောက်ကြ၏။
၂ ရာ 23:39 - မြန်မာ့စံမီသမ္မာကျမ်း ဟိတ္တိလူမျိုး ဥရိယ စုစုပေါင်း သုံးဆယ့်ခုနစ်ဦး ရှိသတည်း။ Garrad Bible ဟိ တ္တိ မျိုး ဥရိ ယ ပေါင်း သုံး ကျိပ် ခု နစ် ယောက် တို့ တည်း။ Judson Bible ဟိတ္တိအမျိုး ဥရိယ၊ ပေါင်းသုံးဆယ်ခုနစ်ယောက်တည်း။ |
ထိုအခါ ဒါဝိဒ်မင်းကြီးသည် လူလွှတ်၍ ထိုမိန်းမအကြောင်းကို မေးမြန်းစေရာ “သူသည် ဧလျံ၏သမီး၊ ဟိတ္တိလူမျိုး ဥရိယ၏မယား ဗာသရှေဘ ဖြစ်ပါ၏”ဟု ပြန်လျှောက်ကြ၏။
ယခုမှာ သင်သည် အဘယ်ကြောင့် ထာဝရဘုရား၏စကားတော်ကို မထီမဲ့မြင်ပြုပြီး မျက်မှောက်တော်၌ မကောင်းမှုကို ပြုရသနည်း။ သင်သည် ဟိတ္တိလူမျိုး ဥရိယကို ဓားနှင့်သတ်ပြီး သူ့မယားကို သင့်မိဖုရားအဖြစ် သိမ်းယူပြီ။ သင်သည် သူ့ကို အမ္မုန်အမျိုးသားတို့၏ဓားဖြင့် သတ်လေပြီတကား။
ဒါဝိဒ်မင်းကြီးသည် သူအသက်ရှင်သမျှကာလပတ်လုံး ဟိတ္တိလူမျိုး ဥရိယအမှုမှလွဲ၍ မိန့်မှာတော်မူသမျှတို့ကို တစ်စုံတစ်ရာမျှမလွဲဘဲ ထာဝရဘုရားရှေ့တော်၌ ဖြောင့်မတ်မှန်ကန်စွာ ပြုကျင့်ခဲ့၏။
ယေရှဲသည် သားဒါဝိဒ်မင်းကြီးကိုရ၏။ ဒါဝိဒ်သည် ဥရိယ၏မယားအားဖြင့် သားရှောလမုန်ကိုရ၏။
ဒါဝိဒ်သည် ဟိတ္တိလူမျိုး အဟိမလက်နှင့် ဇေရုယာ၏သား၊ ယွာဘ၏ညီ အဘိရှဲတို့အား “ရှောလုတပ်စခန်းသို့ဆင်းသွားလျှင် ငါနှင့် မည်သူလိုက်မည်နည်း”ဟု မေးရာ အဘိရှဲက “အကျွန်ုပ် လိုက်ပါမည်”ဟု ဆို၏။