ရှောလုမင်းကြီး၏သား ဣရှဗောရှက်မင်းကြီးဘက်မှ ဗင်္ယာမိန်အမျိုး တစ်ဆယ့်နှစ်ယောက်နှင့် ဒါဝိဒ်မင်းကြီး၏အမှုထမ်းတို့ဘက်မှ တစ်ဆယ့်နှစ်ယောက် ထွက်လာ၍
၂ ရာ 2:14 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် အာဗနာက ယွာဘအား “လုလင်တို့ကိုငါတို့ရှေ့သို့ ထွက်လာပြီး စစ်ထိုးကစားစေမည်”ဟု ဆိုလျှင် ယွာဘက “ထွက်လာကြစေ”ဟု ဆို၏။ Common Language Bible အာဗနာကယွာဘအား``ငါတို့တစ်ဘက်စီ မှလူငယ်အချို့တို့ကိုစစ်ကစားစေကြအံ့'' ဟုဆိုလျှင်၊ ယွာဘက``ကောင်းပြီ'' ဟုဆိုလေ၏။ Garrad Bible ထို အ ခါ အာ ဗ နာ က၊ ငယ် သား ချင်း တို့ သည် ထွက်၍ ငါ တို့ ရှေ့ မှောက် တွင် စစ် က စား ကြ ပါ စေ ဟု ယွာ ဘ အား ဆို သော်၊ ထွက် ခဲ့ ကြ စေ ဟု ယွာ ဘ ဝန် ခံ သည့် အ တိုင်း Judson Bible အာဗနာကလည်း၊ လုလင်တို့သည်ထ၍ ငါတို့ရှေ့မှာ ကစားကြပါလေစေဟု ဆိုသော်၊ ယွာဘက ထကြပါလေစေဟု ဆိုသည်အတိုင်း၊ |
ရှောလုမင်းကြီး၏သား ဣရှဗောရှက်မင်းကြီးဘက်မှ ဗင်္ယာမိန်အမျိုး တစ်ဆယ့်နှစ်ယောက်နှင့် ဒါဝိဒ်မင်းကြီး၏အမှုထမ်းတို့ဘက်မှ တစ်ဆယ့်နှစ်ယောက် ထွက်လာ၍
ပြိုင်ဖက်အချင်းချင်း တစ်ဦးနှင့်တစ်ဦး ခေါင်းကိုဖမ်းဆွဲ၍ နံဘေးကို ဓားနှင့်ထိုးကြရာ အားလုံးလဲကျသေဆုံးကြလေ၏။ ထို့ကြောင့် ဂိဗောင်မြို့ရှိ ထိုနေရာကို ဟေလကသဇ္ဇုရိမ် ဟုခေါ်ဆိုကြ၏။
ထိုနေ့တွင် တိုက်ပွဲအလွန်ပြင်းထန်ရာ အာဗနာနှင့် အစ္စရေးအမျိုးသားတို့သည် ဒါဝိဒ်မင်းကြီး၏အမှုထမ်းတို့ကို ရှုံးနိမ့်သွား၏။
ထို့နောက် အာမဇိမင်းကြီးသည် ယေဟုမင်းကြီး၏မြေးတော်၊ ယောခတ်မင်းကြီး၏သားတော် အစ္စရေးဘုရင် ယဟောရှမင်းကြီးထံသို့ တမန်ကိုစေလွှတ်၍ “လာပါ။ ငါတို့ ရင်ဆိုင်တိုက်ခိုက်ကြစို့”ဟု ပြောကြားစေ၏။
မိုက်မဲသောသူသည် ညစ်ညမ်းသောအမှုကိုပြုခြင်း၌ ပျော်မွေ့တတ်၏။ ထိုးထွင်းဉာဏ်ရှိသောသူမူကား ဉာဏ်ပညာ၌ ပျော်မွေ့တတ်၏။
အငြင်းပွားမှု၏အစသည် ရေပေါက်ထွက်ခါစကဲ့သို့ဖြစ်သောကြောင့် ခိုက်ရန်မဖြစ်ပွားမီ အငြင်းပွားမှုကိုရပ်စဲလော့။
အကြံဉာဏ်ယူခြင်းအားဖြင့် အကြံအစည်များ တည်တတ်၏။ လမ်းညွှန်မှုများကိုခံယူ၍ စစ်ပွဲကိုဆင်နွှဲလော့။
အလျင်စလိုသွား၍ မတိုင်တန်းနှင့်။ နောက်ဆုံး၌ သင်၏အိမ်နီးချင်းသည် သင့်ကိုအရှက်ရစေလျှင် သင်မည်သို့ပြုမည်နည်း။