ဇာဒုတ်နှင့် အဗျာသာတို့လည်း ဘုရားသခင်၏သေတ္တာတော်ကို ဂျေရုဆလင်မြို့သို့ ပြန်ယူဆောင်လာပြီး ထိုမြို့တွင် နေထိုင်ကြ၏။
၂ ရာ 15:30 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်မင်းကြီးသည် သံလွင်တောင်တက်လမ်းအတိုင်း ငိုကြွေးလျက်၊ ဦးခေါင်းကိုလည်းခြုံလျက် ခြေနင်းတော်မပါဘဲ တက်သွား၏။ သူနှင့်ပါလာသောလူအပေါင်းတို့သည်လည်း အသီးသီးဦးခေါင်းကိုခြုံထားလျက်၊ ငိုကြွေးလျက် လိုက်တက်သွားကြ၏။ Common Language Bible ဒါဝိဒ်သည်ခြေနင်းကိုချွတ်ပြီးလျှင်ဝမ်း နည်းသည့်လက္ခဏာဖြင့် ခေါင်းမြီးခြုံ၍ငို ယိုကာသံလွင်တောင်သို့တက်တော်မူ၏။ သူ ၏နောက်မှလိုက်ပါလာကြသူအပေါင်း တို့သည်လည်းခေါင်းမြီးခြုံ၍ငိုယိုကြ၏။- Garrad Bible ဒါ ဝိဒ် မင်း သည် ငို ကြွေး လျက် ဦး ခေါင်း ခြုံ လျက် ခြေ နင်း ချွတ် လျက် သံ လွင် တောင် အ ထက် လမ်း ဖြင့် ကျော် သွား ရာ နောက် တော် ပါ အ ပေါင်း တို့ လည်း ဦး ခေါင်း ခြုံ လျက် ငို ကြွေး လျက် တက် ကြ စဉ် Judson Bible ဒါဝိဒ်သည်လည်း ငိုလျက်၊ ဦးခေါင်းကို ခြုံလျက်၊ ခြေနင်းကိုချွတ်လျက် သံလွင်တောင်ပေါ်သို့ တက်လေ၏။ နောက်တော်၌ လိုက်သောသူအပေါင်းတို့သည်လည်း ဦးခေါင်းကိုခြုံလျက် ငိုကြွေးလျက် တက်ကြ၏။ |
ဇာဒုတ်နှင့် အဗျာသာတို့လည်း ဘုရားသခင်၏သေတ္တာတော်ကို ဂျေရုဆလင်မြို့သို့ ပြန်ယူဆောင်လာပြီး ထိုမြို့တွင် နေထိုင်ကြ၏။
ရှင်ဘုရင်သည် မျက်နှာကိုဖုံးထား၍ “ငါ့သား အဗရှလုံ၊ ငါ့သား ငါ့သား အဗရှလုံ”ဟု ကျယ်လောင်စွာအော်ဟစ်ငိုကြွေးလေ၏။
ယွာဘသည် ရှင်ဘုရင်ရှိရာနန်းတွင်းသို့ဝင်၍ “ယနေ့ အရှင်မင်းကြီး၏အသက်၊ သားတော်သမီးတော်တို့၏အသက်၊ မိဖုရားမောင်းမတော်တို့၏အသက်ကို ကယ်တင်ပေးခဲ့သောစစ်သည်အပေါင်းတို့ကို အရှင်မင်းကြီး အရှက်ခွဲလေပြီ။
ထို့နောက် မော်ဒကဲသည် ဘုရင့်နန်းတော်တံခါးသို့ ပြန်လာ၏။ ဟာမန်မူကား စိတ်မသာမယာဖြင့် ခေါင်းကိုအုပ်လျက် မိမိအိမ်သို့အလျင်အမြန်ပြန်သွားလေ၏။
လူတို့က “သင်၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း”ဟု ငါ့ကို တစ်နေ့လုံးပြောဆိုကြသောအခါ ငါ၏မျက်ရည်သည် နေ့ညမပြတ် ငါ့အတွက်စားစရာဖြစ်ရ၏။
အို ငါ၏စိတ်ဝိညာဉ်၊ သင်သည် အဘယ်ကြောင့်ညှိုးငယ်သနည်း။ ငါ့အထဲ၌ အဘယ်ကြောင့် မငြိမ်မသက်ဖြစ်သနည်း။ ဘုရားသခင်ကိုမျှော်လင့်ကိုးစားလော့။ ငါသည် ငါ့ကိုကယ်တင်တော်မူသောအရှင်၊ ငါ၏ဘုရားသခင်ကို ထပ်၍ချီးမွမ်းမည်။
တိတ်တိတ်လေးသာ ကြေကွဲလော့။ သေသွားသူအတွက် ငိုကြွေးမြည်တမ်းမနေနှင့်။ ခေါင်းပေါင်းပေါင်းထားလော့။ ဖိနပ်ကို စီးထားလော့။ နှုတ်ခမ်းကို ဖုံးမထားနှင့်။ အသုဘအစာကို မစားနှင့်”ဟု ငါ့အား မိန့်တော်မူ၏။
ခေါင်းပေါင်းပေါင်း၍ ဖိနပ်ကိုလည်း စီးကြလိမ့်မည်။ ငိုကြွေးမြည်တမ်းမနေဘဲ ကိုယ့်အပြစ်ကြောင့် ရင်ကွဲနာကျလျက် အချင်းချင်းညည်းတွားပြကြလိမ့်မည်။
ထိုနေ့ရက်တွင် ကိုယ်တော်သည် ဂျေရုဆလင်မြို့အရှေ့ဘက်ရှိ သံလွင်တောင်ပေါ်၌ ခြေချတော်မူလျှင် သံလွင်တောင်သည် အရှေ့ဘက်မှ အနောက်ဘက်တိုင်အောင် နှစ်ခြမ်းကွဲ၍ ကျယ်ပြန့်သောချိုင့်ဝှမ်းလွင်ပြင်ကြီး ပေါ်လာလိမ့်မည်။ ထိုတောင်၏တစ်ဝက်သည် မြောက်ဘက်သို့လည်းကောင်း၊ ကျန်တစ်ဝက်သည် တောင်ဘက်သို့လည်းကောင်း ရွေ့သွားလိမ့်မည်။
ဝမ်းနည်းကြေကွဲသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် နှစ်သိမ့်ခြင်းကိုခံစားရကြလိမ့်မည်။
သံလွင်ဟုခေါ်သောတောင်အနီးရှိ ဗက်ဖာဂေရွာနှင့်ဗေသနိရွာအနီးသို့ ရောက်တော်မူသောအခါ တပည့်တော်နှစ်ပါးကိုစေလွှတ်၍
ကိုယ်တော်သည် သံလွင်တောင်၏အဆင်းလမ်းအနီးသို့ ရောက်တော်မူသောအခါ တပည့်တော်အစုအဝေးအပေါင်းတို့သည် မိမိတို့တွေ့မြင်ခဲ့ရသည့် တန်ခိုးလက္ခဏာအားလုံးအတွက် ဝမ်းမြောက်လျက် ကျယ်လောင်သောအသံဖြင့် ဘုရားသခင်ကိုချီးမွမ်းကာ
ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့အနီးသို့ရောက်လာ၍ ထိုမြို့ကိုမြင်တော်မူလျှင် ၎င်းအတွက် ငိုကြွေးလျက်
ကိုယ်တော်သည် နေ့အခါများ၌ ဗိမာန်တော်တွင် သွန်သင်တော်မူပြီး ညအခါများ၌မူ အပြင်သို့ထွက်သွား၍ သံလွင်အမည်ရှိသောတောင်ပေါ်၌ ညကိုကုန်လွန်စေတော်မူ၏။
ထို့နောက် ကိုယ်တော်သည်ထွက်ခွာ၍ ပြုလေ့ရှိသည့်အတိုင်း သံလွင်တောင်ပေါ်သို့ကြွတော်မူ၏။ တပည့်တော်တို့သည်လည်း နောက်တော်သို့လိုက်ကြ၏။
ထို့နောက် သူတို့သည် သံလွင်အမည်ရှိသောတောင်မှ ဂျေရုဆလင်မြို့သို့ ပြန်သွားကြ၏။ ထိုတောင်သည် ဂျေရုဆလင်မြို့နှင့် မိုင်ဝက်ခန့်အကွာအဝေး၌ရှိ၏။
ဝမ်းမြောက်သောသူတို့နှင့်အတူဝမ်းမြောက်၍ ငိုကြွေးသောသူတို့နှင့်အတူငိုကြွေးကြလော့။
သို့ဖြစ်၍ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ဝေဒနာခံစားရလျှင် အင်္ဂါအစိတ်အပိုင်းရှိသမျှသည် အတူတကွခံစားရကြ၏။ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ချီးမြှောက်ခြင်းခံရလျှင် အင်္ဂါအစိတ်အပိုင်းရှိသမျှသည် အတူတကွဝမ်းမြောက်ကြ၏။