တစ်ညနေတွင် ဒါဝိဒ်မင်းကြီးသည် အိပ်ရာမှထလာပြီး ဘုရင့်နန်းတော်ခေါင်မိုးပြင်သို့တက်၍ စင်္ကြံလျှောက်နေစဉ် အလွန်အဆင်းလှသောမိန်းမတစ်ဦး ရေချိုးနေသည်ကို ထိုခေါင်မိုးပြင်မှ လှမ်းမြင်ရ၏။
၂ ရာ 14:27 - မြန်မာ့စံမီသမ္မာကျမ်း အဗရှလုံ၌ သားသုံးဦး၊ သမီးတစ်ဦးရှိ၏။ သမီး၏အမည်မှာ တာမာဖြစ်ပြီး အလွန်အဆင်းလှသောမိန်းကလေးဖြစ်၏။ Common Language Bible အဗရှလုံတွင်သားသုံးယောက်နှင့်တာမာမည် သောသမီးတစ်ယောက်ရှိ၏။ ထိုအမျိုးသမီး သည်အလွန်အဆင်းလှ၏။ Garrad Bible အ ဗ ရှ လုံ သည် သား သုံး ယောက်၊ သ မီး တစ် ယောက် တို့ ကို ရ၍ တာ မာ အ မည် ရှိ သော ထို သ မီး ကား ရှု ချင် ဖွယ် ကောင်း လှ၏။ Judson Bible အဗရှလုံသည် သားသုံးယောက်နှင့် တာမာအမည်ရှိသော သမီးတစ်ယောက်ကိုမြင်လေ၏။ သမီးသည် အလွန်လှသောသူဖြစ်၏။ |
တစ်ညနေတွင် ဒါဝိဒ်မင်းကြီးသည် အိပ်ရာမှထလာပြီး ဘုရင့်နန်းတော်ခေါင်မိုးပြင်သို့တက်၍ စင်္ကြံလျှောက်နေစဉ် အလွန်အဆင်းလှသောမိန်းမတစ်ဦး ရေချိုးနေသည်ကို ထိုခေါင်မိုးပြင်မှ လှမ်းမြင်ရ၏။
ဒါဝိဒ်မင်းကြီး၏သားအဗရှလုံတွင် တာမာအမည်ရှိသော၊ အဆင်းလှသောနှမတစ်ဦးရှိ၏။ ဒါဝိဒ်မင်းကြီး၏သားအာမနုန်သည် တာမာကိုချစ်၏။
အဗရှလုံအသက်ရှင်စဉ်က “ငါ့နာမည် မပျောက်ပျက်အောင် စောင့်ထိန်းပေးမည့်သား မရှိ”ဟု ဆိုလျက် ကျောက်တုံးကို ယူ၍ ရှင်ဘုရင်ချိုင့်ဝှမ်းတွင် မိမိနာမည်ဖြင့်သမုတ်၍ ကျောက်တိုင်စိုက်ထူခဲ့၏။ ထိုကျောက်တိုင်ကို ယနေ့တိုင် “အဗရှလုံကျောက်တိုင်”ဟု ခေါ်ဝေါ်ကြ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါသည် သူတို့ကို ထ၍ဆန့်ကျင်မည်။ ဘေဘီလုံဟူသောအမည်နာမမှစ၍ ကြွင်းကျန်သောသူများ၊ သားသမီးနှင့် သားမြေးအစဉ်အဆက်တို့ကို ငါပယ်ရှားမည်”ဟု မိန့်တော်မူ၏။
‘ဤလူကို သားသမီးမထွန်းကားသောသူ၊ တစ်သက်လုံး အောင်မြင်မှုမရသောသူ’ဟု မှတ်တမ်းတင်ကြလော့။ သူ၏အမျိုးအနွယ်တစ်စုံတစ်ယောက်မျှ ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်၌ စံမြန်းခွင့်၊ ယုဒပြည်ကို အုပ်စိုးခွင့် ရတော့မည်မဟုတ်”ဟု ထာဝရဘုရားမိန့်တော်မူ၏။