သုံးရက်မြောက်သောနေ့တွင် ရှောလုမင်းကြီး၏တပ်စခန်းမှ လူတစ်ဦးသည် အဝတ်ကိုဆုတ်လျက်၊ ခေါင်းပေါ်မြေမှုန့်တင်လျက် ဒါဝိဒ်ထံ ရောက်လာ၍ မြေပေါ်တွင်ပျပ်ဝပ်ရှိခိုးလေ၏။
၂ ရာ 1:3 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဒါဝိဒ်က သူ့အား “သင် အဘယ်ကလာခဲ့သနည်း”ဟု မေးလျှင် သူက “အကျွန်ုပ်သည် အစ္စရေးတပ်စခန်းမှ ထွက်ပြေးလာခဲ့ရပါသည်”ဟု ပြန်ဖြေ၏။ Common Language Bible ဒါဝိဒ်ကသူ့အား``သင်သည်အဘယ်အရပ် ကလာသနည်း'' ဟုမေး၏။ ထိုသူက``ကျွန်တော်သည်ဣသရေလတပ်စခန်း မှထွက်ပြေးခဲ့ပါသည်'' ဟုဖြေကြား၏။ Garrad Bible မည် သည် အ ရပ် က လာ ခဲ့ သ နည်း ဟု ဒါ ဝိဒ် မေး ရာ ဣ သ ရေ လ တပ် တွင်း မှ ပြေး ခဲ့ ရ ပါ သည် ဟု လျှောက် လျှင် အ ရေး တော် ကား မည် သို့ နည်း။ Judson Bible ဒါဝိဒ်ကလည်း၊ အဘယ်အရပ်က လာသနည်းဟုမေးလျှင်၊ ထိုသူက ကျွန်တော်သည် ဣသရေလတပ်က ပြေး၍လာပါသည်ဟု လျှောက်လေ၏။ |
သုံးရက်မြောက်သောနေ့တွင် ရှောလုမင်းကြီး၏တပ်စခန်းမှ လူတစ်ဦးသည် အဝတ်ကိုဆုတ်လျက်၊ ခေါင်းပေါ်မြေမှုန့်တင်လျက် ဒါဝိဒ်ထံ ရောက်လာ၍ မြေပေါ်တွင်ပျပ်ဝပ်ရှိခိုးလေ၏။
ဒါဝိဒ်ကလည်း သူ့အား “မည်သို့ဖြစ်ပျက်ခဲ့သည်ကို ငါ့အားပြောပြပါလော့”ဟု ဆိုလျှင် သူက “စစ်သည်တို့သည် စစ်ပွဲမှ ထွက်ပြေးကြရပါ၏။ စစ်သည်အများအပြား လဲကျသေဆုံးကြရပါ၏။ ရှောလုမင်းကြီးနှင့်သူ့သားယောနသန်လည်း သေသွားပါပြီ”ဟု ပြောပြ၏။
ထို့နောက် သူသည် မိမိသခင်ထံဝင်၍ရှေ့တွင် ရပ်နေ၏။ ဧလိရှဲက သူ့အား “ဂေဟာဇိ၊ အဘယ်အရပ်က ပြန်လာသနည်း”ဟု မေးလျှင် သူက “အရှင့်အစေအပါးသည် မည်သည့်နေရာမှ မသွားပါ”ဟု ပြန်ဖြေ၏။
ထိုအခါ ဒါဝိဒ်က သူ့အား “သင်သည် မည်သူ၏လူ ဖြစ်သနည်း။ မည်သည့်အရပ်က လာသနည်း”ဟု မေးလျှင် သူက “အကျွန်ုပ်သည် အီဂျစ်ပြည်မှလာပါ၏။ အာမလက်အမျိုးသားတစ်ဦး၏ကျွန် ဖြစ်ပါ၏။ လွန်ခဲ့သောသုံးရက်က အကျွန်ုပ်ဖျားနာသဖြင့် အကျွန်ုပ်၏သခင်သည် အကျွန်ုပ်ကို ပစ်ထားခဲ့ပါ၏။