တစ်စုံတစ်ယောက်ဖြစ်စေ၊ ကိုယ်တော်၏လူမျိုးတော်အစ္စရေးအပေါင်းတို့ဖြစ်စေ ကိုယ့်နာကျင်ခြင်း၊ ကိုယ့်ဝေဒနာကိုယ်သိမှတ်လျက် ဤအိမ်တော်သို့မျက်နှာမူပြီး လက်ကိုဆန့်လျက် ဆုတောင်းအသနားခံလျှင်
သူတို့ပြုသောဆုတောင်းပတ္ထနာကိုနားညောင်း တော်မူပါ။ အကယ်၍ကိုယ်တော်၏လူမျိုး တော်ဣသရေလအမျိုးသားအချို့တို့သည် လှိုက်လှဲစွာဝမ်းနည်းလျက် ဤဗိမာန်တော် ဘက်သို့လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြု ကြလျှင်-
ဣ သ ရေ လ လူ မျိုး တော် အ နက် ဒဏ် ချက် နှင့် ဝေ ဒ နာ ကို သိ သူ တိုင်း၊ ဤ ဗိ မာန် တော် သို့ လက် အုပ် ချီ လျက် အ သ နား တော် ခံ တောင်း လျှောက် လျှင်
ကိုယ်တော်၏လူ ဣသရေလအမျိုးသားအချို့တို့သည် အသီးအသီးခံရသော ဘေးဒဏ်ကိုသိလျက်၊ ဤအိမ်တော်သို့ မိမိတို့လက်ဝါးကိုဖြန့်၍ တစ်စုံတစ်ခုသော ပတ္ထနာစကားအားဖြင့် ဆုတောင်းလျှင်၊
သူတို့က ‘အကျွန်ုပ်တို့သည် ဓားဘေး၊ အပြစ်ဒဏ်ဘေး၊ ကပ်ရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး စသည့်ဘေးအန္တရာယ်တို့နှင့် ကြုံရလျှင် ဤအိမ်တော်၌နာမတော်တည်သောကြောင့် ဤအိမ်တော်ရှေ့၊ ကိုယ်တော့်ရှေ့တွင် ရပ်လျက် အကျွန်ုပ်တို့ကြုံရသောဆင်းရဲဒုက္ခအတွက် ကိုယ်တော့်ထံအော်ဟစ်သောအခါ ကိုယ်တော်သည် နားညောင်း၍ ကယ်မတော်မူမည်’ဟု ဆိုကြပါ၏။
ပြည်တော်တွင် ငတ်မွတ်ခြင်းဘေး၊ ကပ်ရောဂါဘေး ကျရောက်သောအခါ၊ လောင်မီးပိုး၊ မှိုရောဂါ၊ ကျိုင်းကောင်၊ နှံကောင်တို့ကျသောအခါ၊ ပြည်တော်၏မြို့တံခါးတို့တွင် ရန်သူတို့ဝိုင်းလာသောအခါ၊ ဘေးဒဏ်တစ်စုံတစ်ရာ၊ အနာရောဂါတစ်စုံတစ်ရာ ဖြစ်သောအခါ
ကိုယ်တော်သည် ကိန်းဝပ်တော်မူရာကောင်းကင်ဘုံမှ နားညောင်းတော်မူ၍ ခွင့်လွှတ်တော်မူပါ။ ကိုယ်တော်သည် လူသားအားလုံးတို့၏စိတ်နှလုံးအကြံအစည်ကို သိတော်မူပါ၏။ သူတို့၏စိတ်နှလုံးအကြံအစည်ကို သိတော်မူသည်နှင့်အညီ သူတို့၏အကျင့်အတိုင်း သူတို့ကို ပြန်ပေးဆပ်စေတော်မူပါ။
ဆင်းရဲဒုက္ခရောက်သောကာလ၌ ငါ့ကိုခေါ်လော့။ ငါသည် သင့်ကိုကယ်မမည်။ သင်သည်လည်း ငါ့ကိုဂုဏ်ပြုချီးမွမ်းလိမ့်မည်။”
သူသည် ငါ့ကိုခေါ်သောအခါ သူ့ကိုငါထူးမည်။ ဆင်းရဲဒုက္ခရောက်သောအခါ သူနှင့်အတူငါရှိမည်။ ငါသည် သူ့ကိုကယ်မ၍ သူ့ကိုဂုဏ်ပြုမည်။
စိတ်နှလုံးသည် မိမိ၏နာကြည်းခြင်းကို မိမိသိ၏။ မိမိ၏ဝမ်းမြောက်ခြင်းကိုလည်း အခြားမည်သူကမျှ ဝင်ရောက်ခံစား၍မရပေ။
သင်တို့လက်ကို ဖြန့်သောအခါ သင်တို့ထံမှ ငါမျက်နှာလွှဲမည်။ သင်တို့သည် အကြိမ်ကြိမ်ဆုတောင်းကြလျှင်လည်း ငါနားမထောင်။ သင်တို့လက်သည် သွေးစွန်းလျက်ရှိ၏။