၂ ရာချုပ် 4:11 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ဟုရံသည် အိုးများ၊ ဂေါ်ပြားများ၊ ဇလုံများကိုလည်း သွန်းလုပ်၏။ ထိုသို့ ဟုရံသည် ရှောလမုန်မင်းကြီးအဖို့ ဘုရားသခင်၏အိမ်တော်၌ လုပ်ဆောင်စရာတို့ကို လုပ်ဆောင်ပြီးစီးသွား၏။ Common Language Bible ဟိရံသည်အိုးများ၊ ဂေါ်ပြားများနှင့်ခွက် ဖလားများကိုလည်းပြုလုပ်လေသည်။ သူသည် ရှောလမုန်မင်းအားကတိထားသည့်အတိုင်း ဗိမာန်တော်အတွက်အောက်ပါပစ္စည်းတန်ဆာ များကိုပြုလုပ်ပြီးစီးလေသည်။ တိုင်နှစ်လုံး၊ အိုးသဏ္ဌာန်ရှိတိုင်ထိပ်အုပ်နှစ်ခု၊ တိုင်ထိပ်အုပ်တို့အတွက်ပန်းကုန်းပုံများ ပန်းကုန်းများပတ်လည်ရှိအလုံးတစ်ရာစီ ရှိသော သလဲသီးနှစ်တန်းအတွက်သလဲသီးလေးရာ၊ လှည်းဆယ်စီး၊ အင်တုံဆယ်လုံး၊ ရေကန်၊ ရေကန်အောက်ခံနွားတစ်ဆယ့်နှစ်ကောင်၊ အိုးများ၊ဂေါ်ပြားများနှင့်ခက်ရင်းခွများ လက်မှုပညာဆရာဟိရံသည်ထာဝရ ဘုရား၏ဗိမာန်တော်တွင်အသုံးပြုရန် ဤ ပစ္စည်းတန်ဆာအပေါင်းကိုရှောလမုန်မင်း ၏အမိန့်တော်နှင့်အညီတောက်ပြောင်နေသည့် ကြေးဝါဖြင့်ပြုလုပ်လေသည်။ Garrad Bible သူ့ ဗိသု ကာ ဟု ရံ လည်း အိုး၊ ကော် ပြား၊ ဖ လား မှ စ၍ ရှော လ မုန် မင်း အ ဖို့ ဘု ရား သ ခင့် ဗိ မာန် တော် တွင် ပြု ရ သည် မှာ Judson Bible ဟိရံသည် အိုးများ၊ ရေမှုတ်များ၊ အင်တုံငယ်များကိုလည်း လုပ်သဖြင့်၊ ရှောလမုန်မင်းကြီးအဖို့ ဘုရားသခင်၏အိမ်တော်၌ လက်စသတ်သော အရာများဟူမူကား၊ |
ဟိရံသည် နဿလိအမျိုးအနွယ်၊ မုဆိုးမတစ်ဦး၏သားဖြစ်၏။ သူ့ဖခင်မှာ တိုင်ရာအမျိုးသား၊ ပန်းတဉ်းသမားဖြစ်၏။ ထို့ကြောင့် သူသည် ကြေးသွန်းလုပ်သောအတတ်ပညာအမျိုးမျိုးကို ကျွမ်းကျင်တတ်မြောက်၏။ သူသည် ရှောလမုန်မင်းကြီးထံလာပြီး ကြေးသွန်းလုပ်ငန်းအလုံးစုံကို လုပ်ဆောင်ပေး၏။
ဒါဝိဒ်မင်းကြီးသည် တိဗဟတ်မြို့၊ ခုန်မြို့စသည့် ဟာဒဒေဇာမင်းကြီးပိုင်သောမြို့တို့မှ ကြေးနီအမြောက်အမြားကိုလည်း သိမ်းယူလေ၏။ ထိုကြေးနီများဖြင့်ပင် ရှောလမုန်မင်းကြီးသည် ကြေးနီရေကန်နှင့် တိုင်များ၊ ကြေးနီအသုံးအဆောင်များကို သွန်းလုပ်ခဲ့၏။
တိုင်နှစ်တိုင်နှင့် ထိုတိုင်နှစ်တိုင်ထိပ်ရှိဖလားပုံတိုင်အုပ်များ၊ တိုင်ထိပ်ရှိဖလားပုံတိုင်အုပ်နှစ်ခုကို အလှဆင်ထားသောရာဇမတ်ကွက်နှစ်ခု၊