ထိုအခါ ယေဟောဟနန်၏သားအာဇရိ၊ မေရှိလမုတ်၏သားဗေရခိ၊ ရှလ္လုံ၏သားဟေဇကိ၊ ဟာဒလဲ၏သားအာမသ စသည့်ဧဖရိမ်အမျိုးသားခေါင်းဆောင်အချို့တို့သည်ထ၍ စစ်ပွဲမှပြန်လာသူတို့အား မျက်နှာချင်းဆိုင်လျက်
ထိုအခါမြောက်ပိုင်းနိုင်ငံအကြီးအကဲ လေးဦးဖြစ်ကြသော ယောဟနန်၏သား အာဇရိ၊ မေရှိလေမုတ်၏သားဗေရခိ၊ ရှလ္လုံ ၏သားဟေဇကိနှင့် ဟာဒလဲ၏သား အာမသာတို့သည်လည်း တပ်မတော်၏ အပြုအမူကိုကန့်ကွက်ကြလေသည်။-
ဧ ဖ ရိမ် အ မျိုး သား တို့ အ ကြီး အ ကဲ၊ ယော ဟ နန် သား အာ ဇ ရိ၊ မေ ရှိ လ မုတ် သား ဗေ ရ ခိ၊ ရှ လ္လုံ့ သား ဟေ ဇ ကိ၊ ဟာ ဒ လဲ သား အာ မ သ တို့ သည်၊ စစ် ပြန် သူ တို့ နှင့် ဆန့် ကျင် ဘက် ပြု၍၊ သုံ့ ဘမ်း လူ များ ကို မြို့ တွင်း သို့ မ သွင်း ရ။
ထိုအခါ ဧဖရိမ်အမျိုးသားအကြီးအကဲ၊ ယောဟနန်သား အာဇရိ၊ မေရှိလေမုတ်သား ဗေရခိ၊ ရှလ္လုံသား ဟေဇကိ၊ ဟာဒလဲသား အာမသာတို့သည် စစ်တိုက်ရာမှလာသော သူတို့ကို ဆီးတား၍၊
ဒါဝိဒ်မင်းကြီးသည် အစ္စရေးအကြီးအကဲများ၊ မျိုးနွယ်စုအကြီးအကဲများ၊ မင်းမှုထမ်းတပ်ဖွဲ့အကြီးအကဲများ၊ လူတစ်ထောင်အုပ်များနှင့် လူတစ်ရာအုပ်များအားလုံး၊ ရှင်ဘုရင်နှင့်သားတော်တို့၏ဥစ္စာပစ္စည်းများ၊ တိရစ္ဆာန်များကိုကြီးကြပ်ပေးရသူများအားလုံး၊ နန်းတွင်းအကြီးအကဲများ၊ စစ်သူရဲများနှင့် ရဲစွမ်းသတ္တိရှိသူအားလုံးတို့ကို ဂျေရုဆလင်မြို့တွင် စုဝေးစေ၏။
ယခု ငါပြောသောစကားကို နားထောင်ပါလော့။ သုံ့ပန်းအဖြစ် သင်တို့ဖမ်းဆီးခေါ်ဆောင်လာသော ကိုယ့်ညီအစ်ကိုချင်းတို့ကို ပြန်လွှတ်ပေးလော့။ အကြောင်းမူကား ထာဝရဘုရားသည် သင်တို့ကို ပြင်းစွာအမျက်ထွက်လေပြီ”ဟု ဆို၏။
“စစ်သုံ့ပန်းတို့ကို ဤနေရာသို့ မခေါ်လာကြပါနှင့်။ ငါတို့သည် ထာဝရဘုရားကိုပြစ်မှား၍ ငါတို့၏အပြစ်ပေါ်အပြစ်ထပ်တင်ရန် သင်တို့ကြံရွယ်နေကြပါသည်တကား။ ငါတို့အပြစ်ကြီးမားလွန်းသောကြောင့် အစ္စရေးလူမျိုးကို အမျက်တော်ပြင်းထန်စွာထွက်လျက် ရှိ၏”ဟု ဆိုကြ၏။
ထိုအခါ နာမည်နှင့်တကွတာဝန်ရှိသူတို့သည် ထ၍ စစ်သုံ့ပန်းများကိုခေါ်ပြီး အဝတ်မရှိသူတို့အား တိုက်ရာပါပစ္စည်းများထဲမှအဝတ်များကိုဝတ်စေ၏။ အဝတ်အစားများ၊ ဖိနပ်များ၊ အစားအသောက်များ၊ လိမ်းစရာဆီများ စသည်တို့ကိုလည်းပေး၏။ အားမရှိသောသူတို့ကိုလည်း မြည်းပေါ်တင်ကာ သူတို့၏ဆွေမျိုးသားချင်းတို့ရှိရာ စွန်ပလွံမြို့ ခေါ် ဂျေရိခေါမြို့သို့ ပြန်ပို့ပြီးမှ ရှမာရိမြို့သို့ ပြန်လာကြ၏။
ဤအိမ်တော်ကို ရှိလောအရပ်ကဲ့သို့ ငါဖြစ်စေမည်။ ဤမြို့ကိုလည်း မြေကြီးပေါ်ရှိ လူမျိုးတကာတို့ ကျိန်ဆဲရာမြို့ဖြစ်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုလော့။