ထိုညမှာပင် ထာဝရဘုရား၏ကောင်းကင်တမန်သည် ထွက်လာ၍ အဆီးရီးယားတပ်စခန်းထဲတွင် စစ်သည်တစ်သိန်းရှစ်သောင်းငါးထောင်ကို သတ်လေ၏။ နံနက်စောစောထကြသောအခါ အလောင်းကောင်များကိုသာ တွေ့ရ၏။
၂ ရာချုပ် 20:24 - မြန်မာ့စံမီသမ္မာကျမ်း ယုဒလူမျိုးတို့သည် တောကန္တာရရှိ ကင်းမျှော်စင်သို့ရောက်၍ စစ်သည်ထုကြီးကို ကြည့်သောအခါ မြေပေါ်လဲကျသေဆုံးနေသောအလောင်းများကိုသာ တွေ့ရလေ၏။ လွတ်မြောက်သောသူတစ်ယောက်မျှမရှိ။ Common Language Bible ယုဒတပ်မတော်သည်သဲကန္တာရရှိကင်းမျှော် စင်သို့ရောက်သောအခါ ရန်သူတို့ဘက်သို့ကြည့် လိုက်ရာတစ်ယောက်မကျန်မြေပေါ်တွင်လဲသေ နေကြသည်ကိုမြင်ရကြ၏။ Garrad Bible ယု ဒ ရဲ မက် တို့ သည်၊ တော ရှိ မြော် စင် သို့ ရောက်၍၊ ထို အ လုံး အ ရင်း ကို ရှု ကြည့် ရာ၊ တစ် ယောက် မ ကျန်၊ မြေ ပေါ် တွင် ကျ ဆုံး သော အ လောင်း များ ကို မြင် ရ ကြ သ ဖြင့်၊ Judson Bible ယုဒလူတို့သည် တော၌ရှိသော ကင်းမျှော်စင်သို့ရောက်၍၊ ထိုအလုံးအရင်းကို ကြည့်ရှုသောအခါ၊ ထိုလူအပေါင်းတို့သည် တစ်ယောက်မျှမလွတ်၊ မြေပေါ်မှာလဲသော အသေကောင်ဖြစ်ကြ၏။ |
ထိုညမှာပင် ထာဝရဘုရား၏ကောင်းကင်တမန်သည် ထွက်လာ၍ အဆီးရီးယားတပ်စခန်းထဲတွင် စစ်သည်တစ်သိန်းရှစ်သောင်းငါးထောင်ကို သတ်လေ၏။ နံနက်စောစောထကြသောအခါ အလောင်းကောင်များကိုသာ တွေ့ရ၏။
ဘုရားသခင်အခွင့်နှင့်စစ်တိုက်သောကြောင့် ရန်သူအများအပြားကျဆုံးကြ၏။ ထို့ကြောင့် အစ္စရေးလူမျိုးတို့သည် ဖမ်းခေါ်သွားခြင်းမခံရမီအချိန်ထိ ထိုသူတို့ပြည်တွင် နေထိုင်ကြ၏။
အမ္မုန်အမျိုးသားနှင့် မောဘအမျိုးသားတို့သည် ထ၍ စိရတောင်ပေါ်သားတို့ကို အကုန်ချေမှုန်းဖျက်ဆီးကြ၏။ ထိုသို့ စိရတောင်ပေါ်သားတို့ကို အကုန်ချေမှုန်းပြီးနောက် အချင်းချင်းလည်းတိုက်ခိုက်ကြပြန်၏။
ထို့ကြောင့် ယောရှဖတ်မင်းကြီးနှင့် သူ၏လူတို့သည် တိုက်ရာပါပစ္စည်းများကို လာရောက်သိမ်းယူကြ၏။ အလောင်းများ၌ ပစ္စည်းဥစ္စာများ၊ အဖိုးတန်အသုံးအဆောင်များ အမြောက်အမြား တွေ့ရှိ၍ မိမိတို့အတွက် ချွတ်ယူကြ၏။ တိုက်ရာပါပစ္စည်း အလွန်များပြားသဖြင့် တစ်ချီတည်းမသယ်နိုင်။ သုံးရက်တိုင်တိုင် သယ်သွားကြရ၏။
အကျွန်ုပ်တို့သည် ပညတ်တော်များကို ထပ်မံချိုးဖောက်၍ စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုသောလူမျိုးနှင့် ထိမ်းမြားမည်ဆိုလျှင် အကျွန်ုပ်တို့သည် အသက်ဘေးမှမလွတ်၊ ကြွင်းကျန်သူတစ်ယောက်မျှမရှိသည့်တိုင်အောင် ကိုယ်တော်သည် အမျက်ထွက်၍ ဖျက်ဆီးတော်မူမည်မဟုတ်လော။
တိုင်းနိုင်ငံတို့ကို စစ်ကြောစီရင်လျက် အလောင်းနှင့်ပြည့်နှက်စေကာ ကမ္ဘာမြေတစ်ဝန်းလုံးရှိခေါင်းဆောင်များကို ချေမှုန်းတော်မူလိမ့်မည်။
အစ္စရေးအမျိုးသားတို့နောက်မှ ပင်လယ်ထဲသို့လိုက်ဝင်ကြသော စစ်ရထားများနှင့်မြင်းစီးသူရဲများ စသည့် ဖာရောမင်းကြီး၏စစ်တပ်တစ်တပ်လုံးအပေါ်သို့ ရေပြန်စီးလာပြီး သူတို့ကို ဖုံးလွှမ်းသဖြင့် တစ်စုံတစ်ယောက်မျှ မကျန်ရစ်ပေ။
ဤသို့ဖြင့် ထာဝရဘုရားသည် ထိုနေ့၌ အစ္စရေးလူမျိုးတို့ကို အီဂျစ်လူမျိုးတို့လက်မှ ကယ်တင်တော်မူ၏။ အီဂျစ်လူမျိုးတို့မူကား ပင်လယ်ကမ်းစပ်၌ အတုံးအရုံးလဲသေနေသည်ကို အစ္စရေးလူမျိုးတို့ တွေ့မြင်ရလေ၏။
ထာဝရဘုရား၏ကောင်းကင်တမန်သည် ထွက်လာ၍ အဆီးရီးယားတပ်စခန်းထဲတွင် စစ်သည်တစ်သိန်းရှစ်သောင်းငါးထောင်ကို သတ်လေ၏။ နံနက်စောစောထကြသောအခါ အလောင်းကောင်များသာ တွေ့ရ၏။
‘သူတို့သည် ခါလဒဲတပ်နှင့်တိုက်ခိုက်ရန်သွားကြသော်လည်း သူတို့၏မကောင်းမှုများကြောင့် ဤမြို့ကို ငါမျက်နှာလွှဲပြီဖြစ်၍ မြို့ထဲ၌ ငါ့အမျက်ဒေါသဖြင့်ကွပ်မျက်သော အလောင်းကောင်တို့နှင့်သာ ပြည့်လိမ့်မည်။