ခေနာနာ၏သားဇေဒကိသည် သံဦးချိုများကို ပြုလုပ်ပြီး အာဟပ်မင်းကြီးအား “ ‘မင်းကြီးသည် ဤသံဦးချိုများဖြင့် ဆီးရီးယားလူမျိုးတို့ ပျက်စီးကုန်သည့်တိုင်အောင် ဝှေ့ယမ်းတိုက်ခိုက်ရလိမ့်မည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု ဆင့်ဆို၏။
၂ ရာချုပ် 18:9 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးဘုရင်နှင့် ယုဒဘုရင်ယောရှဖတ်မင်းကြီးတို့သည် မင်းဝတ်တန်ဆာဝတ်ဆင်လျက် ရှမာရိမြို့တံခါးနားရှိ ကောက်နယ်တလင်း၌ အသီးသီးပလ္လင်ပေါ်တွင် စံမြန်းနေကြ၏။ ပရောဖက်အပေါင်းတို့သည်လည်း သူတို့ရှေ့တွင် ပရောဖက်ပြုနေကြ၏။ Common Language Bible ဘုရင်နှစ်ပါးတို့သည်မင်းမြောက်တန်ဆာများ ကိုဝတ်ဆင်ကာရှမာရိမြို့၊ မြို့တံခါးပြင် ကောက်နယ်တလင်း၌ရာဇပလ္လင်များပေါ် တွင်ထိုင်လျက်နေကြ၏။ သူတို့၏ရှေ့၌ ပရောဖက်အပေါင်းသည်ဟောလျက်နေ ကြ၏။- Garrad Bible ထို အ ခါ၊ ယု ဒ ဘု ရင် ယော ရှ ဖတ် မင်း နှင့်၊ ဣ သ ရေ လ ဘု ရင် တို့ သည်၊ ရှ မာ ရိ မြို့ တံ ခါး ရှေ့ တ လင်း ပြင် ၌၊ ကိုယ် စီ ရာ ဇ ပလ္လင် ထက်၊ မင်း မြောက် တန် ဆာ ဆင် ယင် စံ နေ ကြ စဉ်၊ ရှေ့ တော် တွင် ပ ရော ဖက် အ ပေါင်း တို့ ဟော ပြော ကြ ရာ၊ Judson Bible ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယောရှဖတ်တို့သည် မင်းမြောက်တန်ဆာကို ဝတ်ဆင်လျက်၊ ရှမာရိမြို့တံခါးဝရှေ့၊ ဟင်းလင်းသောအရပ်၌ ရာဇပလ္လင်တို့အပေါ်မှာ ထိုင်၍၊ ပရောဖက်အပေါင်းတို့သည် ရှေ့တော်၌ ဟောပြောကြ၏။ |
ခေနာနာ၏သားဇေဒကိသည် သံဦးချိုများကို ပြုလုပ်ပြီး အာဟပ်မင်းကြီးအား “ ‘မင်းကြီးသည် ဤသံဦးချိုများဖြင့် ဆီးရီးယားလူမျိုးတို့ ပျက်စီးကုန်သည့်တိုင်အောင် ဝှေ့ယမ်းတိုက်ခိုက်ရလိမ့်မည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု ဆင့်ဆို၏။
အစ္စရေးဘုရင်က ယောရှဖတ်မင်းကြီးအား “ငါသည် ရုပ်ဖျက်ပြီး တိုက်ပွဲဝင်မည်။ သင်မူကား သင်၏မင်းဝတ်တန်ဆာတို့ကို ဝတ်ဆင်ပါလော့”ဟု ဆိုပြီး အစ္စရေးဘုရင်သည် ရုပ်ဖျက်၍ စစ်ပွဲထဲသို့ဝင်လေ၏။
ထိုအခါ အစ္စရေးဘုရင်သည် မှူးမတ်တစ်ဦးကို ခေါ်ပြီး “ဣမလ၏သားမိက္ခာယကို အမြန်ခေါ်ခဲ့ပါ”ဟု မိန့်ဆို၏။
သင်ရောက်လာမည်ဖြစ်၍ အောက်အရပ်ရှိမရဏာနိုင်ငံသည် စိတ်လှုပ်ရှားစွာဖြင့်ကြိုဆိုနေ၏။ သေလွန်ပြီးသော ကမ္ဘာမြေကြီး၏ခေါင်းဆောင်အပေါင်းတို့ကို လှုံ့ဆော်၏။ တိုင်းနိုင်ငံတို့၏ရှင်ဘုရင်အပေါင်းတို့ကို ရာဇပလ္လင်မှထစေ၏။
ထိုအခါ ပင်လယ်မင်းအပေါင်းတို့သည် ရာဇပလ္လင်ပေါ်မှဆင်း၍ ဝတ်လုံများ၊ ပိုးဖဲကတ္တီပါအဝတ်များကို ချွတ်ပစ်ကြလိမ့်မည်။ ကြောက်ရွံ့ခြင်းတန်ဆာကို ဝတ်ဆင်ကြလိမ့်မည်။ မြေပေါ်မှာထိုင်လျက်၊ တုန်လှုပ်လျက် သင့်ကို အံ့ဩကြလိမ့်မည်။
ငါကြည့်လျက်နေစဉ် ပလ္လင်များကိုခင်းကျင်း၍ သက်တော်ကြီးရင့်သောအရှင် ထိုင်တော်မူ၏။ အဝတ်တော်သည် နှင်းပွင့်ကဲ့သို့ဖြူ၏။ ဦးခေါင်းတော်မှဆံပင်သည်လည်း သိုးမွေးကဲ့သို့ ဖြူ၏။ ပလ္လင်တော်သည် မီးလျှံ၊ ဘီးတော်တို့သည် မီးတောက် ဖြစ်၏။
သို့မဟုတ်လျှင် မည်သည့်အရာကိုကြည့်ရှုရန် ထွက်သွားကြသနည်း။ နူးညံ့သောအဝတ်များဝတ်ဆင်ထားသောသူကိုလော။ နူးညံ့သောအဝတ်များဝတ်ဆင်ထားသောသူတို့သည် ဘုရင့်နန်းတော်များ၌ရှိကြ၏။
ယေရှုကလည်း“သင်တို့အား ငါအမှန်ဆိုသည်ကား အလုံးစုံတို့ကိုအသစ်ပြုပြင်သောကာလ၌ လူ့သားသည် မိမိ၏ဘုန်းအသရေနှင့်ပြည့်စုံသောပလ္လင်ပေါ်တွင်ထိုင်သောအခါ ငါ့နောက်သို့လိုက်သောသင်တို့သည်လည်း ပလ္လင်တစ်ဆယ့်နှစ်ခုပေါ်ထိုင်လျက် အစ္စရေးမျိုးနွယ်စုတစ်ဆယ့်နှစ်စုကို တရားစီရင်ရကြလိမ့်မည်။
သို့သော် သင်တို့အား ငါဆိုသည်ကား မိမိ၏ဘုန်းအသရေဖြင့်ပြည့်ဝလျက်ရှိသော ရှောလမုန်ပင်လျှင် ဤနှင်းပန်းတစ်ပွင့်ကဲ့သို့ မဆင်မြန်းခဲ့ရပေ။
ဗောဇသည် မြို့တံခါးဝသို့သွား၍ထိုင်နေစဉ် သူပြောခဲ့ဖူးသည့် ရွေးနုတ်ခွင့်ရှိသူ ဖြတ်လာသည်ကိုမြင်၏။ ထိုအခါ ဗောဇက“မိတ်ဆွေ၊ လာထိုင်ပါဦး”ဟု ဖိတ်ခေါ်သဖြင့် ထိုသူလည်း လာထိုင်လေ၏။