Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 18:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ခေနာနာ​၏​သား​ဇေဒကိ​သည် သံ​ဦးချို​များ​ကို ပြုလုပ်​ပြီး အာဟပ်​မင်းကြီး​အား “ ‘​မင်းကြီး​သည် ဤ​သံ​ဦးချို​များ​ဖြင့် ဆီးရီးယား​လူမျိုး​တို့ ပျက်စီး​ကုန်​သည့်​တိုင်အောင် ဝှေ့ယမ်း​တိုက်ခိုက်​ရ​လိမ့်မည်​’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​သူ၊ ခေ​နာ​နာ​၏​သား ဇေ​ဒ​ကိ​သည်​သံ​ဦး​ချို​များ​ကို​ပြု​လုပ်​ပြီး လျှင်​အာ​ဟပ်​အား``ထာ​ဝရ​ဘု​ရား​က`သင်​သည် ဤ​ဦး​ချို​များ​ဖြင့်​ရှု​ရိ​တပ်​အား​ချေ​မှုန်း လိမ့်​မည်' ဟု​မိန့်​တော်​မူ​ပါ​သည်'' ဟု​လျှောက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ခေ နာ နာ့ သား ဇေ ဒ ကိ သည်၊ လုပ် ခဲ့ သော သံ ဦး ချို တစ် စုံ ကို ယူ ဆောင် လျက်၊ ရှု ရိ တပ် မ ပျက် မ ချင်း၊ ဤ ဦး ချို ဖြင့် ခတ် ဝှေ့ တော် မူ ရ မည် ဟူ ၍၊ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် ရှိ သည် ဟု ဆို သည့် ပြင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ခေ​နာ​နာ​သား​ဇေ​ဒ​ကိ​သည် သံ​ဦး​ချို​တို့​ကို​လုပ်၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကိုယ်​တော်​သည် ရှု​ရိ​ပြည်​ကို မ​ဖျက်​ဆီး​မီ​တိုင်​အောင်၊ ဤ​ဦး​ချို​တို့​နှင့် တိုး​ရ​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 18:10
15 ပူးပေါင်းရင်းမြစ်များ  

ခေနာနာ​၏​သား​ဇေဒကိ​သည် သံ​ဦးချို​များ​ကို​ပြုလုပ်​ပြီး အာဟပ်​မင်းကြီး​အား “ ‘​မင်းကြီး​သည် ဤ​သံ​ဦးချို​များ​ဖြင့် ဆီးရီးယား​လူမျိုး​တို့ ပျက်စီး​ကုန်​သည့်​တိုင်အောင် ဝှေ့ယမ်း​တိုက်ခိုက်​ရ​လိမ့်မည်’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု ဆင့်ဆို​၏​။


ထို့အတူ ပရောဖက်​အပေါင်း​တို့​က​လည်း “​ရာမုတ်ဂိလဒ်​မြို့​သို့ ချီတက်​လော့​။ အောင်မြင်မှု​ရ​မည်​။ ထာဝရဘုရား​သည် ထို​မြို့​ကို​မင်းကြီး​လက်​သို့ အပ်​တော်မူ​မည်​”​ဟု ပရောဖက်ပြု​ကြ​၏​။


အစ္စရေး​ဘုရင်​နှင့် ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​တို့​သည် မင်းဝတ်တန်ဆာ​ဝတ်ဆင်​လျက် ရှမာရိ​မြို့​တံခါး​နားရှိ ကောက်နယ်တလင်း​၌ အသီးသီး​ပလ္လင်​ပေါ်တွင် စံမြန်း​နေ​ကြ​၏​။ ပရောဖက်​အပေါင်း​တို့​သည်​လည်း သူ​တို့​ရှေ့​တွင် ပရောဖက်ပြု​နေ​ကြ​၏​။


ထို​ပရောဖက်​တို့​က ငါ့​ကို မထီလေးစား​ပြု​သူ​တို့​အား ‘​ထာဝရဘုရား​က သင်​တို့​၌ ငြိမ်သက်​ခြင်း​ရှိ​မည်​ဟူ၍ မိန့်​တော်မူ​သည်​’​ဟု အထပ်ထပ်​ဟော​တတ်​ကြ​၏​။ စိတ်သဘော​မာကျော​သော​သူ​အားလုံး​အား ‘​သင်​တို့ ဘေးအန္တရာယ်​နှင့် ကြုံ​ရ​မည်​မ​ဟုတ်​’​ဟူ၍ ဟော​တတ်​ကြ​သည်​”​ဟု မိန့်​တော်မူ​၏​။


“​ထို​ပရောဖက်​တို့​ကို ငါ​မ​စေလွှတ်​သော်လည်း သူ​တို့​အပြေးအလွှား​သွား​ကြ​ပြီ​။ ငါ​မ​မိန့်မှာ​သော်လည်း သူ​တို့​သဘော​နှင့်​သူ​တို့ ဟောပြော​ကြ​ပြီ​။


“ငါ့​နာမ​ဖြင့် မဟုတ်မမှန် ပရောဖက်ပြု​ဟောပြော​သော ပရောဖက်​တို့​က ‘​ငါ​အိပ်မက်​ရ​ပြီ​၊ ငါ​အိပ်မက်​ရ​ပြီ​’​ဟု ပြောဆို​သည်​ကို ငါ​ကြား​ရ​ပြီ​။


“​ကြည့်ရှု​လော့​။ ကိုယ်​အလိုအလျောက်​ဟောပြော​ပြီးမှ ‘​ထာဝရဘုရား​မိန့်​တော်မူ​၏​’​ဟု ဆို​တတ်​သော​ပရောဖက်​တို့​ကို ငါ​စီရင်​မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ထာဝရဘုရား​က “​ကြိုး​များ​၊ ထမ်းပိုး​များ​ကို​ပြုလုပ်​ပြီး သင်​၏​ပခုံး​ပေါ် တင်​လော့​။


အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က သင်​တို့​အား ငါ့​နာမ​ဖြင့် မဟုတ်မမှန်​ပရောဖက်ပြု​ဟောပြော​သော ကောလာယ​၏​သား အာဟပ်​နှင့် မာသေယ​၏​သား​ဇေဒကိ​တို့​ကို ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​လက်​ထဲသို့ ငါ​အပ်​လိုက်​မည်​။ ထို​ဘုရင်​သည် သူ​တို့​ကို သင်​တို့​မျက်စိ​ရှေ့​၌​ပင် ကွပ်မျက်​လိမ့်မည်​။


ငါ​မ​မိန့်မှာ​သော်လည်း ထာဝရဘုရား မိန့်​တော်မူ​သည်​ဟု သင်​တို့​ဆို​လျက် မဟုတ်မမှန်​သော​စိတ်အာရုံ​ကို​မြင်​၍ လိမ်လည်​ပြောဆို​ကြ​ပြီ​မ​ဟုတ်​လော’​ဟု မိန့်​တော်မူ​၏​။


ပရောဖက်​တို့​သည် ထုံးဖြူ​သုတ်​သော​သူ​များ ဖြစ်​ကြ​၏​။ စိတ်အာရုံ​ထဲ၌ အချည်းနှီး​သော​အရာ​ကို​မြင်​၍ ဂမ္ဘီရအတတ်​ဖြင့် လိမ်လည်​ဟောပြော​ကြ​၏​။ ထာဝရဘုရား မိန့်​တော်​မ​မူ​ဘဲ ‘​ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​ပြီ​’​ဟု ဆို​ကြ​၏​။


ယန္နေ​နှင့်​ယံဗြေ​တို့​သည် မောရှေ​ကို​ဆန့်ကျင်​ခဲ့​သည့်​နည်းတူ ထို​သူ​တို့​သည်​လည်း သမ္မာတရား​ကို​ဆန့်ကျင်​ကြ​၏။ သူ​တို့​သည် စိတ်နှလုံး​ပျက်စီး​ယိုယွင်း​လျက် ယုံကြည်​ခြင်း​အရာ​၌ ကျရှုံး​သော​သူ​များ​ဖြစ်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ