အကြောင်းမူကား ငါတို့သည် သခင်ဘုရားရှေ့တော်၌သာမက လူတို့ရှေ့၌လည်း တင့်တယ်လျောက်ပတ်သောအမှုကို ပြုမူကျင့်ကြံကြ၏။
၂ ကော 8:22 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့နှင့်အတူ ငါတို့၏အခြားညီအစ်ကိုတစ်ဦးကိုလည်း စေလွှတ်လိုက်ပါ၏။ ငါတို့သည် သူ့ကို အကြိမ်ကြိမ်စစ်ဆေးပြီး သူသည် အကြောင်းကိစ္စများစွာတို့၌ စိတ်အားထက်သန်သူဖြစ်ကြောင်း တွေ့ရှိရ၏။ သူသည် သင်တို့အပေါ် ယုံကြည်စိတ်ချမှုအပြည့်အဝရှိသောကြောင့် ယခု ပို၍ပင်စိတ်အားထက်သန်လျက်ရှိ၏။ Common Language Bible သို့ဖြစ်၍ငါတို့သည်ထိုသူနှစ်ယောက်တို့နှင့် အတူ အခြားညီအစ်ကိုတစ်ယောက်ကိုလည်း စေလွှတ်လိုက်ကြသည်။ ထိုသူအားငါတို့အကြိမ် ကြိမ်အကဲခတ်ကြည့်ရာ သူသည်အစဉ်ကူညီ မစတတ်သူဖြစ်ကြောင်းတွေ့ရှိရပေသည်။ သူ သည်သင်တို့အပေါ်တွင်များစွာအယုံအကြည် ရှိသဖြင့် သူ၏စိတ်စေတနာသည်ပို၍ပင် ထက်သန်နေပေသည်။- Garrad Bible ထို သူ တို့ နှင့် တ ကွ အ ရာ ရာ တွင် အ ကြိမ် ကြိမ် ငါ တို့ ရှေ့ စိတ် အား ကြီး ခြင်း လ က္ခ ဏာ ပြ သည့် ပြင် သင် တို့ နှင့် စပ်၍ လုံး လုံး စိတ် ချ သည့် အ လျောက် ယ ခု အ ကြိမ် အ ထူး စိတ် အား ကြီး သော ညီ အစ် ကို ကို လည်း ငါ တို့ လွှတ် လိုက် ကြ ၏။ Judson Bible ထိုသူနှစ်ယောက်နှင့်အတူ အခြားသောညီကိုလည်း စေလွှတ်ကြ၏။ ထိုညီမူကား၊ ငါတို့သည်အရာရာ၌ အဖန်ဖန်စုံစမ်း၍ သိသည့်အတိုင်း လုံ့လပြုသောသူဖြစ်၏။ ယခု၌ သင်တို့ကို အလွန်ယုံသောကြောင့် သာ၍လုံ့လပြု၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့နှစ်ယောက်နှင့်အတူ နောက်ထပ်ညီအစ်ကိုတစ်ဦးကိုလည်း ကျွန်ုပ်တို့စေလွှတ်လိုက်၏။ ထိုသူအား အကြိမ်ကြိမ် စိစစ်ကြည့်ရာ သူသည် ကူညီရန် အစဉ်စိတ်အားထက်သန်ကြောင်း ကျွန်ုပ်တို့တွေ့ရှိရ၏။ သူသည် သင်တို့အပေါ် ယုံကြည်မှုရှိသောကြောင့် ယခု ပို၍ပင် စေတနာစိတ်အားထက်သန်လျက်ရှိ၏။ |
အကြောင်းမူကား ငါတို့သည် သခင်ဘုရားရှေ့တော်၌သာမက လူတို့ရှေ့၌လည်း တင့်တယ်လျောက်ပတ်သောအမှုကို ပြုမူကျင့်ကြံကြ၏။
တိတုနှင့်ပတ်သက်၍ပြောရလျှင် သူသည် ငါ၏အပေါင်းအဖော်ဖြစ်ပြီး သင်တို့အတွက် ငါနှင့်အတူလုပ်ဆောင်သောသူဖြစ်၏။ ငါတို့၏အခြားညီအစ်ကိုတို့နှင့်ပတ်သက်၍ပြောရလျှင် သူတို့သည် ခရစ်တော်၏ဘုန်းအသရေတည်းဟူသော အသင်းတော်များ၏စေတမန်ဖြစ်ကြ၏။