အမှန်စင်စစ် အကျွန်ုပ်သည် အကျွန်ုပ်၏ဒုစရိုက်ကို ဖော်ပြဝန်ခံပါ၏။ အကျွန်ုပ်၏အပြစ်ကြောင့် စိုးရိမ်ပူပန်ပါ၏။
၂ ကော 7:9 - မြန်မာ့စံမီသမ္မာကျမ်း ယခု ငါဝမ်းမြောက်လျက်ရှိ၏။ ထိုသို့ဆိုသော် သင်တို့ကိုဝမ်းနည်းစေခဲ့သောကြောင့် ငါဝမ်းမြောက်သည်မဟုတ်။ သင်တို့၏ဝမ်းနည်းခြင်းသည် သင်တို့ကို နောင်တရစေသောကြောင့်သာဖြစ်၏။ အမှန်စင်စစ် သင်တို့သည် ဘုရားသခင်၏အလိုတော်နှင့်အညီ ဝမ်းနည်းကြရသည်ဖြစ်၍ ငါတို့ကြောင့် မည်သည့်ဆုံးရှုံးမှုကိုမျှ မခံစားရချေ။ Common Language Bible ယခုဝမ်းမြောက်၏။ သင်တို့အားစိတ်မချမ်း မသာအောင်ပြုခဲ့သည့်အတွက်ကြောင့်မဟုတ်။ စိတ်မချမ်းမသာမှုကသင်တို့အားနောင်တ တရားရစေသည့်အတွက်ကြောင့်ဝမ်းမြောက် ရခြင်းဖြစ်ပေသည်။ ဘုရားသခင်သည်ထို စိတ်မချမ်းမသာမှုကိုအသုံးပြုတော်မူ သည်ဖြစ်ရာငါတို့သည်သင်တို့ကိုအဘယ် သို့မျှမနစ်နာစေခဲ့။- Garrad Bible ယ ခု မှာ သင် တို့ ကို ပူ ပန် စေ ရ သော ကြောင့် မ ဟုတ်။ နောင် တ ရ ခြင်း အ လို့ ငှာ ပူ ပန် ကြ သည့် အ တွက် နှ မြော ခြင်း ကင်း လျက် ရွှင် လန်း၏။ သင် တို့ သည် ငါ တို့ ကြောင့် မည် သည့် ဆုံး ရှုံး ခြင်း ကို မျှ မ ခံ စေ ရန် ဘု ရား သ ခင့် နည်း လမ်း တော် အ တိုင်း ပူ ပန် ရ ကြ၏။ Judson Bible သင်တို့ကို ဝမ်းနည်းစေသောကြောင့် ငါဝမ်းမြောက်သည် မဟုတ်။ ဝမ်းနည်းစေ၍ နောင်တရသောကြောင့် ငါဝမ်းမြောက်ခြင်းရှိ၏။ ငါတို့အားဖြင့် သင်တို့၏အကျိုး အလျှင်းမပျက်ရမည်အကြောင်း၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ ဝမ်းနည်းစေကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခု ကျွန်ုပ်ဝမ်းမြောက်၏။ သင်တို့ဝမ်းနည်းခဲ့ရသည့်အတွက်မဟုတ်။ သင်တို့၏ ဝမ်းနည်းခြင်းသည် သင်တို့ကို နောင်တရစေသောကြောင့် ဝမ်းမြောက်ခြင်းဖြစ်၏။ သင်တို့သည် ဘုရားသခင်၏ အလိုတော်နှင့်အညီ ဝမ်းနည်းကြရသည်ဖြစ်၍ ကျွန်ုပ်တို့ကြောင့် နာကျင်ရသည်ဟူ၍ မရှိခဲ့ပေ။ |
အမှန်စင်စစ် အကျွန်ုပ်သည် အကျွန်ုပ်၏ဒုစရိုက်ကို ဖော်ပြဝန်ခံပါ၏။ အကျွန်ုပ်၏အပြစ်ကြောင့် စိုးရိမ်ပူပန်ပါ၏။
ပူဆွေးခြင်းသည် ရယ်မောခြင်းထက်ပို၍ကောင်း၏။ အကြောင်းမူကား မျက်နှာညှိုးငယ်သောအားဖြင့် စိတ်နှလုံးကောင်းလာတတ်၏။
ငါသည် ဒါဝိဒ်အမျိုးအနွယ်မှစ၍ ဂျေရုဆလင်မြို့သူမြို့သားတို့အား သနားကြင်နာတတ်သောစိတ်သဘော၊ ဆုတောင်းပတ္ထနာပြုတတ်သောစိတ်သဘောကို သွန်းလောင်းပေးမည်။ သူတို့သည် မိမိတို့ထိုးဖောက်ခဲ့သောငါ့ကို မြင်ရသောအခါ တစ်ဦးတည်းသောသားအတွက် မြည်တမ်းသကဲ့သို့ မြည်တမ်းရလိမ့်မည်၊ သားဦးအတွက် ခါးသီးစွာခံစားရသကဲ့သို့ ခါးသီးစွာခံစားရလိမ့်မည်။
ထိုနည်းတူ နောင်တရသောအပြစ်သားတစ်ဦးအတွက် ဘုရားသခင်၏ကောင်းကင်တမန်များထဲတွင်ဝမ်းမြောက်ခြင်းရှိ၏ဟု သင်တို့အား ငါဆို၏”ဟူ၍ မိန့်တော်မူ၏။
သို့သော် သင်၏ညီသည် သေဆုံးခဲ့သော်လည်း အသက်ပြန်ရှင်ပြီး ပျောက်ဆုံးခဲ့သော်လည်း ပြန်တွေ့ရသည်ဖြစ်၍ ယခုဝမ်းမြောက်ပျော်ရွှင်သင့်၏’ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။
ထိုနည်းတူ နောင်တရစရာမလိုသည့် ဖြောင့်မတ်သောသူကိုးဆယ့်ကိုးဦးအတွက်ထက် နောင်တရသည့်အပြစ်သားတစ်ဦးအတွက် ကောင်းကင်ဘုံ၌ ပို၍ကြီးမားသောဝမ်းမြောက်ခြင်းရှိလိမ့်မည်ဟု သင်တို့အားငါဆို၏။
ဘုရားသခင်ရှေ့တော်၌နောင်တရခြင်း၊ ငါတို့၏သခင်ယေရှုကိုယုံကြည်ခြင်းအကြောင်းတို့ကို ဂျူးလူမျိုးနှင့်ဂရိလူမျိုး နှစ်မျိုးစလုံးတို့အား သက်သေခံခဲ့၏။
ငါတို့၏ဝါကြွားစရာအကြောင်းမှာ ဤသို့ဖြစ်၏။ ငါတို့သည် လောက၌၊ အထူးသဖြင့် သင်တို့ရှေ့မှောက်၌ လောကီဉာဏ်ပညာကိုအမှီမပြုဘဲ ဘုရားသခင်၏ကျေးဇူးတော်ကိုသာ အမှီပြုလျက် ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် အသက်ရှင်နေထိုင်ခဲ့ကြောင်း ငါတို့၏အသိစိတ်သည် သက်သေခံ၏။
အချို့သောသူတို့အတွက် သေခြင်းသို့ပို့ဆောင်သည့် သေခြင်း၏ရနံ့ဖြစ်ကြပြီး အချို့သောသူတို့အတွက်ကား အသက်ရှင်ခြင်းသို့ပို့ဆောင်သည့် အသက်ရှင်ခြင်း၏ရနံ့ဖြစ်ကြ၏။ သို့ဖြစ်လျှင် ဤအမှုအရာများနှင့် မည်သူသည် ထိုက်တန်သနည်း။
ငါရေးလိုက်သောစာအားဖြင့် သင်တို့ကို ဝမ်းနည်းစေခဲ့သော်လည်း ငါသည် စိတ်မကောင်းမဖြစ်ပေ။ ထိုစာသည် သင်တို့ကို ခေတ္တခဏဝမ်းနည်းစေခဲ့သည်ကို ငါမြင်၍ စိတ်မကောင်းဖြစ်ခဲ့လျှင်ပင်