အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ရာ 14:42 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ရှောလု​မင်းကြီး​က “​ငါ​နှင့်​ငါ့​သား​ယောနသန်​ကို မဲချ​ပေး​လော့​”​ဟု ဆို​သဖြင့် မဲချ​သောအခါ ယောနသန်​၌ မဲကျ​လေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​အ​ခါ​ရှော​လု​က``ငါ့​သား​ယော​န​သန်​နှင့် ငါ့​အား​မဲ​ချ​ဦး​လော့'' ဟု​ဆို​လျှင်​ယော​န သန်​မဲ​ကျ​လေ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ရှော လု မင်း က၊ ငါ တစ် ဘက်၊ သား တော် ယော န သန် တစ် ဘက်၊ မဲ ချ ဦး လော့ ဟု မိန့် ဆို သည့် အ တိုင်း

အခန်းကိုကြည့်ပါ။

Judson Bible

ရှော​လု​က​လည်း၊ ငါ​နှင့်​ငါ့​သား ယော​န​သန်​အ​ဖို့ စာ​ရေး​တံ​ပြု​လော့​ဟု ဆို​သ​ဖြင့်၊ ယော​န​သန်​ကို မှတ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။



၁ ရာ 14:42
6 ပူးပေါင်းရင်းမြစ်များ  

မဲ​ကို ပေါင်ခွင်​၌​ချ​တတ်​ကြ​၏​။ သို့သော် စီရင်ဆုံးဖြတ်ချက်​အားလုံး​သည် ထာဝရဘုရား​ထံ​တော်​မှ​လာ​၏​။


မဲချခြင်း​သည် ငြင်းခုံ​ရန်တွေ့​ခြင်း​ကို​အဆုံးသတ်​စေ​၍ အင်အားကြီး​သော​သူ​တို့​အကြား ဖျန်ဖြေ​ပေး​တတ်​၏​။


ထို့နောက် သူ​တို့​က “​မည်သူ့​ကြောင့် ငါ​တို့​အပေါ် ဤ​ဘေးဆိုး​ကျရောက်​သည်​ကို​သိရှိ​နိုင်​ရန် လာ​ကြ​၊ မဲ​ချ​ကြ​စို့​”​ဟု အချင်းချင်း​ပြောဆို​ပြီး မဲ​ချ​ကြ​ရာ ယောန​၌​မဲ​ကျ​လေ​၏​။


ဇာဗဒိ​အိမ်ထောင်စု​ကို တစ်ယောက်ချင်းစီ ချဉ်းကပ်​စေ​ရာ ယုဒ​အမျိုးအနွယ်​ထဲမှ ဇေရ​၏​မြစ်​၊ ဇာဗဒိ​၏​မြေး​၊ ကာမိ​၏​သား အာခန်​သည် ရွေးထုတ်​ခံရ​၏​။


ထို့နောက် ရှောလု​မင်းကြီး​က အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ထံ “​အမှန်​ကို​သိ​စေ​တော်မူ​ပါ​”​ဟု ဆုတောင်း​ပြီး မဲချ​ရာ ရှောလု​နှင့်​ယောနသန်​၌​မဲကျ​သဖြင့် အခြား​သော​သူ​တို့ လွတ်သွား​ကြ​၏​။


ထိုအခါ ရှောလု​မင်းကြီး​က ယောနသန်​အား “​သင်​မည်သို့​ပြု​မိ​သနည်း​။ ငါ့​အား​ပြောပြ​လော့​”​ဟု ဆို​သော် ယောနသန်​က “​စင်စစ် အကျွန်ုပ်​ကိုင်​ထား​သော​တောင်ဝှေး​အဖျား​ဖြင့် ပျားရည်​အနည်းငယ်​ကို ယူ​၍​စား​မိ​ပါ​ပြီ​။ ထို့ကြောင့် ယခု အကျွန်ုပ်​ကို​သေဒဏ်​ပေး​ပါ​”​ဟု ဆို​၏​။