ငါသည် အမျက်ထွက်၍ ရှင်ဘုရင်တစ်ပါးကို သင့်အား ပေးခဲ့၏။ အမျက်ထွက်၍ပင် သူ့ကို ဖယ်ရှားခဲ့၏။
၁ ရာ 12:1 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ရှမွေလက အစ္စရေးလူမျိုးအပေါင်းတို့အား “ကြည့်ရှုလော့။ သင်တို့စကား၊ သင်တို့ပြောသမျှကို ငါနားထောင်ပြီး သင်တို့ကို အုပ်စိုးမည့် ရှင်ဘုရင်ကို ငါတင်မြှောက်ပေးခဲ့ပြီ။ Common Language Bible ထိုနောက်ရှမွေလသည် ဣသရေလအမျိုး သားတို့အား``ငါသည်သင်တို့တောင်းဆို သည့်အတိုင်းသင်တို့အားဘုရင်ကိုခန့် အပ်ပေးသဖြင့်၊- Garrad Bible ထို အ ခါ ရှ မွေ လ က ငါ သည် သင် တို့ တောင်း လျှောက် ရာ လိုက် နာ၍ ဘု ရင် မင်း ကို တင် မြှောက် လေ ပြီ။ Judson Bible ရှမွေလကလည်း၊ သင်တို့ပြောသမျှသောစကားကို ငါနားထောင်၍၊ သင်တို့အပေါ်မှာ ရှင်ဘုရင်ကို ငါချီးမြှောက်လေပြီ။ |
ငါသည် အမျက်ထွက်၍ ရှင်ဘုရင်တစ်ပါးကို သင့်အား ပေးခဲ့၏။ အမျက်ထွက်၍ပင် သူ့ကို ဖယ်ရှားခဲ့၏။
ရှမွေလသည် ဆီဘူးကိုယူ၍ ရှောလု၏ခေါင်းပေါ်သွန်းလောင်းပြီးလျှင် သူ့ကိုနမ်းလျက် “အကယ်စင်စစ် ထာဝရဘုရားသည် မိမိ၏အမွေတော်ကို အုပ်ချုပ်သူမင်းအဖြစ် သင့်အား ဘိသိက်ပေးတော်မူပြီ။
ရှမွေလက လူအပေါင်းတို့အား “ထာဝရဘုရားရွေးကောက်တော်မူသောသူကို ကြည့်ကြပါလော့။ လူအပေါင်းတို့တွင် သူနှင့်တူသောသူတစ်ယောက်မျှမရှိ”ဟု ဆိုလျှင် လူအပေါင်းတို့က “အရှင်မင်းကြီး သက်တော်ရှည်ပါစေ”ဟု ကြွေးကြော်ကြလေ၏။
ယခု သူတို့စကားကို နားထောင်လော့။ သို့သော် သူတို့ကို အုပ်စိုးမည့်ရှင်ဘုရင်သည် သူတို့အပေါ် မည်သို့စီရင်အုပ်ချုပ်မည်ကို သူတို့အား ကြပ်ကြပ်သတိပေးပြောပြလော့”ဟု မိန့်တော်မူ၏။