ခင်ပွန်းကလည်း “ယနေ့သည် လဆန်းနေ့လည်းမဟုတ်။ ဥပုသ်နေ့လည်း မဟုတ်။ အဘယ်ကြောင့် ယနေ့ သွားလိုသနည်း”ဟု ဆိုလျှင် သူ့မိန်းမက “အဆင်ပြေပါလိမ့်မည်”ဟု ပြန်ပြော၏။
၁ ရာချုပ် 23:31 - မြန်မာ့စံမီသမ္မာကျမ်း ဥပုသ်နေ့၊ လဆန်းနေ့၊ သတ်မှတ်ထားသောပွဲတော်နေ့များတွင် ထာဝရဘုရားထံ ပူဇော်ရမည့်မီးရှို့ရာယဇ်အားလုံးကို စီရင်ထုံးဖွဲ့ထားသောအရေအတွက်နှင့်အညီ ထာဝရဘုရားရှေ့တော်၌ ပုံမှန်ပူဇော်ရ၏။ Garrad Bible ဥ ပုသ် နေ့၊ လ ဆန်း နေ့၊ ပြု မြဲ ပွဲ နေ့ များ၌ ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် ဆုံး ဖြတ် ချက် အ ရ မီး ရှို့ ရာ သ က္ကာ များ ကို ရေ တွက် လျက် ပြင် ဆင် ခြင်း၊ Judson Bible ပညတ်တရားတော်အတိုင်း ဥပုသ်နေ့၊ လဆန်းနေ့၊ ဓမ္မပွဲနေ့၊ အစဉ်မပြတ်ထာဝရဘုရားရှေ့တော်၌ မီးရှို့ရာယဇ်မျိုးတို့ကို ပူဇော်ရကြမည်။ |
ခင်ပွန်းကလည်း “ယနေ့သည် လဆန်းနေ့လည်းမဟုတ်။ ဥပုသ်နေ့လည်း မဟုတ်။ အဘယ်ကြောင့် ယနေ့ သွားလိုသနည်း”ဟု ဆိုလျှင် သူ့မိန်းမက “အဆင်ပြေပါလိမ့်မည်”ဟု ပြန်ပြော၏။
နံနက်တိုင်း ထာဝရဘုရား၏ကျေးဇူးတော်ချီးမွမ်းဖို့ ရှေ့တော်တွင် ရပ်နေရသကဲ့သို့ ညနေခင်းတွင်လည်း ထိုနည်းတူပြု၏။
အိမ်တော်ပြုပြင်ခြင်းအမှုပြီးစီးသောအခါ ကျန်ရှိသောငွေကို ရှင်ဘုရင်နှင့် ယောယဒထံ ယူဆောင်လာကြ၏။ ထိုငွေဖြင့် ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်များ၊ အမှုတော်နှင့် မီးရှို့ရာယဇ်ပူဇော်ခြင်းအတွက် လိုအပ်သောအသုံးအဆောင်များ၊ ခွက်များ၊ ရွှေထည်ငွေထည်အသုံးအဆောင်များကို ပြုလုပ်၏။ ယောယဒလက်ထက်တစ်လျှောက်လုံး ထာဝရဘုရား၏အိမ်တော်တွင် မီးရှို့ရာယဇ်ကို အစဉ်ပူဇော်ကြ၏။
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သတ္တမလ၊ ပထမနေ့သည် သင်တို့ ငြိမ်ဝပ်စွာနေရသောနေ့၊ အောက်မေ့ဖွယ်ရာတံပိုးမှုတ်သည့် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းပြုသောနေ့ ဖြစ်ရမည်။
ထို့ပြင် မြေအသီးအနှံကိုစုသိမ်းသောအခါ သတ္တမလ၏တစ်ဆယ့်ငါးရက်နေ့မှစ၍ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဖို့ ပွဲတော်ကျင်းပရမည်။ ပထမနေ့နှင့် အဋ္ဌမနေ့သည် ငြိမ်ဝပ်စွာနေရသောနေ့ဖြစ်၏။
သင်တို့ဝမ်းမြောက်ရာနေ့ဖြစ်သည့် သတ်မှတ်ထားသောပွဲတော်များနေ့၊ လဆန်းနေ့တို့၌ သင်တို့မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်သောအခါ တံပိုးခရာကိုမှုတ်ရမည်။ သင်တို့၏ဘုရားသခင်ရှေ့တော်၌ သင်တို့အတွက် အောက်မေ့ဖွယ်ရာဖြစ်မည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်၏”ဟု မိန့်တော်မူ၏။
ထို့ကြောင့် အစားအသောက်နှင့်ပတ်သက်၍ဖြစ်စေ၊ ပွဲနေ့၊ လဆန်းနေ့၊ သို့မဟုတ် ဥပုသ်နေ့တို့နှင့်ပတ်သက်၍ဖြစ်စေ မည်သူမျှ သင်တို့ကိုမစီရင်စေနှင့်။