ထိုအခါ ထိုသူက “သင်၏အမည်ကို ယာကုပ် ဟုမခေါ်တော့ဘဲ အစ္စရေးဟုခေါ်ရမည်။ အကြောင်းမူကား သင်သည် ဘုရားသခင်နှင့်လည်းကောင်း၊ လူနှင့်လည်းကောင်း ပြိုင်၍နိုင်လေပြီ”ဟု ဆို၏။
၁ ရာချုပ် 2:1 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေး၏သားများမှာ ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန်၊ Common Language Bible ယာကုပ်တွင်ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန်၊- Garrad Bible ဣ သ ရေ လ၏ သား များ ဟူ မူ ကား၊ ရု ဗင်၊ ရှိ မောင်၊ လေ ဝိ၊ ယု ဒ၊ ဣ သ ခါ၊ ဇာ ဗု လုန်။ Judson Bible ဣသရေလ၏သားများဟူမူကား၊ ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန်၊ |
ထိုအခါ ထိုသူက “သင်၏အမည်ကို ယာကုပ် ဟုမခေါ်တော့ဘဲ အစ္စရေးဟုခေါ်ရမည်။ အကြောင်းမူကား သင်သည် ဘုရားသခင်နှင့်လည်းကောင်း၊ လူနှင့်လည်းကောင်း ပြိုင်၍နိုင်လေပြီ”ဟု ဆို၏။
ရာခေလ သေဆုံးလေ၏။ သို့သော် အသက်ထွက်အံ့ဆဲဆဲတွင် သား၏အမည်ကို ဗေနောနိ ဟုမှည့်ခေါ်၏။ ဖခင်မူကား ထိုသားကို ဗင်္ယာမိန် ဟုမှည့်ခေါ်၏။
စုရုံးကြလော့။ နားထောင်ကြလော့။ အို ယာကုပ်သားတို့၊ သင်တို့၏ဖခင် အစ္စရေး၏စကားကို နားထောင်ကြလော့။
သူကြီးမာဂဒေလ၊ သူကြီးဣရံ တို့ဖြစ်ကြ၏။ သူတို့သည် ဧဒုံပြည်၏သူကြီးများ ဖြစ်ကြ၏။
အစ္စရေး၏သားဦး ရုဗင်၏သားများမှာ ဤသို့ဖြစ်၏။ ရုဗင်သည် သားဦးဖြစ်သော်လည်း မိမိဖခင်၏အိပ်ရာကိုညစ်ညူးစေသောကြောင့် သူ၏သားဦးအရာကို အစ္စရေး၏မြေး၊ ယောသပ်၏သားတို့ ရသွား၏။ ဤသို့ဖြင့် သူသည် မျိုးရိုးစဉ်ဆက်စာရင်းတွင် သားဦးအရာ၌ စာရင်းမဝင်တော့ပေ။
ယုဒသည် တာမာအားဖြင့် သားဖာရက်နှင့်ဇာရကိုရ၏။ ဖာရက်သည် သားဟေဇရုံကိုရ၏။ ဟေဇရုံသည် သားအာရံကိုရ၏။