ငါသည် သင်မှစ၍ နောင်လာမည့် သင့်သားစဉ်မြေးဆက်၏ဘုရားသခင်ဖြစ်မည့်အကြောင်း ငါ၏ပဋိညာဉ်ကို ငါနှင့်သင်ကြား၌လည်းကောင်း၊ နောင်လာမည့် သင့်သားစဉ်မြေးဆက်ကြား၌လည်းကောင်း တည်စေ၍ သူတို့၏မျိုးဆက်အစဉ်အဆက်တို့၌ ထာဝရပဋိညာဉ်ဖြစ်စေမည်။
၁ ရာချုပ် 16:4 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ထာဝရဘုရား၏သေတ္တာတော်ရှေ့တွင် အမှုတော်ထမ်းဆောင်ရန် လေဝိလူမျိုးအချို့ကို ခန့်ထား၏။ သူတို့သည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ ဆုတောင်းအသနားခံခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် ဂုဏ်တော်ချီးမွမ်းခြင်းတို့ကို ပြုပေးရ၏။ Common Language Bible ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားအား ပဋိညာဉ်သေတ္တာတော်ရှေ့ တွင်ဝတ်ပြုကိုးကွယ်ရာ၌သီချင်းဆိုခြင်း၊ ဂုဏ်တော်ကိုချီးမွမ်းခြင်းတို့ဖြင့်ဦးဆောင်ရန် ဒါဝိဒ်မင်းသည်လေဝိအနွယ်ဝင်အချို့တို့ ကိုခန့်ထားတော်မူ၏။- Garrad Bible ထို နောက် ထာ ဝ ရ ဘု ရား ၏ သေ တ္တာ တော် ရှေ့ တွင် ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ကျေး ဇူး တော် ဂုဏ် တော် ကို ချီး မွမ်း၍ ထော မ နာ ပြု ကြ စေ ရန် လေ ဝိ ဂိုဏ်း သား တို့ အ နက် ခွက် ကွင်း ကို ခြိမ့် ခြိမ့် မွမ်း တီး ရ သော အ ကြီး အ ကဲ အာ သပ်၊ စောင်း၊ တ ယော တီး ရ သော လက် အောက် ဇာ ခ ရိ၊ ယေ လ၊ ရှေ မိ ရာ မုတ်၊ ယေ ဟေ လ၊ မ တ္တိ သိ၊ ဧ လျာ ဘ၊ ဗေ နာ ယ၊ သြ ဗေ ဒေ ဒုံ၊ ယေ လ တို့ နှင့် တံ ပိုး မှုတ် ရ သော ပ ရော ဟိတ် ဗေ နာ ယ၊ ယ ဟာ ဗေ လ တို့ ကို ဘု ရား သ ခင့် ပ ဋိ ညာဉ် တော် သေ တ္တာ ရှေ့၊ အ မှု တော် ဆောင် အ ဖြစ် ဖြင့် ဒါ ဝိဒ် မင်း ခန့် ထား လေ ၏။ Judson Bible တစ်ဖန် ထာဝရဘုရား၏သေတ္တာတော်ရှေ့မှာ အမှုတော်ကိုဆောင်ရွက်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို အလှည့်အတိုင်း ချီးမွမ်းစေခြင်းငှာ ခန့်ထားတော်မူသော လေဝိသားများဟူမူကား၊ |
ငါသည် သင်မှစ၍ နောင်လာမည့် သင့်သားစဉ်မြေးဆက်၏ဘုရားသခင်ဖြစ်မည့်အကြောင်း ငါ၏ပဋိညာဉ်ကို ငါနှင့်သင်ကြား၌လည်းကောင်း၊ နောင်လာမည့် သင့်သားစဉ်မြေးဆက်ကြား၌လည်းကောင်း တည်စေ၍ သူတို့၏မျိုးဆက်အစဉ်အဆက်တို့၌ ထာဝရပဋိညာဉ်ဖြစ်စေမည်။
ထိုအခါ ထိုသူက “သင်၏အမည်ကို ယာကုပ် ဟုမခေါ်တော့ဘဲ အစ္စရေးဟုခေါ်ရမည်။ အကြောင်းမူကား သင်သည် ဘုရားသခင်နှင့်လည်းကောင်း၊ လူနှင့်လည်းကောင်း ပြိုင်၍နိုင်လေပြီ”ဟု ဆို၏။
“အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား နှုတ်ကတိထားတော်မူခဲ့သည်ကို လက်တွေ့ ပြည့်စုံစေတော်မူသော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို ချီးမွမ်းထောမနာပြုပါ၏။
ဒါဝိဒ်မင်းကြီးက လေဝိအမျိုးအကြီးအကဲတို့အား စောင်းပြား၊ စောင်းကောက်၊ လင်းကွင်းစသောတူရိယာတို့ဖြင့် အားရဝမ်းမြောက်စွာသီဆိုနိုင်သော သူတို့၏ဆွေမျိုးသားချင်းတို့ကို သီချင်းသည်အဖြစ် ခွဲခန့်ထားရန် အမိန့်ပေးထား၏။
ထို့နောက် အစ္စရေးလူထုတစ်ရပ်လုံးအား ယောက်ျားမိန်းမ မကျန် တစ်ဦးလျှင် မုန့်တစ်လုံး၊ အသားတစ်တုံး၊ စပျစ်ပျဉ်တစ်ချပ် ဝေပေး၏။
ခေါင်းဆောင်မှာ အာသပ်ဖြစ်၍ သူ၏လက်ထောက်မှာ ဇာခရိဖြစ်၏။ ယေယေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ မတ္တိသိ၊ ဧလျာဘ၊ ဗေနာယ၊ ဩဗဒေဒုံ၊ ယေယေလ တို့သည် စောင်းပြား၊ စောင်းကောက်စသောတူရိယာတို့ကို တီးခတ်ရ၏။ အာသပ်ကား လင်းကွင်းကို တီးရ၏။
ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း၍ နာမတော်ကို ခေါ်ဆိုပတ္ထနာပြုကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတို့ကို လူမျိုးတကာတို့အား ကြားသိစေကြလော့။
ဒါဝိဒ်မင်းကြီးသည် ဧလာဇာ၏သားမြေးများထဲမှ ဇာဒုတ်၊ ဣသမာ၏သားမြေးများထဲမှ အဟိမလက်တို့အား သူတို့ထမ်းဆောင်ရမည့်တာဝန်ကို ခွဲဝေထားပေး၏။
ဒါဝိဒ်မင်းကြီးနှင့် မင်းမှုထမ်းအကြီးအကဲတို့သည် အမှုတော်မြတ်အတွက် စောင်းကောက်၊ စောင်းပြား၊ လင်းကွင်း တို့ကိုတီးခတ်၍ ပရောဖက်ပြုနိုင်ရန် အာသပ်၊ ဟေမန်၊ ယေဒုသုန်တို့၏သားများထဲမှအချို့ကို သီးသန့်ခွဲထား၏။ ဤသို့အမှုတော်ထမ်းရန် ခွဲထားသူတို့၏အမည်စာရင်းမှာ
ဤသူတို့သည် သေတ္တာတော်ကို နေရာချထားပြီးနောက် ထာဝရဘုရား၏အိမ်တော်တွင် သီချင်းဆိုသောအဖွဲ့အား ဦးဆောင်ညွှန်ကြားရန် ဒါဝိဒ်မင်းကြီးခန့်ထားသောသူများဖြစ်ကြ၏။
တံပိုးမှုတ်သူများနှင့် သီချင်းဆိုသူများသည် စည်းဝါးညီညီတစ်သံတည်းဖြင့် ထာဝရဘုရားထံ ဂုဏ်တော်ချီးမွမ်းသီဆိုကြ၏။ တံပိုးသံ၊ လင်းကွင်းသံ စသောတူရိယာသံများနှင့်တကွ ထာဝရဘုရားထံ “ကိုယ်တော်ကောင်းမြတ်တော်မူ၏။ မေတ္တာကရုဏာတော် အစဉ်အမြဲတည်၏”ဟု အသံကိုလွှင့်၍ ချီးမွမ်းသီဆိုကြသောအခါ ထာဝရဘုရား၏အိမ်တော်တစ်ခုလုံး မိုးတိမ်များဖုံးလွှမ်းသွားလေ၏။
ထာဝရဘုရား၏ဗိမာန်တော်တည်ဆောက်သောသူတို့သည် အုတ်မြစ်ကိုချသောအခါ ဝတ်စုံဝတ်ဆင်ထားသောယဇ်ပုရောဟိတ်တို့သည် တံပိုးခရာကိုကိုင်လျက်၊ အာသပ်၏သားလေဝိအမျိုးတို့သည်လည်း လင်းကွင်းများကိုကိုင်လျက် အစ္စရေးဘုရင်ဒါဝိဒ်မင်းကြီးလက်ထက်ကအတိုင်းနေရာယူ၍ ထာဝရဘုရားကိုချီးမွမ်းကြသည်မှာ
ဘုရားသခင်၏လူဒါဝိဒ် စီရင်ချမှတ်ထားသည့်အတိုင်း လေဝိအကြီးအမှူးများဖြစ်သော ဟာရှဘိ၊ ရှေရဘိနှင့် ကပ်မျေလ၏သား ယေရွှာတို့သည် ညီအစ်ကိုများနှင့်မျက်နှာချင်းဆိုင်ရပ်လျက် ကျေးဇူးတော်ချီးမွမ်းခြင်းသီချင်းကို တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် သီဆိုကြ၏။
အို ငါ့စိတ်ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုလော့။ ကိုယ်တော်၏ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့်။
ကိုယ်တော်၏အစေအပါး အာဗြဟံ၏အမျိုးအနွယ်၊ ကိုယ်တော်ရွေးကောက်တော်မူသော ယာကုပ်၏သားသမီးတို့၊ ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကိုလည်းကောင်း၊ ပြုတော်မူသောတန်ခိုးလက္ခဏာများနှင့် နှုတ်တော်ထွက်စီရင်ထုံးဖွဲ့ချက်တို့ကိုလည်းကောင်း အောက်မေ့ကြလော့။
အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားသည် ထာဝရကာလမှထာဝရကာလတိုင်အောင် မင်္ဂလာရှိပါစေသော။ လူမျိုးအပေါင်းတို့သည် အာမင်ဟုဆိုကြပါစေသော။ ဟာလေလုယ။
ဆိုးညစ်သောအမှုကိုပြုသောသူတို့ကြောင့် စိတ်အနှောင့်အယှက်မဖြစ်နှင့်။ မတရားမှုပြုသောသူတို့ကိုမငြူစူနှင့်။
အို ဘုရားသခင်၊ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အို ထာဝရဘုရား၊ အကျွန်ုပ်ကိုကူညီမစရန် အလျင်အမြန်ကြွလာတော်မူပါ။
အံ့ဖွယ်သောအမှုတို့ကို တစ်ပါးတည်းသာပြုတော်မူသော အစ္စရေးလူမျိုးတို့၏ဘုရားသခင်တည်းဟူသော ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။