၁ ရာချုပ် 16:4 - Common Language Bible4 ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားအား ပဋိညာဉ်သေတ္တာတော်ရှေ့ တွင်ဝတ်ပြုကိုးကွယ်ရာ၌သီချင်းဆိုခြင်း၊ ဂုဏ်တော်ကိုချီးမွမ်းခြင်းတို့ဖြင့်ဦးဆောင်ရန် ဒါဝိဒ်မင်းသည်လေဝိအနွယ်ဝင်အချို့တို့ ကိုခန့်ထားတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible4-6 ထို နောက် ထာ ဝ ရ ဘု ရား ၏ သေ တ္တာ တော် ရှေ့ တွင် ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ကျေး ဇူး တော် ဂုဏ် တော် ကို ချီး မွမ်း၍ ထော မ နာ ပြု ကြ စေ ရန် လေ ဝိ ဂိုဏ်း သား တို့ အ နက် ခွက် ကွင်း ကို ခြိမ့် ခြိမ့် မွမ်း တီး ရ သော အ ကြီး အ ကဲ အာ သပ်၊ စောင်း၊ တ ယော တီး ရ သော လက် အောက် ဇာ ခ ရိ၊ ယေ လ၊ ရှေ မိ ရာ မုတ်၊ ယေ ဟေ လ၊ မ တ္တိ သိ၊ ဧ လျာ ဘ၊ ဗေ နာ ယ၊ သြ ဗေ ဒေ ဒုံ၊ ယေ လ တို့ နှင့် တံ ပိုး မှုတ် ရ သော ပ ရော ဟိတ် ဗေ နာ ယ၊ ယ ဟာ ဗေ လ တို့ ကို ဘု ရား သ ခင့် ပ ဋိ ညာဉ် တော် သေ တ္တာ ရှေ့၊ အ မှု တော် ဆောင် အ ဖြစ် ဖြင့် ဒါ ဝိဒ် မင်း ခန့် ထား လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible4 တစ်ဖန် ထာဝရဘုရား၏သေတ္တာတော်ရှေ့မှာ အမှုတော်ကိုဆောင်ရွက်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို အလှည့်အတိုင်း ချီးမွမ်းစေခြင်းငှာ ခန့်ထားတော်မူသော လေဝိသားများဟူမူကား၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 ထို့ပြင် ထာဝရဘုရား၏သေတ္တာတော်ရှေ့တွင် အမှုတော်ထမ်းဆောင်ရန် လေဝိလူမျိုးအချို့ကို ခန့်ထား၏။ သူတို့သည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ ဆုတောင်းအသနားခံခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် ဂုဏ်တော်ချီးမွမ်းခြင်းတို့ကို ပြုပေးရ၏။ အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်နှင့်လေဝိအနွယ်ဝင်ခေါင်းဆောင်တို့ သည် ကိုးကွယ်ဝတ်ပြုခြင်းအမှု၌ဦးဆောင် ရန်အာသပ်၊ ဟေမန်နှင့်ယေဒုသုန်သားချင်း စုတို့ကိုရွေးချယ်ကြ၏။ သူတို့သည်စောင်း သံ၊ လင်းကွင်းသံများနှင့်တွဲဖက်လျက် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဟောပြောကြ ရန်ဖြစ်၏။ ကိုးကွယ်ဝတ်ပြုမှုကိုဦးဆောင်ရန် ရွေးချယ်ခြင်းခံသူများနှင့်သူတို့ထမ်း ဆောင်ရမည့်အလုပ်တာဝန်များမှာ အောက်ပါအတိုင်းဖြစ်၏။
တည်ဆောက်သူတို့သည်ဗိမာန်တော်ကိုအုတ် မြစ်ချကြသောအခါ ယဇ်ပုရောဟိတ်တို့ သည်မိမိတို့ဝတ်လုံများကိုဝတ်၍ တံပိုး ခရာများကိုကိုင်ဆောင်ကာနေရာယူကြ၏။ အာသပ်သားချင်းစုမှလေဝိအနွယ်ဝင်တို့ ကလင်းကွင်းများကိုကိုင်ကြ၏။ သူတို့သည် ဒါဝိဒ်မင်းပေးခဲ့သည့်ညွှန်ကြားချက်အတိုင်း ထာဝရဘုရားအားထောမနာပြုကြ၏။-
ဟာရှဘိ၊ ရှေရဘိ၊ ယောရှု၊ ဗိနွိ နှင့်ကပ်မျေလတို့၏ညွှန်ကြားအုပ်ချုပ်မှုကိုခံယူကာ လေဝိအနွယ်ဝင်တို့သည်အစုများခွဲ၍တာဝန်ယူရကြ၏။ သူတို့သည်ဘုရားသခင်၏အစေခံဒါဝိဒ်ပေးအပ်သည့်ညွှန်ကြားချက်များနှင့်အညီ တစ်ကြိမ်လျှင်နှစ်စုကျအတုန့်အပြန်ဘုရားသခင်အားထောမနာပြုလျက်ကျေးဇူးတော်ကိုချီးမွမ်းရကြလေသည်။
ကိုယ်တော်၏အစေခံအာဗြဟံ၏အမျိုး အနွယ်တို့၊ ကိုယ်တော်ရွေးကောက်တော်မူသောယာကုပ်၏ သားမြေးတို့၊ သင်တို့သည်ကိုယ်တော်ပြတော်မူသည့် အံ့သြဖွယ်ကောင်းသောနိမိတ်လက္ခဏာတို့ ကိုလည်းကောင်း၊ ကိုယ်တော်ချမှတ်တော်မူသောတရားစီရင်ချက် တို့ကိုလည်းကောင်းအောက်မေ့သတိရကြလော့။