ဖိလိတ္တိလူမျိုးတို့သည် ရှောလုမင်းကြီးနှင့် သူ့သားတို့နောက်သို့ ထက်ကြပ်မကွာလိုက်၍ ရှောလုမင်းကြီး၏သားများဖြစ်သော ယောနသန်၊ အဘိနဒပ်နှင့် မေလခိရွှတို့ကို ကွပ်မျက်လိုက်လေ၏။
ဖိလိတ္တိအမျိုးသားတို့သည်လိုက်၍မီသော အခါ ရှောလု၏သားများဖြစ်ကြသော ယောနသန်၊ အဘိနဒပ်နှင့်မေလခိရွှ တို့ကိုကွပ်မျက်ပစ်ကြ၏။-
ဖိ လိ တ္တိ ရဲ မက် တို့ သည် ရှော လု မင်း နှင့် သား တော် တို့ ကို ထပ် ကြပ် လိုက် လံ လျက် သား တော် ယော န သန်၊ အ ဘိ န ဒပ်၊ မေ လ ခိ ရွှ တို့ ကို လုပ် ကြံ ကြ ၏။
ဖိလိတ္တိလူတို့သည် ရှောလုမင်းနှင့် သူ၏သားတို့ကို ပြင်းထန်စွာလိုက်၍၊ ရှောလု၏သား ယောနသန်၊ အဘိနဒပ်၊ မေလခိရွှတို့ကို သတ်ကြ၏။
ယောရှိမင်းကြီးလက်ထက်တွင် အီဂျစ်ဘုရင်ဖာရောနေခေါမင်းကြီးသည် အဆီးရီးယားဘုရင်ကိုတိုက်ခိုက်ရန် ယူဖရေးတီးမြစ်သို့ စစ်ချီသွားသည်ကို ယောရှိမင်းကြီးထွက်လာ၍ မေဂိဒ္ဒေါအရပ်တွင် သူ့ကိုရင်ဆိုင်တိုက်ခိုက်ရာ သူသည် ယောရှိမင်းကြီးကိုတွေ့ပြီး ကွပ်မျက်လိုက်လေ၏။
ဇေဒကိမင်းကြီး၏သားတို့ကို ဇေဒကိမင်းကြီးရှေ့မှောက်တွင်ပင် သတ်၏။ ဇေဒကိမင်းကြီး၏မျက်စိကိုလည်းဖောက်ထုတ်ပြီး သူ့ကို ကြေးနီကြိုးဖြင့်ချည်နှောင်ကာ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွား၏။
ရှောလုမင်းကြီးသည်လည်း အပြင်းအထန်တိုက်ခိုက်ခံရပြီး လေးသည်တော်တို့နှင့်တိုးမိ၍ လေးသည်တော်တို့လက်ချက်ဖြင့် ဒဏ်ရာရသွား၏။
နေရသည် သားကိရှကိုရ၏။ ကိရှသည် သားရှောလုကိုရ၏။ ရှောလုသည် သားယောနသန်၊ မေလခိရွှ၊ အဘိနဒပ်၊ ဣရှဗာလ တို့ကိုရ၏။
ထိုအရာတို့ကို မပျပ်ဝပ်မကိုးကွယ်ရ။ အကြောင်းမူကား သင်၏ဘုရားသခင် ငါထာဝရဘုရားသည် သဝန်တိုတတ်သောဘုရား၊ ငါ့ကိုမုန်းသောသူတို့၏မျိုးဆက် တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် ဖခင်တို့၏အပြစ်အတွက် သားမြေးတို့ကို ဒဏ်ခတ်သောဘုရား၊
ရှောလုမင်းကြီး၏သားများမှာ ယောနသန်၊ ဣရွှိ၊ မေလခိရွှ တို့ဖြစ်ကြ၏။ သမီးနှစ်ဦးရှိ၍ သမီးကြီး၏အမည်မှာ မေရပ် ဟုခေါ်ပြီး သမီးငယ်၏အမည်မှာ မိခါလ ဟုခေါ်၏။
ယောနသန်က လက်နက်ကိုင်လုလင်အား “လာပါ။ အရေဖျားမလှီးသောထိုသူတို့၏ကင်းတပ်သို့ ကူးသွားကြစို့။ ထာဝရဘုရား ငါတို့နှင့် ပါရှိကောင်းပါရှိတော်မူလိမ့်မည်။ ထာဝရဘုရားသည် မည်သည့်အမှု၌မဆို လူအနည်းငယ်နှင့်ဖြစ်စေ၊ လူအများနှင့်ဖြစ်စေ အတားအဆီးမရှိကယ်တင်ပေးနိုင်သည်”ဟု ဆို၏။