ကိုယ်တော်သည် သူတို့အားနှစ်ပေါင်းများစွာသည်းခံတော်မူ၍ ကိုယ်တော်၏ဝိညာဉ်တော်ခံရသော ပရောဖက်များအားဖြင့် သူတို့ကို သတိပေးသော်လည်း ဂရုမစိုက်ကြသောကြောင့် သူတို့ကို ဤပြည်ရှိ လူမျိုးခြားတို့လက်သို့ အပ်လိုက်တော်မူ၏။
၁ ပေ 3:19 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခြေအနေ၌ပင် အကျဉ်းချခံရသောဝိညာဉ်များထံသို့ သွား၍ တရားဟောတော်မူ၏။ Common Language Bible ဝိညာဉ်အားဖြင့်ကိုယ်တော်သည်အကျဉ်းကျ လျက်နေသောဝိညာဉ်များထံသို့သွားရောက် ၍တရားဟောတော်မူ၏။- Garrad Bible နော ဧ လက် ထက် သင်္ဘော တည် စဉ် စိတ် တော် ရှည် စွာ ဘု ရား သ ခင် စောင့် ဆိုင်း တော် မူ သည့် ကာ လ နား မ ထောင်၍ အ ကျဉ်း ချ ထား သော နာမ် ဝိ ညာဉ် တို့ ထံ ထို နာမ် ခ န္ဓာ၌ ကြွ သွား ဟော ပြော တော် မူ၏။ ထို သင်္ဘော အား ဖြင့် အ နည်း ငယ် သော သူ လူ ပေါင်း ရှစ် ယောက် တို့ သည် ရေ ဘေး မှ ကယ် ဆယ် ခံ ရ ကြ သော ပုံ စံ အ တိုင်း Judson Bible ထိုဝိညာဉ်တော်အားဖြင့်လည်း ကြွသွားတော်မူ၍၊ ယခုထောင်ထဲမှာ လှောင်ထားသော ဝိညာဉ်တို့အား တရားဟောတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ဝိညာဉ်တော်အားဖြင့် အကျဉ်းကျနေသော ဝိညာဉ်များထံသို့ သွား၍ တရားဟောတော်မူ၏။ |
ကိုယ်တော်သည် သူတို့အားနှစ်ပေါင်းများစွာသည်းခံတော်မူ၍ ကိုယ်တော်၏ဝိညာဉ်တော်ခံရသော ပရောဖက်များအားဖြင့် သူတို့ကို သတိပေးသော်လည်း ဂရုမစိုက်ကြသောကြောင့် သူတို့ကို ဤပြည်ရှိ လူမျိုးခြားတို့လက်သို့ အပ်လိုက်တော်မူ၏။
သင်သည် မျက်မမြင်တို့အား မျက်စိမြင်စေမည်။ အကျဉ်းသားတို့ကို အကျဉ်းထောင်ထဲမှလည်းကောင်း၊ ထောင်အမှောင်ခန်းထဲ၌ ထိုင်နေသောသူတို့ကိုလည်းကောင်း လွတ်မြောက်စေမည်။
အချုပ်ခံရသောသူတို့အား ‘ထွက်လာကြ’၊ အမှောင်ထဲ၌ရှိသောသူတို့အား ‘ထွက်ခဲ့ကြ’ဟု သင်ဆိုလိမ့်မည်။ ထိုသူတို့သည် လမ်းခရီးတစ်လျှောက် အစာစားရမည်။ တောင်ကတုံးတို့သည် သူတို့ကျက်စားရာအရပ်ဖြစ်မည်။
ဘုရားရှင်ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ စိတ်နှလုံးကြေကွဲသောသူတို့ကို ဖြေသိမ့်ပေးရန်၊ ဖမ်းဆီးချုပ်နှောင်ခံရသူတို့အား လွတ်မြောက်ခြင်းတရားကိုဟောပြောရန်၊ အကျဉ်းချခံရသောသူတို့အား လွတ်ငြိမ်းခြင်းတရားဟောပြောရန် ငါ့ကိုစေလွှတ်တော်မူပြီ။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး ဒုက္ခဝေဒနာခံစားတော်မူ၏။ သင်တို့ကို ဘုရားသခင်ထံတော်သို့ပို့ဆောင်မည့်အကြောင်း ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား ဒုက္ခဝေဒနာခံစားတော်မူ၏။ ကိုယ်တော်သည် ကိုယ်ကာယ၌ အမှန်ပင်အသေခံသော်လည်း ဝိညာဉ်တော်၌မူကား အသက်ရှင်စေခြင်းကိုခံတော်မူလျက်
ထိုဝိညာဉ်များမှာ တစ်ချိန်က နောဧလက်ထက်၌ သင်္ဘောတည်ဆောက်စဉ်တွင် ဘုရားသခင်သည် စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းတော်မူသော်လည်း နာခံခြင်းမရှိခဲ့သောဝိညာဉ်များဖြစ်ကြ၏။ ထိုသင်္ဘောထဲ၌ ရှစ်ယောက်မျှဖြစ်သော လူအနည်းငယ်တို့သာ ရေမှတစ်ဆင့် ကယ်တင်ခြင်းခံရကြ၏။
ဤအကြောင်းကြောင့် သေသောသူတို့ကိုလည်း ကောင်းမြတ်သောသတင်းကိုဟောပြောလေ၏။ ဤသည်ကား သူတို့သည် သွေးသား၌ လူသားအနေဖြင့် တရားစီရင်ခြင်းကိုခံရသော်လည်း ဝိညာဉ်၌မူကား ဘုရားသခင်အားဖြင့် အသက်ရှင်ကြရန်ဖြစ်၏။
ထိုအခါ ငါသည် ထိုကောင်းကင်တမန်ကိုရှိခိုးရန် သူ၏ခြေရင်း၌ပျပ်ဝပ်လေသော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ ယေရှုနှင့်ဆိုင်သည့်သက်သေခံချက်ကိုရရှိထားသော သင့်ညီအစ်ကိုတို့၏အစေအပါးချင်းဖြစ်၏။ ဘုရားသခင်ကိုရှိခိုးလော့။ အကြောင်းမူကား ယေရှုနှင့်ဆိုင်သောသက်သေခံချက်သည် ပရောဖက်ပြုဟောပြောခြင်း၏ဝိညာဉ်ဖြစ်၏”ဟု ဆို၏။
ထိုအနှစ်တစ်ထောင်ကုန်ဆုံးသောအခါ စာတန်သည် သူချုပ်နှောင်ခံရရာအကျဉ်းထောင်မှ လွှတ်ပေးခြင်းခံရ၍