ပညာသတိရှိသောသူတို့သည် မိုးမျက်နှာကြက်ကဲ့သို့ ထွန်းလင်းတောက်ပကြလိမ့်မည်။ လူများစွာကိုဖြောင့်မတ်ရာသို့ပို့ဆောင်ပေးသောသူတို့သည် ကြယ်များကဲ့သို့ အစဉ်ထွန်းလင်းတောက်ပနေလိမ့်မည်။
၁ ကော 3:14 - မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ဦးတည်ဆောက်ပြုလုပ်သောအရာသည် တည်မြဲလျှင် ထိုသူသည် ဆုလာဘ်ကိုရရှိလိမ့်မည်။ Common Language Bible တိုက်မြစ်ပေါ်တွင်တည်ဆောက်သည့်အရာသည် ထိုမီး၏ဒဏ်ကိုခံနိုင်လျှင်တည်ဆောက်သူသည် အကျိုးကိုခံရလိမ့်မည်။- Garrad Bible တည် ဆောက် ထား သူ၏ အ လုပ် တည် တံ့ လျှင် ထို သူ သည် အ မြတ် ရ လိမ့် မည်။ Judson Bible ထိုတိုက်မြစ်အပေါ်၌ ထပ်ဆင့်၍ တည်ဆောက်သော အကြင်သူ၏ အလုပ်သည်မြဲ၏။ ထိုသူသည် အကျိုးကို ခံရလိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း လုပ်ဆောင်မှု တည်မြဲလျှင် ထိုဆောက်လုပ်သူသည် ဆုလာဘ်ကို ရလိမ့်မည်။ |
ပညာသတိရှိသောသူတို့သည် မိုးမျက်နှာကြက်ကဲ့သို့ ထွန်းလင်းတောက်ပကြလိမ့်မည်။ လူများစွာကိုဖြောင့်မတ်ရာသို့ပို့ဆောင်ပေးသောသူတို့သည် ကြယ်များကဲ့သို့ အစဉ်ထွန်းလင်းတောက်ပနေလိမ့်မည်။
စိုက်ပျိုးသောသူနှင့်ရေလောင်းသောသူတို့သည် တစ်လုံးတစ်ဝတည်းဖြစ်ကြပြီး အသီးသီးတို့သည် မိမိကြိုးပမ်းအားထုတ်သည့်အတိုင်း ဆုလာဘ်ကိုရရှိကြလိမ့်မည်။
သို့ဖြစ်၍ သခင်ဘုရားကြွလာတော်မမူမီ မည်သည့်အရာကိုမျှ အချိန်မတန်ဘဲ မစီရင်ကြနှင့်။ ထိုသခင်သည် အမှောင်ထဲ၌ ကွယ်ဝှက်ထားသောအရာများကို အလင်းသို့ယူဆောင်လာပြီး စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေတော်မူလိမ့်မည်။ ထိုအခါ လူအသီးသီးတို့သည် ဘုရားသခင်ထံတော်မှ ချီးမွမ်းခြင်းကိုခံရကြလိမ့်မည်။
ထိုအမှုကို ငါ၏ဆန္ဒအလျောက်ဆောင်ရွက်လျှင် ငါ့အတွက် ဆုလာဘ်ရှိ၏။ သို့သော် ငါ၏ဆန္ဒအလျောက်မဟုတ်လျှင်လည်း ဤစီမံခန့်ခွဲမှုကို ငါ၌ယုံကြည်အပ်နှံထားပြီဖြစ်၏။
လူတိုင်း မိမိပြုသောအမှုကို စစ်ဆေးပါစေ။ သို့ပြုလျှင် သူတစ်ပါး၌မဟုတ်ဘဲ မိမိတစ်ကိုယ်တည်း၌ ဂုဏ်ယူဝါကြွားစရာအကြောင်းရှိလိမ့်မည်။
ငါတို့သခင်ယေရှုကြွလာတော်မူသောအခါ ကိုယ်တော်၏ရှေ့တော်၌ ငါတို့၏မျှော်လင့်စရာအကြောင်း၊ ဝမ်းမြောက်စရာအကြောင်းနှင့် ဝါကြွားစရာသရဖူဖြစ်မည့်သူမှာ မည်သူနည်း။ သင်တို့ပင်မဟုတ်လော။
ငါသည် ကောင်းသောတိုက်ပွဲကို တိုက်ခဲ့ပြီ။ ပြေးရမည့်တာကို အဆုံးတိုင်အောင်ပြေးခဲ့ပြီ။ ယုံကြည်ခြင်းကို စောင့်ထိန်းခဲ့ပြီ။
သို့ဖြစ်၍ အသင်းတော်အကြီးအကဲတစ်ဦးဖြစ်ပြီး ခရစ်တော်၏ဒုက္ခဝေဒနာများကိုသက်သေခံသူနှင့် ထင်ရှားလာတော့မည့် ကိုယ်တော်၏ဘုန်းအသရေတော်ကို မျှဝေခံစားသူဖြစ်သောငါသည် သင်တို့တွင်ရှိသောအသင်းတော်အကြီးအကဲများကို တိုက်တွန်းနှိုးဆော်ပါ၏။
သို့ပြုလျှင် သိုးထိန်းကြီးပေါ်ထွန်းတော်မူသောအခါ မှေးမှိန်ခြင်းမရှိသော ဘုန်းအသရေနှင့်ပြည့်စုံသည့်သရဖူကို သင်တို့ရရှိကြလိမ့်မည်။