သူတို့ရွက်လွှင့်နေစဉ် ကိုယ်တော်သည် အိပ်စက်တော်မူ၏။ ထိုအခါ အိုင်ပေါ်တွင် လေမုန်တိုင်းကျလာသဖြင့် လှေသည် ရေနှင့်ပြည့်လုနီးပါးဖြစ်၍ သူတို့သည် အန္တရာယ်နှင့်ရင်ဆိုင်ကြရ၏။
၁ ကော 15:30 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည်လည်း အဘယ်ကြောင့် အန္တရာယ်နှင့် အစဉ်အမြဲရင်ဆိုင်နေရသနည်း။ Common Language Bible အဘယ်ကြောင့်ငါတို့ကိုယ်တိုင်ပင်ဘေးအန္တရာယ် နှင့်နာရီမလပ်ရင်ဆိုင်လျက်နေရကြသနည်း။- Garrad Bible ငါ တို့ လည်း နာ ရီ တိုင်း အ န္တ ရာယ် ခံ လျက် အ ဘယ့် ကြောင့် နေ ကြ သ နည်း။ Judson Bible ငါတို့သည်လည်း ဘေးရောက်အံ့သော အခြင်းအရာနှင့် အဘယ်ကြောင့် တွေ့ရကြသနည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည်လည်း အဘယ်ကြောင့် အန္တရာယ်နှင့် အစဉ်အမြဲရင်ဆိုင်နေရသနည်း။ |
သူတို့ရွက်လွှင့်နေစဉ် ကိုယ်တော်သည် အိပ်စက်တော်မူ၏။ ထိုအခါ အိုင်ပေါ်တွင် လေမုန်တိုင်းကျလာသဖြင့် လှေသည် ရေနှင့်ပြည့်လုနီးပါးဖြစ်၍ သူတို့သည် အန္တရာယ်နှင့်ရင်ဆိုင်ကြရ၏။
သို့ဖြစ်လျှင် သေလွန်သောသူတို့၏ကိုယ်စား ဗတ္တိဇံခံသောသူတို့သည် အဘယ်ကြောင့် ထိုသို့ပြုရကြသနည်း။ သေလွန်သောသူတို့သည် ထမြောက်ခြင်းအလျှင်းမရှိလျှင် အဘယ်ကြောင့် သူတို့ကိုယ်စား ဗတ္တိဇံခံစရာရှိသနည်း။
ညီအစ်ကိုတို့၊ ငါတို့သခင်ခရစ်တော်ယေရှု၌ သင်တို့ကြောင့် ငါရရှိသောဝါကြွားဝမ်းမြောက်ခြင်းကိုတိုင်တည်၍ “ငါသည် နေ့တိုင်းသေနေရ၏”ဟု ငါဆို၏။
အသိအမှတ်ပြုခြင်းမခံရသကဲ့သို့ဖြစ်သော်လည်း အသိအမှတ်ပြုခြင်းခံရကြ၏။ သေအံ့ဆဲဆဲဖြစ်နေသူကဲ့သို့ဖြစ်သော်လည်း အသက်ရှင်လျက်ရှိကြ၏။ ဆုံးမခြင်းကိုခံရသောသူကဲ့သို့ဖြစ်သော်လည်း အသတ်မခံရကြ။
ညီအစ်ကိုတို့၊ ငါသည် အရေဖျားလှီးခြင်းတရားကို ဟောပြောနေသေးသည်ဆိုလျှင် အဘယ်ကြောင့် ညှဉ်းဆဲခြင်းကို ခံနေရသေးသနည်း။ သို့ဖြစ်လျှင် လက်ဝါးကပ်တိုင်နှင့်ဆိုင်သောမှားယွင်းစရာအကြောင်းသည် ဖယ်ရှားခြင်းခံရပြီ။