ထို့ကြောင့် ငါ့ညီအစ်ကိုတို့၊ သင်တို့သည် စားသောက်ရန်စုဝေးကြသောအခါ တစ်ဦးကိုတစ်ဦးစောင့်ဆိုင်းကြလော့။
၁ ကော 11:34 - မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ယောက်သည် ဆာလောင်လျှင် ပြစ်ဒဏ်စီရင်ခြင်းခံရရန်အတွက် စုဝေးခြင်းမဖြစ်မည့်အကြောင်း မိမိအိမ်၌စားပါစေ။ ကျန်သောကိစ္စများကို ငါလာသောအခါညွှန်ကြားမည်။ Common Language Bible သင်တို့စုဝေးကြသောအခါတွင်ဘုရားသခင် ၏အပြစ်ဒဏ်စီရင်တော်မူခြင်းနှင့်ကင်းလွတ် နိုင်စေရန် ဆာမွတ်သောသူသည်မိမိအိမ်တွင် စားသောက်စေ။ အခြားကိစ္စများနှင့်ပတ်သက်၍ ငါလာသည့်အခါဖြေရှင်းမည်။ Garrad Bible သင် တို့ သည် စည်း ဝေး ရာ တွင် တ ရား စီ ရင် ခြင်း ကို ခံ ရ မည် စိုး၍ မည် သူ မ ဆို ဆာ မွတ် လျှင် ကိုယ့် အိမ် တွင် စား သောက် စေ။ ကြွင်း သော အ မှု အ ရေး များ ကို ကား ငါ ရောက် သော အ ခါ ရှင်း လင်း စီ မံ မည်။ Judson Bible တစ်စုံတစ်ယောက်သောသူသည် ဆာမွတ်လျှင်၊ သင်တို့သည် အပြစ်ခံလျက် မစည်းဝေးစေခြင်းငှာ ထိုသူသည် မိမိအိမ်၌ စားစေ။ ကြွင်းသောအမှုများကို ငါလာသောအခါ စီရင်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်စုံတစ်ယောက်သည် ဆာလောင်ပါက အိမ်၌ စားခဲ့လော့။ သို့မှသာ သင်တို့စုဝေးကြသောအခါ ဘုရားသခင်၏ပြစ်ဒဏ်စီရင်ခြင်း ကင်းလွတ်မည်ဖြစ်၏။ ကျန်သည့် ကိစ္စရပ်များကို ကျွန်ုပ်ရောက်လာသောအခါ ညွှန်ကြားမည်။ |
ထို့ကြောင့် ငါ့ညီအစ်ကိုတို့၊ သင်တို့သည် စားသောက်ရန်စုဝေးကြသောအခါ တစ်ဦးကိုတစ်ဦးစောင့်ဆိုင်းကြလော့။
သန့်ရှင်းသူတို့အတွက် အလှူကောက်ခံခြင်းနှင့်ပတ်သက်၍ ဂလာတိပြည်ရှိ အသင်းတော်များကို ငါမှာထားသကဲ့သို့ သင်တို့သည်လည်း ထိုနည်းတူပြုကြလော့။
ငါလာသောအခါမှ အလှူကောက်ခံခြင်းမရှိစေရန် ရက်သတ္တပတ်၏ပထမနေ့တိုင်းတွင် သင်တို့တစ်ဦးစီသည် မိမိတို့ကြီးပွားသည့်အတိုင်း တစ်စုံတစ်ခုကိုဖယ်ထား၍ စုဆောင်းထားကြလော့။
ငါသည် မာကေဒေါနိပြည်ကိုဖြတ်လာမည်ဖြစ်၍ မာကေဒေါနိပြည်ကို လှည့်လည်ပြီးမှ သင်တို့ထံသို့လာမည်။
ဤအကြောင်းကြောင့် သခင်ဘုရား၌သစ္စာရှိသော ငါ၏ချစ်သား တိမောသေကို သင်တို့ထံသို့ ငါစေလွှတ်၏။ သူသည် အရပ်ရပ်တို့၌ အသင်းတော်တိုင်းတွင် ငါသွန်သင်သည့်အတိုင်း ခရစ်တော်ယေရှု၌ ငါလိုက်လျှောက်သောလမ်းတို့ကို သင်တို့အား သတိရစေလိမ့်မည်။
သို့သော် သခင်ဘုရားအလိုတော်ရှိလျှင် ငါသည် သင်တို့ထံသို့ မကြာမီလာ၍ မာနထောင်လွှားသောသူတို့၏စကားမဟုတ်ဘဲ သူတို့၏တန်ခိုးကို သိရလိမ့်မည်။
လူအသီးသီးတို့သည် မိမိအား သခင်ဘုရားသတ်မှတ်ခွဲဝေပေးတော်မူသည့်အတိုင်းနှင့် တစ်ဦးစီအား ဘုရားသခင်ခေါ်ယူတော်မူသည့်အခြေအနေအတိုင်း အသက်ရှင်လျှောက်လှမ်းပါစေ။ ဤသည်ကား အသင်းတော်အားလုံးတို့ကို ငါမှာကြားသောအချက်ဖြစ်၏။
ကရေတေကျွန်းတွင် သင့်ကို ငါထားခဲ့ခြင်းမှာ သင့်အား ငါမှာကြားထားသည့်အတိုင်း လိုအပ်သည့်အရာများကို စီမံဆောင်ရွက်ရန်နှင့် မြို့တိုင်းတွင် အသင်းတော်အကြီးအကဲများကို ခန့်ထားရန်အတွက်ဖြစ်၏။