ထာဝရဘုရား အမျက်တော်ကြောင့် ဂျေရုဆလင်မြို့အပါအဝင် ယုဒပြည်ကို ရှေ့တော်မှဖယ်ရှားလိုက်သည်အထိ ဤသို့ဖြစ်ရခြင်း ဖြစ်၏။ ဇေဒကိမင်းကြီးသည်လည်း ဘေဘီလုံဘုရင်ကို ပြန်၍ပုန်ကန်၏။
ဧဇရ 4:15 - မြန်မာ့စံမီသမ္မာကျမ်း အရှင်မင်းကြီး၊ ဘိုးဘေးတော်တို့ထားခဲ့သောမှတ်တမ်းလွှာများကို ရှာဖွေစိစစ်ကြည့်ပါ။ ဤမြို့သည် ပုန်ကန်တတ်သောမြို့၊ ဘုရင်များနှင့် တိုင်းပြည်၏အကျိုးကို ဆုတ်ယုတ်စေသောမြို့၊ ရှေးယခင်ကပင် ဆူပူအုံကြွမှုဖြစ်စေတတ်သောမြို့ဖြစ်သောကြောင့် ဖျက်ဆီးခံခဲ့ရကြောင်းကို မှတ်တမ်းလွှာများတွင် တွေ့ရှိရပါလိမ့်မည်။ Common Language Bible ထို့ကြောင့်အရှင်၏ဘိုးတော်ဘေးတော်များထားရှိခဲ့သည့် မှတ်တမ်းများကိုအမိန့်ထုတ်ဆင့်၍ရှာဖွေကြည့်ရှုစေတော်မူပါက ဤမြို့သည်ပုန်ကန်လေ့ရှိကြောင်းကိုလည်းကောင်း၊ ရှေးကာလမှအစပြု၍ပြည်နယ်များကိုအုပ်စိုးသောဘုရင်များ၊ ဘုရင်ခံများအားဒုက္ခပေးခဲ့ဖူးကြောင်းကိုလည်းကောင်းတွေ့ရှိရပါလိမ့်မည်။ ဤမြို့သားတို့သည်အစဉ်ပင်အုပ်ချုပ်ရခက်သူများဖြစ်ကြပါ၏။ ဤအကြောင်းကြောင့်ဤမြို့သည်ဖျက်ဆီးခြင်းခံခဲ့ရပါသည်။- Garrad Bible ဘေး တော် ဘိုး တော် တို့ နေ့ စဉ် မှတ် နန်း စဉ် စာ ရင်း ကို ကြည့် ရှု တော် မူ ပါ က၊ ထို မြို့ သည် ရှေး ကာ လ မှ စ၍၊ သောင်း ကျန်း တော် လှန် လျက်၊ တိုင်း ကျိုး၊ ပြည် ကျိုး၊ မင်း ဧ က ရာဇ် အ ကျိုး များ ကို ဆုတ် ယုတ် စေ သ ဖြင့်၊ အ ဖျက် အ ဆီး ခံ ရ သော မြို့ ဖြစ် သည် ဟု သိ မှတ် တော် မူ စေ ရန်၊ ထောက် ခံ ဆက် သွင်း ပါ သည်။ Judson Bible ယေရုရှလင်မြို့သည် ပုန်ကန်တတ်သောမြို့၊ ရှင်ဘုရင်အကျိုးနှင့် နိုင်ငံတော်အကျိုးစီးပွားကို ဖျက်ဆီးတတ်သောမြို့ ဖြစ်ဖူး၍၊ ရှေးကာလ၌ မြို့ထဲမှာ ပုန်ကန်သောအကြံကို အစဉ်ပြုစုသောကြောင့်၊ အတိုက်အဖျက် ခံရပါသည် အကြောင်းအရာများကို ထိုမှတ်စာ၌တွေ့၍ သိတော်မူပါလိမ့်မည်။ |
ထာဝရဘုရား အမျက်တော်ကြောင့် ဂျေရုဆလင်မြို့အပါအဝင် ယုဒပြည်ကို ရှေ့တော်မှဖယ်ရှားလိုက်သည်အထိ ဤသို့ဖြစ်ရခြင်း ဖြစ်၏။ ဇေဒကိမင်းကြီးသည်လည်း ဘေဘီလုံဘုရင်ကို ပြန်၍ပုန်ကန်၏။
နောက်ဆုံး၌ မြို့ရိုးကျိုးပေါက်သွားပြီး ခါလဒဲစစ်သည်တို့က မြို့ကိုဝိုင်းရံထားကြသော်လည်း ရှင်ဘုရင်နှင့်တကွ စစ်သူရဲအပေါင်းတို့သည် ညအချိန်တွင် ဘုရင့်ဥယျာဉ်တော်အနီး မြို့ရိုးနှစ်ခုကြားရှိတံခါးမှထွက်၍ အရာဗလွင်ပြင်သွားရာလမ်းအတိုင်း ထွက်ပြေးကြ၏။
အရှင့်ထံမှ အကျွန်ုပ်တို့ထံသို့ရောက်လာသောဂျူးလူမျိုးတို့သည် ဂျေရုဆလင်မြို့သို့ရောက်လာပြီး ပုန်ကန်မှု၊ ဆိုးညစ်မှုနှင့်ပြည့်သောမြို့ကို ပြန်လည်တည်ဆောက်ကာ မြို့ရိုးတို့ကိုလက်စသတ်လျက် အုတ်မြစ်တို့ကိုပြုပြင်နေကြောင်း သိစေအပ်ပါသည်။
အကျွန်ုပ်တို့သည် နန်းတော်၌အခစားသူများဖြစ်သည်နှင့်အညီ အရှင်မင်းကြီး၏ဂုဏ်သရေညှိုးနွမ်းမည်ကို မမြင်လိုပါ။ ထို့ကြောင့် အရှင်မင်းကြီးထံ လျှောက်ထားအကြောင်းကြားရခြင်း ဖြစ်ပါ၏။
အကယ်၍ ဤမြို့ကို ပြန်လည်တည်ဆောက်၍ မြို့ရိုးကိုလက်စသတ်ပြီးလျှင် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းသည် အရှင့်ပိုင်မြေဖြစ်တော့မည်မဟုတ်ကြောင်းကို အရှင်မင်းကြီးအား အကျွန်ုပ်တို့လျှောက်ထားအပ်ပါသည်”ဟု ပါရှိ၏။
ထိုအကြောင်းကို ဟောရနိလူမျိုးသမ္ဘာလတ်၊ အမ္မုန်လူမျိုး အမှုထမ်းတောဘိနှင့် အာရပ်လူမျိုးဂေရှင်တို့ ကြားသောအခါ သူတို့သည် ငါတို့ကို ပြက်ရယ်ပြုလှောင်ပြောင်ကာ “သင်တို့ မည်သည့်အမှုကိုပြုကြသနည်း။ ရှင်ဘုရင်ကို ပုန်ကန်ကြပြီလော”ဟု ဆိုကြ၏။
ထိုစာတွင် “သင်နှင့်ဂျူးလူမျိုးတို့သည် ပုန်ကန်ရန်အကြံရှိကြောင်း လူမျိုးခြားတို့နှင့်တကွ ဂေရှင်ပါ ပြောလေပြီ။ ဤသတင်းအရ သင်သည် ဂျူးလူမျိုး၏ဘုရင်ဖြစ်လိုသောကြောင့် ဤမြို့ရိုးကို ပြန်လည်တည်ဆောက်ပြီ။
ထိုအကြောင်းကိုစုံစမ်းတွေ့ရှိသောအခါ ထိုသူနှစ်ဦးကို သစ်တိုင်၌ချိတ်ဆွဲထား၏။ ထိုအကြောင်းကို ရှင်ဘုရင်ရှေ့မှောက်၌ ရာဇဝင်ချုပ်မှတ်တမ်းစာလိပ်ထဲတွင် မှတ်တမ်းတင်ထားလေ၏။