သူ၏မြည်းကို စပျစ်ပင်၌ချည်ထား၏။ သူ့မြည်းမ၏သားကို အကောင်းဆုံးစပျစ်ပင်၌ချည်ထား၏။ သူ၏အဝတ်တန်ဆာကို စပျစ်ဝိုင်ဖြင့် လျှော်၏။ သူ၏ဝတ်ရုံကို စပျစ်သွေးဖြင့် လျှော်၏။
ဟေရှာယ 63:3 - မြန်မာ့စံမီသမ္မာကျမ်း စပျစ်သီးနယ်ရာကျင်း၌ ငါ တစ်ပါးတည်း နင်းနယ်၏။ လူတစ်ယောက်မျှ ငါနှင့်မရှိ။ သူတို့ကို ငါ့အမျက်ဖြင့် နင်းနယ်ပြီ။ ငါ့ဒေါသဖြင့် နင်းချေပြီ။ သူတို့သွေးသည် ငါ့ဝတ်ရုံကိုစဉ်သဖြင့် ငါ့အဝတ်အစားရှိသမျှ စွန်းထင်းလေပြီ။ Common Language Bible ထာဝရဘုရားက``ငါသည်လူမျိုးတကာ တို့ကိုစပျစ်သီးများသဖွယ်နင်းနယ်ခဲ့ လေပြီ။ အဘယ်သူမျှငါ့အားကူညီရန် မလာမရောက်ကြ။ ငါသည်အမျက်ထွက် သဖြင့်သူတို့အားနင်းနယ်ရာတွင်ငါ၏ အဝတ်များသည်သူတို့၏သွေးများဖြင့် စွန်း၍သွားပေသည်။- Garrad Bible လူ မျိုး များ အ နက် တစ် ယောက် မျှ မ ပါ ဘဲ၊ ငါ တစ် ပါး တည်း စ ပျစ် ရည် ကျင်း သ ဖွယ် ဖိ နင်း ရ သ ဖြင့်၊ အ မျက် ကြောင့် ဖိ လျက် ဒေါ သ ကြောင့် နင်း လျက်၊ ငါ့ ဝတ် လုံ သည် ချင်း တို့ သွေး ရည် လူး ခြင်း၊ အ ဝတ် ရှိ သ မျှ သည် စွန်း ခြင်း ခံ ခဲ့ ပြီ။ Judson Bible စပျစ်သီးကို ငါတစ်ယောက်တည်း နင်းနယ်ရပြီ။ လူများအထဲက တစ်ယောက်မျှမပါ။ သူတို့ကို ငါအမျက်ထွက်၍ ကျော်နင်းပြီ။ ပြင်းစွာအမျက်ထွက်၍ နှိပ်နင်းပြီ။ သူတို့အသွေးသည် ငါ့အဝတ်ပေါ်မှာ ဖျန်းလျက်ရှိပြီ။ ငါ့အဝတ်တန်ဆာရှိသမျှကို ငါဆိုးပြီ။ |
သူ၏မြည်းကို စပျစ်ပင်၌ချည်ထား၏။ သူ့မြည်းမ၏သားကို အကောင်းဆုံးစပျစ်ပင်၌ချည်ထား၏။ သူ၏အဝတ်တန်ဆာကို စပျစ်ဝိုင်ဖြင့် လျှော်၏။ သူ၏ဝတ်ရုံကို စပျစ်သွေးဖြင့် လျှော်၏။
ယေဟုက သူတို့အား “သူ့ကို တွန်းချပစ်လိုက်”ဟု ဆို၏။ သူတို့ကလည်း ယေဇဗေလကို တွန်းချလိုက်ရာ သူ့သွေးတို့သည် နံရံများ၊ မြင်းများပေါ်သို့ စဉ်သွားလေ၏။ ယေဟုလည်း သူ့ကိုတက်နင်းသွားလေ၏။
မောက်မာသောသူတို့ကို နှိမ့်ချကြည့်လိုက်ပါ။ လူယုတ်မာတို့ကို သူတို့ရှိသောနေရာတွင်ပင် နင်းချေလိုက်ပါ။
ငါတို့သည် ဘုရားသခင်အားဖြင့် ရဲရင့်စွာပြုကြမည်။ ကိုယ်တော်သည် ငါတို့အားရန်ဖက်ပြုသောသူများကို နင်းချေတော်မူလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား၌ နေ့ရက်တစ်ရက်ရှိ၏။ ထိုနေ့၌ စိတ်အာရုံချိုင့်ဝှမ်းတွင် ထိတ်လန့်ချောက်ချားခြင်းရှိမည်၊ နိုင်ထက်စီးနင်းခံရမည်၊ ရုန်းရင်းဆန်ခတ်ဖြစ်မည်။ မြို့ရိုးပြိုပျက်၍ တောင်များဆီသို့ အော်ဟစ်သံများ ရောက်သွားလိမ့်မည်။
ထာဝရဘုရားသည် လက်တော်ကို ဤတောင်ပေါ်တွင်တင်ထားတော်မူမည်။ နွားချေးပုံ၌ ကောက်ရိုးကိုနင်းနယ်သကဲ့သို့ မောဘပြည်ကို နင်းနယ်တော်မူမည်။
သေသောက်ကြူးသူဧဖရိမ်အမျိုးတို့၏မာနသရဖူသည် ခြေအောက်၌ နင်းချေခြင်းခံရလိမ့်မည်။
ကိုယ်တော်သည် ဖြောင့်မတ်ခြင်းကိုရင်အုပ်တန်ဆာကဲ့သို့ ဝတ်ဆင်တော်မူ၏။ ခေါင်းပေါ်၌ ကယ်တင်ခြင်းသံခမောက်ကို ဆောင်းတော်မူ၏။ လက်စားချေခြင်းဝတ်ရုံကိုဝတ်ဆင်၍ စိတ်အားထက်သန်ခြင်းဝတ်လုံကို လွှမ်းခြုံတော်မူ၏။
လူတို့ကို ငါ့အမျက်ဖြင့်နင်းချေပြီ။ ငါ့ဒေါသဖြင့် ယစ်မူးစေပြီ။ သူတို့၏သွေးကို မြေပေါ်သို့ကျစေပြီ။
ဘုရားသခင်သည် ငါ့စစ်သူရဲအားလုံးကို နင်းချေတော်မူပြီ။ စစ်သည်အလုံးအရင်းကို ဆင့်ခေါ်၍ ငါ၏လူငယ်တို့ကို ဖျက်ဆီးစေတော်မူပြီ။ ယုဒသမီးပျိုကို စပျစ်သီးနယ်ရာကျင်း၌ နင်းနယ်တော်မူပြီ။
ရိတ်သိမ်းစရာသီးနှံမှည့်ဝင်းပြီဖြစ်၍ တံစဉ်ကိုဆန့်တန်းကြလော့။ စပျစ်သီးနယ်ရာကျင်း ပြည့်နေသည်ဖြစ်၍ လာ၍နင်းချေကြလော့။ စည်များ လျှံနေသကဲ့သို့ ထိုသူတို့၏ဆိုးညစ်မှုများသည် များပြားလျက်ရှိ၏။”
“သင်၏ဘုရားသခင်ထာဝရဘုရားကား အဘယ်မှာရှိသနည်း”ဟု ငါ့အား ပြောဆိုသောရန်သူသည် ထိုအဖြစ်ကိုမြင်၍ အရှက်ကွဲရလိမ့်မည်။ ယခုတွင် သူသည် လမ်းပေါ်မှ ရွှံ့ကဲ့သို့ နင်းချေခံရသည်ကို ငါ့မျက်စိဖြင့် တပ်အပ်မြင်ရလိမ့်မည်။
သူတို့သည် လမ်းပေါ်မှရွှံ့ကိုနင်းသကဲ့သို့ စစ်ပွဲတွင် ရန်သူကိုနင်းချေသောစစ်သူရဲများ ဖြစ်ကြလိမ့်မည်။ ထာဝရဘုရားသည် သူတို့နှင့်အတူပါရှိသောကြောင့် စစ်တိုက်ရာတွင် မြင်းစီးသူရဲတို့ကို အရှက်ကွဲစေလိမ့်မည်။
သင်တို့သည် ဆိုးယုတ်သောသူတို့ကို နင်းချေလိမ့်မည်။ အကြောင်းမူကား ငါစီရင်ရာနေ့ရက်၌ သူတို့သည် သင်တို့၏ခြေဖဝါးအောက်သို့ရောက်သော ပြာမှုန့်ဖြစ်လိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။