သင်၏စမ်းရေတွင်းသည် မင်္ဂလာရှိပါစေ။ သင်ပျိုရွယ်စဉ်ကတည်းကပေါင်းဖက်ခဲ့သောမယား၌ ဝမ်းမြောက်ပါစေ။
ဟေရှာယ 54:6 - မြန်မာ့စံမီသမ္မာကျမ်း စွန့်ပစ်ခြင်းခံရ၍ စိတ်ထိခိုက်နေသော၊ ငယ်ရွယ်စဉ်ကပေါင်းဖော်ခဲ့ပြီးမှ ငြင်းပယ်ခံရသောမိန်းမကို ပြန်ခေါ်သကဲ့သို့ သင့်ကိုထာဝရဘုရားပြန်ခေါ်တော်မူပြီ”ဟု မိန့်တော်မူ၏။ Common Language Bible အို ဣသရေလအမျိုးသားတို့၊သင်တို့သည်၊ ခင်ပွန်းဖြစ်သူစွန့်ပစ်သဖြင့်၊အလွန်စိတ်ဒုက္ခ ရောက်လျက်နေသည့်ဇနီးငယ်တစ်ဦးနှင့်တူကြ၏။ သို့ရာတွင်ထာဝရဘုရားသည်သင်တို့ကို ပြန်လည်ခေါ်ယူတော်မူပါ၏။ Garrad Bible စွန့် ခွာ၍ နစ် နာ သော မိန်း မ သ ဖွယ်၊ သင့် ကို ထာ ဝ ရ ဘု ရား ခေါ် တော် မူ ခဲ့ ပြီ။ ငယ် ပေါင်း ကြီး ဖော် ကို စွန့် ခွာ နိုင် သ လော ဟု၊ သင်၏ ဘု ရား သ ခင် မေး တော် မူ ၏။ Judson Bible စွန့်ပစ်၍ စိတ်ငြိုငြင်သော မိန်းမ၊ ငယ်စဉ်တွင် မယားဖြစ်၍၊ နောက်မှ ငြင်းပယ်သောမိန်းမကို တစ်ဖန်ခေါ်သကဲ့သို့ သင့်ကို ငါခေါ်မည်ဟု သင်၏ဘုရားသခင်မိန့်တော်မူ၏။ |
သင်၏စမ်းရေတွင်းသည် မင်္ဂလာရှိပါစေ။ သင်ပျိုရွယ်စဉ်ကတည်းကပေါင်းဖက်ခဲ့သောမယား၌ ဝမ်းမြောက်ပါစေ။
နေအောက်တွင်ရှိသည့် သင်၏အချည်းနှီးသောနေ့ရက်အားလုံးဖြစ်သည့် နေအောက်တွင် သင့်အားပေးသနားတော်မူသော သင်၏အချည်းနှီးသောအသက်တာ၏နေ့ရက်အားလုံးတို့၌ သင်ချစ်သောမယားနှင့်အတူ ရွှင်လန်းစွာအသက်ရှင်လော့။ အကြောင်းမူကား ဤအရာသည် သင်၏အသက်တာ၌လည်းကောင်း၊ နေအောက်တွင် သင်ကြိုးပမ်းအားထုတ်သော သင်၏ကြိုးပမ်းအားထုတ်မှု၌လည်းကောင်း သင်ရရှိသောဝေစုဖြစ်၏။
သင့်ကို “စွန့်ပစ်ခံရသူ”ဟု ခေါ်တော့မည်မဟုတ်။ သင်၏မြေကိုလည်း “လူသူကင်းမဲ့ရာအရပ်”ဟု ခေါ်တော့မည်မဟုတ်။ သင့်ကို “ငါနှစ်သက်မြတ်နိုးသူ”ဟူ၍လည်းကောင်း၊ သင်၏မြေကို “လက်ထပ်ပြီးသူ”ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားသည် သင့်ကိုနှစ်သက်မြတ်နိုးတော်မူ၏။ သင်၏မြေသည်လည်း လက်ထပ်ခွင့်ရလိမ့်မည်။
ထာဝရဘုရားက “ထိုသူတို့သည် သင့်ကို ‘အပယ်ခံရသောသူ၊ မည်သူမျှဂရုမစိုက်သောဇိအုန်မြို့’ဟု ခေါ်ကြသောကြောင့် ငါသည် သင့်ကို ပြန်လည်ကျန်းမာစေမည်။ သင့်အနာကို ကုသပေးမည်”ဟု မိန့်တော်မူ၏။
သင့်ကို ထာဝရဇနီးဖြစ်စေမည်။ သင့်ကို ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်း၊ ချစ်ခြင်းမေတ္တာနှင့် သနားစုံမက်ခြင်းဖြင့် လက်ထပ်ယူမည်။
သို့သော် သင်တို့က “အဘယ်ကြောင့်နည်း”ဟု မေးလျှင် အကယ်စင်စစ် သင်နှင့် သင်ငယ်စဉ်က ပေါင်းဖော်ခဲ့သောသင့်မယားကြားတွင် ထာဝရဘုရားသည် သက်သေဖြစ်တော်မူ၏။ သင်သည် သင့်ဘဝဖော်၊ သင်နှင့်ကတိသစ္စာပြုထားသောမယားကို သစ္စာဖောက်သောကြောင့်ဖြစ်၏။
ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် သင်တို့အားငြိမ်သက်ချမ်းသာမှုကိုပေးမည်။
သို့သော် အားငယ်သောသူတို့ကိုနှစ်သိမ့်တော်မူသောဘုရားသခင်သည် တိတုရောက်ရှိလာခြင်းအားဖြင့် ငါတို့ကိုနှစ်သိမ့်ပေးတော်မူ၏။