အာဗြဟံကို ရွေးနုတ်ကယ်တင်သောထာဝရဘုရားက ယာကုပ်အမျိုးအနွယ်အား “ယာကုပ်သည် အရှက်ကွဲရတော့မည်မဟုတ်။ မျက်နှာပျက်ရတော့မည်မဟုတ်။
ထို့ကြောင့်အာဗြဟံအားဆင်းရဲဒုက္ခမှ ကယ်ဆယ်တော်မူခဲ့သည့်ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားက``အို ငါ၏လူမျိုးတော်၊ သင်တို့ သည် အသရေပျက်ရကြတော့မည်မဟုတ်။ အရှက်ရ၍မျက်နှာပျက်ရကြတော့မည် မဟုတ်။-
ထို့ ကြောင့် အာ ဗြ ဟံ ကို ရွေး နုတ် တော် မူ သော ထာ ဝ ရ ဘု ရား သည်၊ ယာ ကုပ် အ မျိုး သား တို့ ကို ရည် ၍ မိန့် တော် မူ သည် ကား၊ ယာ ကုပ် အ မျိုး ၌ ရှက် ခြင်း၊ မျက် နှာ ပျက် ခြင်း၊ ဆက် လက် မ ရှိ ရ။
သို့ဖြစ်၍ အာဗြဟံအမျိုးကို ရွေးနုတ်တော်မူသော ထာဝရဘုရားသည်၊ ယာကုပ်အမျိုးကိုရည်မှတ်၍ မိန့်တော်မူသည်ကား၊ ယာကုပ်အမျိုးသည် နောက်တစ်ဖန် ရှက်ကြောက်ခြင်း၊ မျက်နှာပျက်ခြင်း မရှိရ။
ဘေးအန္တရာယ်အပေါင်းမှ ငါ့ကိုရွေးနုတ်တော်မူသော ကောင်းကင်တမန်သည် ဤသူငယ်တို့ကိုကောင်းချီးပေးတော်မူပါစေသော။ သူတို့ကို ငါ၏အမည်ဖြင့်လည်းကောင်း၊ ငါ့ဘိုးဘအာဗြဟံနှင့်ဣဇက်တို့၏အမည်ဖြင့်လည်းကောင်း မှည့်ခေါ်ပါစေသော။ သူတို့သည် မြေကြီးပေါ်၌ အလွန်ပွားများကြပါစေသော”ဟု ဆိုလေ၏။
“အို ပိုးကောင်ယာကုပ်၊ အို အစ္စရေးလူမျိုးတို့၊ မကြောက်နှင့်။ သင့်ကို ငါကူညီမစမည်”ဟု ထာဝရဘုရား မိန့်တော်မူ၏။ သင့်ကိုရွေးနုတ်သောသူသည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင် ဖြစ်တော်မူ၏။
အစ္စရေးလူမျိုးသည် ထာဝရဘုရားအားဖြင့် ထာဝရတည်သောကယ်တင်ခြင်းကိုရရှိမည်။ သင်တို့သည် ကာလအစဉ်အဆက် အရှက်ကွဲရမည်မဟုတ်။ အသရေပျက်ရမည်မဟုတ်။
အစ္စရေးလူမျိုး၏သားစဉ်မြေးဆက်အပေါင်းတို့သည် ထာဝရဘုရားအားဖြင့် ဖြောင့်မတ်သည်ဟု အသိအမှတ်ပြုခြင်းခံရမည်။ ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားသည် ငါ့ကိုကူညီမစတော်မူသောကြောင့် ငါသည် အသရေမပျက်ရ။ ကိုယ့်မျက်နှာကို မီးခတ်ကျောက်ကဲ့သို့ထား၏။ အရှက်ကွဲရလိမ့်မည်မဟုတ်ကြောင်း ငါသိ၏။
ထာဝရဘုရား ရွေးနုတ်ကယ်တင်သောသူတို့ ပြန်လာကြမည်။ သီချင်းဆိုလျက် ဇိအုန်မြို့ထဲသို့ဝင်လာကြမည်။ သူတို့၏ခေါင်းပေါ်၌ ဝမ်းမြောက်ခြင်းသရဖူကို အစဉ်အမြဲဆောင်းကြရမည်။ ဝမ်းနည်းခြင်း၊ ညည်းတွားခြင်းသည် ထွက်ပြေးသွား၍ ရွှင်မြူးခြင်း၊ ဝမ်းမြောက်ခြင်းကို ရရှိကြမည်။
သင်တို့အဖ အာဗြဟံ၊ သင်တို့ကိုမွေးဖွားသောစာရာကို ကြည့်ကြလော့။ ငါခေါ်စဉ်က အာဗြဟံတစ်ဦးတည်းရှိ၏။ ငါသည် သူ့ကို ကောင်းချီးပေး၍ များပြားစေ၏။
သင်မကြောက်နှင့်၊ အရှက်ကွဲရမည်မဟုတ်။ သင်မရှက်နှင့်၊ မျက်နှာပျက်ရမည်မဟုတ်။ အကယ်စင်စစ် ငယ်ရွယ်စဉ်ကအရှက်ကွဲခဲ့ရသည်ကို သင်မေ့လျော့သွားမည်။ မုဆိုးမဘဝကကဲ့ရဲ့ခံခဲ့ရသည်ကို သင်သတိရတော့မည်မဟုတ်။
ကိုယ်တော်သည် အကျွန်ုပ်တို့၏အဖဖြစ်တော်မူ၏။ အာဗြဟံသည် အကျွန်ုပ်တို့ကိုမသိ။ အစ္စရေးသည်လည်း အကျွန်ုပ်တို့ကိုအသိအမှတ်မပြု။ အို ထာဝရဘုရား၊ ကိုယ်တော်မူကား အကျွန်ုပ်တို့၏အဖဖြစ်တော်မူ၏။ ရှေးကာလကပင် ကိုယ်တော်၏နာမတော်သည် “အကျွန်ုပ်တို့ကိုရွေးနုတ်သောအရှင်” ဖြစ်၏။
ထာဝရဘုရားက “အို ငါ့အစေအပါးယာကုပ်၊ မကြောက်နှင့်။ အို အစ္စရေး၊ စိတ်မပျက်နှင့်။ သင့်ကို ဝေးသောအရပ်မှ၊ သင်၏အမျိုးအနွယ်ကို သုံ့ပန်းအဖြစ်နေရသောပြည်မှ ငါကယ်တင်မည်။ ယာကုပ်သည် ပြန်လာ၍ ခြိမ်းခြောက်မည့်သူမရှိဘဲ ငြိမ်းချမ်းသာယာစွာ နေရလိမ့်မည်”ဟု မိန့်တော်မူ၏။
ငါ့အစေအပါးဒါဝိဒ်သည် သူတို့ကိုအုပ်စိုးသည့်ဘုရင်ဖြစ်မည်။ သူတို့အားလုံး သိုးထိန်းတစ်ပါးတည်းသာရှိမည်။ သူတို့သည် ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာ၍ ငါ၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်းကြလိမ့်မည်။
ဤသို့ ငါ၏သန့်ရှင်းရာဌာနသည် သူတို့၌ အစဉ်တည်ရှိသောအခါ ငါထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို သန့်ရှင်းစေသောဘုရားဖြစ်ကြောင်း လူမျိုးတကာတို့ သိရလိမ့်မည်ဟု မိန့်တော်မူ၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ဖမ်းခေါ်သွားခြင်းခံရသောယာကုပ်အမျိုးကို ယခု ငါပြန်ခေါ်လာမည်။ အစ္စရေးတစ်မျိုးနွယ်လုံးကို သနားစုံမက်မည်။ သန့်ရှင်းသောငါ့နာမအတွက် ငါသဝန်တိုမည်။
သို့မှ ငါသည် အစ္စရေးလူမျိုးတို့တွင် စံမြန်းတော်မူကြောင်းကိုလည်းကောင်း၊ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကိုလည်းကောင်း၊ ငါမှတစ်ပါးအခြားသောဘုရားမရှိကြောင်းကိုလည်းကောင်း သင်တို့သိရကြလိမ့်မည်။ ငါ၏လူမျိုးတော်သည်လည်း ဘယ်သောအခါမျှ အရှက်ကွဲရတော့မည်မဟုတ်။
“အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ အကြောင်းမူကား ကိုယ်တော်သည် မိမိလူမျိုးတော်ကို အကြည့်အရှုကြွလာတော်မူ၍ ရွေးနုတ်ကယ်တင်ခြင်းကျေးဇူးကိုပြုတော်မူပြီး
ထို့နောက် သူတို့သည် သီချင်းအသစ်ကိုသီဆိုလျက် “ကိုယ်တော်သည် စာလိပ်ကိုယူ၍ ၎င်း၏တံဆိပ်များကိုဖွင့်ရန် ထိုက်တန်သောသူဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏သွေးတော်အားဖြင့် မျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးတို့ထဲမှ လူတို့ကို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူပြီး