ဟေဗြဲ 8:5 - မြန်မာ့စံမီသမ္မာကျမ်း
မောရှေသည် တဲတော်ကိုဆောက်လုပ်မည်ပြုစဉ်က “အလုံးစုံတို့ကို တောင်ပေါ်တွင် သင့်အား ငါပြခဲ့သည့်စံနမူနာအတိုင်းပြုလုပ်ရန် သတိပြုလော့”ဟူသောဗျာဒိတ်တော်ကိုရသည့်နည်းတူ ထိုသူတို့သည် အထက်ကောင်းကင်အရပ်၌ရှိသောအရာများ၏နမူနာပုံရိပ်နှင့်ဆိုင်သောဝတ်ကို ပြုကြ၏။
အခန်းကိုကြည့်ပါ။
ယဇ်ပုရောဟိတ်များပြုသောအမှုအရာများ သည် ကောင်းကင်ဘုံရှိအမှုအရာများ၏ပုံတူ နှင့်အရိပ်အရောင်မျှသာဖြစ်ပေသည်။ မောရှေ ပြုခဲ့သည့်အမှုအရာများသည်လည်း ဤနည်း အတိုင်းပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော်သူ သည်ပဋိညာဉ်တဲတော်ကိုတည်ဆောက်မည်ပြု သောအခါ ဘုရားသခင်က``တောင်ပေါ်တွင် သင့်အားငါပြခဲ့သည့်ပုံစံနှင့်အညီ အလုံး စုံတို့ကိုပြုလုပ်ရန်သတိမမေ့နှင့်'' ဟု ညွှန်ကြားတော်မူခဲ့သောကြောင့်ဖြစ်၏။-
အခန်းကိုကြည့်ပါ။
မောရှေသည် တဲတော်ကို ဆောက်လုပ်အံ့သောအခါ၊ တောင်ပေါ်မှာ သင့်အားပြခဲ့ပြီးသောပုံနှင့် ညီလျော်စွာ အလုံးစုံတို့ကိုလုပ်ခြင်းငှာ သတိပြုရမည်ဟု ဗျာဒိတ်တော်ကို ခံရသည်ဖြစ်၍၊ ထိုယဇ်ပုရောဟိတ်တို့သည် ကောင်းကင်အရာတို့၏ ပုံပမာအရိပ်နှင့်သာဆိုင်လျက် ဝတ်ကိုပြုနေကြ၏။
အခန်းကိုကြည့်ပါ။
မောရှေသည် တဲတော်ဆောက်သောအခါ ဘုရားသခင်က “တောင်ပေါ်၌ သင့်အား ပြသောပုံစံအတိုင်း အရာအားလုံးကို ဆောက်လော့” ဟု သတိပေးတော်မူခဲ့သည်ဖြစ်၍ ထိုယဇ်ပုရောဟိတ်များအမှုထမ်းဆောင်ရာ တဲတော်သည်လည်း ကောင်းကင်ဘုံ၌ ရှိသော တဲတော်ကို ထင်ဟပ်ရန်နှင့် ပုံတူယူရန်ဖြစ်၏။
အခန်းကိုကြည့်ပါ။