အကယ်စင်စစ် ကိုယ်တော်နှင့်ဝေးကွာသောသူတို့သည် ပျက်စီးကြရလိမ့်မည်။ ကိုယ်တော်အပေါ်သစ္စာမရှိ၊ ဖောက်ပြန်မှားယွင်းသောသူရှိသမျှတို့ကို ကိုယ်တော်သည် ဖယ်ရှားသုတ်သင်တော်မူလိမ့်မည်။
ဟောရှေ 9:1 - မြန်မာ့စံမီသမ္မာကျမ်း အို အစ္စရေး၊ လူမျိုးခြားတို့ကဲ့သို့ မရွှင်လန်း၊ မဝမ်းမြောက်နှင့်။ သင်တို့သည် ဖောက်ပြန်မှားယွင်းကြပြီ။ ဘုရားသခင်ကို စွန့်ပစ်ကြပြီ။ ကောက်နယ်တလင်းရှိသမျှတို့တွင် ပြည့်တန်ဆာလုပ်၍ရသောအခကို နှစ်သက်လေပြီ။ Common Language Bible ဣသရေလပြည်သားတို့၊ အခြားသောလူ မျိုးများကဲ့သို့ပျော်ပွဲရွှင်ပွဲများကိုမ ကျင်းပကြနှင့်။ သင်တို့သည်သင်တို့၏ ဘုရားသခင်ကိုသစ္စာဖောက်ကြပြီ။ သင် တို့သည်တိုင်းပြည်တစ်ဝှမ်းလုံးတွင် မိမိ ကိုယ်ကိုပြည့်တန်ဆာအဖြစ်ဗာလဘုရား ထံရောင်းစားကြပြီ။ သီးထွက်ကောင်းမှု များသည်ဗာလဘုရားကြောင့်ရသည်ဟု သင်တို့ထင်မှတ်ကြသည်။- Garrad Bible ကိုယ့် ဘု ရား သ ခင် နှင့် ခွာ သွား မှား ယွင်း၍၊ ကောက် နယ် တ လင်း ရှိ သ မျှ၌ အ ခ ကို တပ် မက် သော အို ဣ သ ရေ လ အ မျိုး၊ လူ မျိုး ခြား တို့ နည်း တူ၊ အား ရ ရွှင် လန်း ခြင်း မ ပြု လင့်။ Judson Bible အို ဣသရေလအမျိုး၊ တစ်ပါးအမျိုးသားကဲ့သို့ ဝမ်းမြောက်ရွှင်မြူးသောစိတ်ရှိ၍ မခုန်နှင့်။ ကိုယ်ဘုရားသခင်၌ မဆည်းကပ်၊ အခြားသောဘုရားနှင့် မှားယွင်းပြီ။ ကောက်နယ်တလင်းရှိသမျှတို့၌ မှားယွင်းခကို နှစ်သက်တတ်၏။ |
အကယ်စင်စစ် ကိုယ်တော်နှင့်ဝေးကွာသောသူတို့သည် ပျက်စီးကြရလိမ့်မည်။ ကိုယ်တော်အပေါ်သစ္စာမရှိ၊ ဖောက်ပြန်မှားယွင်းသောသူရှိသမျှတို့ကို ကိုယ်တော်သည် ဖယ်ရှားသုတ်သင်တော်မူလိမ့်မည်။
သင်စိုက်ပျိုးသောနေ့၌ပင် အပင်ကြီးထွားအောင်၊ သင်မျိုးစေ့ချသောနံနက်၌ပင် ဖူးပွင့်အောင် ပြုသော်လည်း မပျောက်နိုင်သောဝေဒနာဆိုး ကျရောက်သောနေ့ရက်၌ ရိတ်သိမ်းခြင်းသည် ရှိတော့မည်မဟုတ်။
သင်၏မကောင်းမှုသည် သင့်ကိုအပြစ်ဒဏ်ပေးလိမ့်မည်။ သင်၏လမ်းလွဲဖောက်ပြန်မှုသည် သင့်ကိုဆုံးမလိမ့်မည်။ သင်၏ဘုရားသခင်ထာဝရဘုရားကိုစွန့်ပယ်ခြင်း၊ ငါ့ကို မကြောက်ရွံ့ခြင်းသည် ဆိုးသောအမှု၊ ခါးသီးသောအမှုဖြစ်သည်ကို သိမှတ်လော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
“ရှေးကာလ၌ သင်၏ထမ်းပိုးကို ငါချိုး၍ သင်၏အချည်အနှောင်တို့ကို ငါဖြတ်ခဲ့၏။ သင်က ‘အကျွန်ုပ် ဝတ်မပြုပါ’ဟု ဆို၏။ အကယ်စင်စစ် သင်သည် ရှိရှိသမျှကုန်းမြင့်ပေါ်တွင်လည်းကောင်း၊ ရှိရှိသမျှစိမ်းလန်းသောသစ်ပင်အောက်တွင်လည်းကောင်း ပြည့်တန်ဆာလုပ်၏။
ငါတို့ပြောထားသည့်အတိုင်း ငါတို့ဆက်ဆက်ပြုမည်။ ငါတို့၏ဘိုးဘေးများ၊ ရှင်ဘုရင်များ၊ အကြီးအကဲများက ယုဒမြို့ရွာများ၊ ဂျေရုဆလင်မြို့လမ်းများတွင် ပြုခဲ့ကြသည့်အတိုင်း ကောင်းကင်မိဖုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်မည်။ သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းမည်။ ထိုစဉ်က ငါတို့ ဝလင်စွာစားရ၏။ ကောင်းစားခဲ့၏။ ဘေးအန္တရာယ်နှင့်မကြုံရ။
ဥဇပြည်၌နေထိုင်သော ဧဒုံသမီးပျို၊ ရွှင်မြူးထားနှင့်လော့။ ဝမ်းမြောက်ထားနှင့်လော့။ ဖလားတော်သည် သင့်ထံကူးလာမည်ဖြစ်၍ သင်သည်သောက်၍ ယစ်မူးသဖြင့် အဝတ်အချည်းစည်းဖြစ်ရလိမ့်မည်။
‘သို့သော် သင်သည် အလှဂုဏ်မောက်၍ သင်၏ကျော်ကြားမှုသည် သင့်ကို ပြည့်တန်ဆာအဖြစ်သို့ တွန်းပို့လေပြီ။ ရာဂစိတ်ပြင်းထန်၍ သင့်အနားဖြတ်သန်းသွားလာသောသူတို့နှင့် ဖောက်ပြန်မှားယွင်း၏။ သင့်အလှသည် သူတို့အဖို့ဖြစ်သွား၏။
အရှက်မရှိ ဖောက်ပြန်မှားယွင်းမှုရှိသမျှကို ပြုရလောက်အောင် သင့်စိတ်ထားယုတ်ညံ့လှချေတကား’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
လူမျိုးခြားတို့ကဲ့သို့၊ တိုင်းတစ်ပါးသားတို့ကဲ့သို့ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ကိုးကွယ်မည်ဟု ကြံစည်သောသင်တို့အကြံသည် မည်သည့်အခါမျှ ဖြစ်လာမည်မဟုတ်’ဟု မိန့်တော်မူ၏။
ဓားကိုပြောင်လက်အောင်၊ ထက်အောင် သွေးပြီး သတ်ပွဲကြီးဖြစ်တော့မည်ကို ငါတို့ဝမ်းသာရမည်လော။ ငါ့သား၏ရာဇလှံတံသည်လည်း အခြားသစ်ပင်များနည်းတူ သုတ်သင်ပယ်ရှင်းခံရတော့မည်။
ရှမာရိမြို့သားတို့သည် ဗေသဝင်နွားမတမ်းရုပ်တုကြောင့် ကြောက်ရွံ့နေကြ၏။ ထိုရုပ်တု၏ဘုန်းအသရေကွယ်ပျောက်သွားပြီဖြစ်၍ ရှမာရိမြို့သားများသည် ငိုကြွေး၍ ထိုရုပ်တု၌မွေ့လျော်သောယဇ်ပုရောဟိတ်များသည် မြည်တမ်းကြလိမ့်မည်။
‘ငါ့ချစ်သူတို့က ငါ့ကိုလက်ဆောင်ပေးသည်’ဟုဆိုသည့် သူ၏စပျစ်ပင်၊ သဖန်းပင်တို့ကိုလည်း ငါဖျက်ဆီး၍ တောအုပ်ဖြစ်စေကာ တောရိုင်းတိရစ္ဆာန်တို့ ကျက်စားရာဖြစ်စေမည်။
ငါ့လူမျိုးတော်သည် သစ်သားရုပ်တုကို မေးမြန်းတတ်၏။ တောင်ဝှေးသည်လည်း သူတို့ကို ပြောပြတတ်၏။ ပြည့်တန်ဆာပြုလိုစိတ်ကြောင့် လမ်းလွဲ၍ ဘုရားသခင်ကိုစွန့်ပယ်ကာ ပြည့်တန်ဆာလုပ်ကြ၏။
သူတို့၏လုပ်ရပ်များက သူတို့အား ဘုရားသခင်ထံသို့ ပြန်လာရန် အခွင့်မပေး။ သူတို့၌ ပြည့်တန်ဆာလုပ်လိုစိတ်ရှိသောကြောင့် ထာဝရဘုရားကိုလည်း မသိကြတော့ပေ။
သူတို့သည် ထာဝရဘုရားအပေါ် သစ္စာမဲ့၍ တရားမဝင်သားသမီးများကို မွေးကြပြီ။ ထို့ကြောင့် လဆန်းနေ့တွင် သူတို့နှင့်အတူ သူတို့၏အမွေမြေသည်လည်း ဝါးမျိုခြင်းခံရလိမ့်မည်။
“မြေကြီးပေါ်ရှိလူသားမျိုးနွယ်တို့တွင် သင်တို့တစ်မျိုးနွယ်တည်းကိုသာ ငါသိမှတ်သည်ဖြစ်၍ သင်တို့အပြစ်ရှိသမျှကို ငါစစ်ကြောမည်”ဟု မိန့်တော်မူ၏။
တဆေးပါသောမုန့်ကို ကျေးဇူးတော်ချီးမွမ်းရာယဇ်အနေနှင့် ပူဇော်ကြ။ စေတနာအလျောက်ပူဇော်သက္ကာကိုလည်း လူတကာသိအောင်ကြွေးကြော်လှူဒါန်းကြ။ အို အစ္စရေးအမျိုးသားတို့၊ သင်တို့ ဤသို့ပြုရသည်ကို နှစ်သက်ကြ၏”ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
“ငါတို့အင်အားဖြင့် ကာနိမ်မြို့ကို ငါတို့သိမ်းယူနိုင်ပြီ”ဟု ဆိုလျက် လောဒေဗာမြို့တွင် သင်တို့ဝမ်းမြောက်ကြ၏။
ထို့ပြင် သင်တို့၏ပျော်ပွဲများကို ငိုပွဲများ ဖြစ်စေမည်။ သင်တို့၏သီချင်းများကို ငိုချင်း ဖြစ်စေမည်။ သင်တို့အားလုံးကို လျှော်တေဝတ်စေ၍ ခေါင်းတုံး ဖြစ်စေမည်။ တစ်ဦးတည်းသောသားအတွက် ငိုကြွေးမြည်တမ်းရသကဲ့သို့ ဖြစ်စေမည်။ နိဂုံးသည်လည်း ခါးသီးသောနေ့ရက် ဖြစ်လိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
သို့သော် ယခု သင်တို့သည် ဟိတ်ဟန်ထုတ်လျက် ဝါကြွားနေကြ၏။ ထိုသို့သောဝါကြွားခြင်းဟူသမျှသည် မကောင်းသောအမှုဖြစ်၏။
ချမ်းသာသောသူတို့၊ ယခုနားထောင်ကြလော့။ သင်တို့အပေါ်သက်ရောက်လာမည့် ဒုက္ခဆင်းရဲခြင်းများအတွက် အော်ဟစ်ငိုကြွေးကြလော့။