သူသည် ရွာများတွင် ချုံခိုတိုက်ခိုက်ရန်ထိုင်စောင့်လျက် အပြစ်ကင်းသောသူကိုကွယ်ရာ၌ သတ်ဖြတ်တတ်၏။ သူ၏မျက်လုံးတို့သည် ခိုကိုးရာမဲ့သောသူကို ချောင်းမြောင်းတတ်၏။
သူကြီး 9:25 - မြန်မာ့စံမီသမ္မာကျမ်း ရှေခင်မြို့သားတို့သည် အဘိမလက်ကို ချောင်းမြောင်းတိုက်ခိုက်ရန် တောင်ပေါ်တွင် လူစောင့်ချထားကြောင်း၊ လမ်းသွားလမ်းလာတို့ကို လုယက်တိုက်ခိုက်ကြောင်းကို အဘိမလက်လည်း ကြားသိ၏။ Common Language Bible ရှေခင်မြို့သားတို့သည်အဘိမလက်အား တောင်ထိပ်များတွင် ချုံခိုချောင်းမြောင်းစေရန် အစောင့်ထားကြ၏။ ထိုအစောင့်တို့သည်ဖြတ် သန်းသွားလာသူတို့၏ဥစ္စာပစ္စည်းများကို လု ယူကြ၏။ ထိုသတင်းကိုအဘိမလက်ကြား သိရလေသည်။ Garrad Bible ရှေ ခင် မြို့ သား တို့ သည် အ ဘိ မ လက် ကို ချောင်း ကြည့် စေ ရန် တောင် ထိပ် ပေါ် တွင် ကင်း ထား ရာ၊ တောင် ကျော်၍ သွား သော ခ ရီး သည် တို့ ကို ထို သူ တို့ လု ယက် ကြ ကြောင်း အ ဘိ မ လက် ကြား လေ၏။ Judson Bible ရှေခင်မြို့သားတို့သည် အဘိမလက်ကို ချောင်းမြောင်းစေခြင်းငှာ၊ လူတို့ကို တောင်ထိပ်ပေါ်မှာထား၍ ထိုသူတို့သည် ခရီးသွားသောသူအပေါင်းတို့၏ ဥစ္စာကို လုယူကြ၏။ ထိုသတင်းကိုလည်း၊ အဘိမလက်သည် ကြား၏။ |
သူသည် ရွာများတွင် ချုံခိုတိုက်ခိုက်ရန်ထိုင်စောင့်လျက် အပြစ်ကင်းသောသူကိုကွယ်ရာ၌ သတ်ဖြတ်တတ်၏။ သူ၏မျက်လုံးတို့သည် ခိုကိုးရာမဲ့သောသူကို ချောင်းမြောင်းတတ်၏။
သူတို့အား “သင်တို့သည် မြို့အနောက်ဘက် မြို့နှင့်မလှမ်းမကမ်းတွင်ကင်းပုန်းချ၍ သင်တို့အားလုံး အဆင်သင့်ရှိနေကြရမည်။
ယေရုဗ္ဗာလ၏သားအယောက်ခုနစ်ဆယ်ကို ရက်ရက်စက်စက်သတ်ဖြတ်ကြသောအမှုကြောင့် ပြန်ပေးဆပ်ရမည့်သွေးကြွေးသည် ညီအစ်ကိုတို့အား သတ်သောအဘိမလက်နှင့် ထိုညီအစ်ကိုတို့အား သတ်သောအမှု၌ ကူညီပေးသောရှေခင်မြို့သားတို့အပေါ်သို့ ကျရောက်ခြင်းဖြစ်၏။
ထိုစဉ် ဧဗက်၏သားဂါလနှင့် သူ့ညီအစ်ကိုတို့သည် ရှေခင်မြို့သို့ ရောက်လာကြ၏။ ရှေခင်မြို့သားတို့သည် သူ့ကို ယုံကြည်အားထားကြ၏။