ဤသို့ဖြင့် ရှင်ဘုရင်သည် လူတို့၏စကားကို နားမထောင်ဘဲနေ၏။ အကြောင်းမှာ ရှိလောမြို့သားအဟိယမှတစ်ဆင့် နေဗတ်၏သားယေရောဗောင်အား ထာဝရဘုရားမိန့်မှာထားသောစကားများ အမှန်ဖြစ်လာရန် ထာဝရဘုရား ဤသို့ဖြစ်ပျက်စေခြင်းဖြစ်၏။
သူကြီး 9:23 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် အဘိမလက်နှင့် ရှေခင်မြို့သားတို့ကြားတွင် ဆိုးညစ်သောဝိညာဉ်ကို စေလွှတ်သဖြင့် ရှေခင်မြို့သားတို့သည် အဘိမလက်ကို သစ္စာဖောက်ကြ၏။ Garrad Bible ယေ ရု ဗ္ဗာ လ၏ သား ခု နစ် ကျိပ် တို့ အား ပြု လုပ် ခဲ့ သော ရက် စက် မှု၊ သွေး သွန်း မှု သည် ညီ အစ် ကို ဖြစ် လျက် ကွပ် မျက် သူ အ ဘိ မ လက် အ ပေါ် တွင်လည်း ကောင်း၊ ကွပ် မျက် ခြင်း အ မှု၌ အား ပေး ပါ ဝင် သော ရှေ ခင် မြို့ သား တို့ အ ပေါ် တွင်လည်း ကောင်း၊ လက် စား သင့် ရောက် စေ ခြင်း ငှါ အ ဘိ မ လက် နှင့် ရှေ ခင် မြို့ သား တို့ ကြား တွင် နတ် ဆိုး ကို ဘု ရား သ ခင် လွှတ် တော် မူ၍ ရှေ ခင် မြို့ သား တို့ သည် အ ဘိ မ လက် သ စ္စာ ကိုဖောက် ပြန် ကြ ကုန် ၏။ Judson Bible ဘုရားသခင်သည် အဘိမလက်နှင့် ရှေခင်မြို့သားစပ်ကြားမှာ ဆိုးသောဝိညာဉ်ကို စေလွှတ်တော်မူ၍၊ ရှေခင်မြို့သားတို့သည် အဘိမလက်၏သစ္စာကိုဖျက်ကြ၏။ |
ဤသို့ဖြင့် ရှင်ဘုရင်သည် လူတို့၏စကားကို နားမထောင်ဘဲနေ၏။ အကြောင်းမှာ ရှိလောမြို့သားအဟိယမှတစ်ဆင့် နေဗတ်၏သားယေရောဗောင်အား ထာဝရဘုရားမိန့်မှာထားသောစကားများ အမှန်ဖြစ်လာရန် ထာဝရဘုရား ဤသို့ဖြစ်ပျက်စေခြင်းဖြစ်၏။
ဤသို့ဖြင့် ရှင်ဘုရင်သည် လူတို့၏စကားကို နားမထောင်ဘဲနေ၏။ အကြောင်းမှာ ရှိလောမြို့သားအဟိယမှတစ်ဆင့် နေဗတ်၏သားယေရောဗောင်အား ထာဝရဘုရားမိန့်မှာထားသောစကားများ အမှန်ဖြစ်လာရန် ဘုရားသခင် ဤသို့ဖြစ်ပျက်စေခြင်းဖြစ်၏။
ထာဝရဘုရားသည် အီဂျစ်ပြည်ထဲသို့ ရှုပ်ထွေးသောသဘောကို သွင်းတော်မူသဖြင့် ယစ်မူးသူသည် မိမိအန်ဖတ်ပေါ်မှာ ဒယီးဒယိုင်ဖြစ်နေသကဲ့သို့ သူတို့သည် အီဂျစ်ပြည်၏အမှုကိစ္စရှိသမျှတို့ကို လမ်းလွဲစေကြပြီ။
“ငါသည် အီဂျစ်ပြည်သားတို့ကို အချင်းချင်းဆန့်ကျင်ရန် လှုံ့ဆော်၍ သူတို့သည် ညီအစ်ကိုအချင်းချင်း၊ အိမ်နီးချင်းအချင်းချင်း၊ မြို့အချင်းချင်း၊ နိုင်ငံအချင်းချင်း ဆန့်ကျင်ကြလိမ့်မည်။
ကိုယ်တိုင်ဖျက်ဆီးခြင်းမခံရဘဲ သူတစ်ပါးကို ဖျက်ဆီးသောသူ၊ ကိုယ်တိုင် သစ္စာဖောက်မခံရဘဲ သူတစ်ပါးကို သစ္စာဖောက်သောသူ၊ သင်သည် အမင်္ဂလာရှိ၏။ သင်သည် သူတစ်ပါးကိုဖျက်ဆီးပြီးလျှင် ပြန်၍အဖျက်ဆီးခံရမည်။ သူတစ်ပါးကို သစ္စာဖောက်ပြီးလျှင် ပြန်၍သစ္စာအဖောက်ခံရမည်။
အကြောင်းမူကား သင်တို့စီရင်သည့်နည်းလမ်းအတိုင်း သင်တို့သည် စီရင်ခြင်းခံရ၍ သင်တို့တိုင်းတာခြင်တွယ်သည့်စံနှုန်းအတိုင်း သင်တို့အတွက် တိုင်းတာခြင်တွယ်ပေးလိမ့်မည်။
နိုင်ငံတစ်နိုင်ငံသည်လည်း မိမိအတွင်း၌ ဆန့်ကျင်ကွဲပြားနေလျှင် ထိုနိုင်ငံသည် မတည်မြဲနိုင်ရာ။
သို့မဟုတ်လျှင် အဘိမလက်ထဲမှ မီးထွက်၍ ရှေခင်မြို့သား၊ ဗက်မိလ္လောမြို့သားတို့ကို လောင်ကျွမ်းပါစေ။ ရှေခင်မြို့သား၊ ဗက်မိလ္လောမြို့သားတို့ထဲမှလည်း မီးထွက်၍ အဘိမလက်ကို လောင်ကျွမ်းပါစေ”ဟု ကျယ်လောင်စွာအော်ဟစ်ပြီးလျှင်