အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




သူ​ကြီး 3:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အစ္စရေး​အမျိုးသား​တို့​သည် မောဘ​ဘုရင်​ဧဂလုန်​မင်းကြီး​ကို တစ်ဆယ့်​ရှစ်​နှစ် အစေခံ​ရ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တစ်​ဆယ့် ရှစ်​နှစ်​ပတ်​လုံး​ဧ​ဂ​လုန်​ထံ​၌​ကျွန်​ခံ​ရ​ကြ လေ​သည်။

အခန်းကိုကြည့်ပါ။

Garrad Bible

ဆယ့် ရှစ် နှစ် ပတ် လုံး၊ မော ဘ ဘု ရင် ဧ ဂ လုန် မင်း ထံ၊ ဣ သ ရေ လူ မျိုး တို့ ကျွန် ခံ ရ သည် နှင့် ထာ ဝ ရ ဘု ရား ထံ အော် ဟစ် ကြ လျှင်၊

အခန်းကိုကြည့်ပါ။

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တစ်​ဆယ်​ရှစ်​နှစ်​ပတ်​လုံး မော​ဘ​ရှင်​ဘု​ရင် ဧ​ဂ​လုန်​မင်း​ထံ၌ ကျွန်​ခံ​ရ​ကြ၏။

အခန်းကိုကြည့်ပါ။



သူ​ကြီး 3:14
7 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် သူ​တို့​ကို​လူမျိုးခြား​တို့​၏​လက်​သို့ အပ်​တော်မူ​သဖြင့် သူ​တို့​ကို​မုန်း​သော​သူ​တို့​သည် သူ​တို့​ကို​အုပ်စိုး​ကြ​၏​။


သင်​တို့​ကို ငါ​မျက်နှာ​လွှဲ​မည်​။ သင်​တို့​သည် သင်​တို့​၏​ရန်သူ​ရှေ့​၌ ရှုံးနိမ့်​ရ​လိမ့်မည်​။ သင်​တို့​ကို​မုန်းတီး​သော​သူ​တို့​သည် သင်​တို့​ကို အုပ်စိုး​လိမ့်မည်​။ လိုက်​သော​သူ​မ​ရှိ​သော်လည်း သင်​တို့​သည် ထွက်ပြေး​ရ​လိမ့်မည်​။


သင့်​နယ်မြေ​တစ်ခွင်လုံး​တွင် သံလွင်ပင်​ရှိ​သော်လည်း အသီး​ကြွေကျ​သောကြောင့် သင်​သည် သံလွင်​ဆီ​ကို​လိမ်း​ရ​မည်​မ​ဟုတ်​။


ဧဂလုန်​မင်းကြီး​သည် အမ္မုန်​အမျိုးသား​၊ အာမလက်​အမျိုးသား​တို့​ကို စုရုံး​၍ အစ္စရေး​လူမျိုး​တို့​ကို ချီတက်​တိုက်ခိုက်​ပြီး စွန်ပလွံ​မြို့​ကို သိမ်းပိုက်​ကြ​၏​။


ထိုအခါ အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ထံ အော်ဟစ်​ပြန်​သဖြင့် ထာဝရဘုရား​က ဗင်္ယာမိန်​အမျိုး​၊ ဂေရ​၏​သား လက်ဝဲ​လက်​အားသန်​သူ​ဧဟုဒ​ကို ကယ်တင်သူ​အဖြစ် ပေါ်ထွန်း​စေ​ပြန်​၏​။ တစ်ခါတွင် အစ္စရေး​အမျိုးသား​တို့​သည် ဧဟုဒ​မှတစ်ဆင့် မောဘ​ဘုရင်​ဧဂလုန်​မင်းကြီး​ထံ လက်ဆောင်​ဆက်သ​စေ​၏​။