အာဗနာက ယွာဘအား ဟစ်ခေါ်ပြီး “ဓားသည် အစဉ်ဝါးမျိုရမည်လော။ အဆုံးမှာ ခါးသီးကြေကွဲရမည်ကို မသိသလော။ ကိုယ့်ညီအစ်ကိုချင်းကို ဆက်၍ မလိုက်ကြရန် လူတို့ကို မတားတော့ပြီလော”ဟု ဆိုလေ၏။
သူကြီး 21:6 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့က ဗင်္ယာမိန်အမျိုးအနွယ်အတွက် စိတ်မကောင်းဖြစ်၍ “ယနေ့ အစ္စရေးအမျိုးအနွယ်တို့တွင် အမျိုးတစ်မျိုး ဖြတ်တောက်ခံရလေပြီ။ Common Language Bible ဣသရေလအမျိုးသားတို့သည်မိမိတို့ ၏ညီများဖြစ်သော ဗင်္ယာမိန်အနွယ်ဝင်တို့ အတွက်ဝမ်းနည်းကြေကွဲလျက်``ယနေ့ပင် လျှင်ဣသရေလအမျိုးအနွယ်အပေါင်း တို့အနက်တစ်နွယ်ကိုဆုံးရှုံးရလေပြီ။- Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ သည် အ ဆွေ အ မျိုး ဗင်္ယာ မိန့် အ နွယ် အ တွက် ပူ ပန် လျက် ယ နေ့ ဣ သ ရေ လ လူ မျိုး အ နက် အ နွယ် တစ် နွယ် ပြတ် စဲ ခဲ့ ပြီ။ Judson Bible ဣသရေလ အမျိုးသားတို့သည်လည်း၊ ညီဗင်္ယာမိန်အတွက် နောင်တရလျက်၊ ဣသရေလအမျိုးအနွယ်တို့တွင် ယနေ့တစ်မျိုးဆုံးပြီ။ |
အာဗနာက ယွာဘအား ဟစ်ခေါ်ပြီး “ဓားသည် အစဉ်ဝါးမျိုရမည်လော။ အဆုံးမှာ ခါးသီးကြေကွဲရမည်ကို မသိသလော။ ကိုယ့်ညီအစ်ကိုချင်းကို ဆက်၍ မလိုက်ကြရန် လူတို့ကို မတားတော့ပြီလော”ဟု ဆိုလေ၏။
အို ဧဖရိမ်၊ သင့်ကို မည်သို့စွန့်ပစ်နိုင်မည်နည်း။ အို အစ္စရေး၊ သင့်ကို မည်သို့အပ်နှံနိုင်မည်နည်း။ အာဒမာမြို့ကဲ့သို့ သင့်ကိုမည်သို့ဖြစ်စေနိုင်မည်နည်း။ ဇေဘိုင်မြို့ကဲ့သို့ သင့်ကိုမည်သို့ဖြစ်စေနိုင်မည်နည်း။ ငါသည် စိတ်ပြောင်းပြီး သနားကြင်နာစိတ် တစ်စတစ်စတိုးပွားလာပြီ။
ယေဖသသည် သမီးကိုမြင်သောအခါ မိမိအဝတ်ကိုဆုတ်ပြီး “အို ငါ့သမီး၊ ငါ့ကို အလွန်စိတ်ဆင်းရဲစေပြီတကား။ အလွန်ဒုက္ခရောက်စေပြီတကား။ ငါသည် ထာဝရဘုရားကို ကတိသစ္စာပြုပြီးမှ ချိုးဖောက်၍မရတော့ပြီ”ဟု ဆိုလေ၏။
အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်သို့တက်သွား၍ နေဝင်ချိန်တိုင်အောင် ငိုကြွေးလျက် ထာဝရဘုရားအား “အကျွန်ုပ်တို့၏ညီအစ်ကိုဖြစ်သော ဗင်္ယာမိန်အမျိုးသားတို့ကို တစ်ဖန်သွားတိုက်ရမည်လော”ဟု မေးလျှောက်ကြလျှင် ထာဝရဘုရားက “တိုက်လော့”ဟု မိန့်တော်မူ၏။
ဤသို့ ထာဝရဘုရားသည် အစ္စရေးအမျိုးအနွယ်ထဲမှ အမျိုးတစ်မျိုးကို ပြတ်တောက်သွားစေသောကြောင့် ဗင်္ယာမိန်အမျိုးအတွက် လူတို့စိတ်မကောင်းဖြစ်ကြ၏။
အစ္စရေးအမျိုးသားတို့က “မိဇပါမြို့သို့ မလာသောသူ၊ ထာဝရဘုရားရှေ့တော်သို့ မလာသောသူသည် မုချအသတ်ခံရမည်”ဟု တင်းတင်းကျပ်ကျပ်ကျိန်ဆိုထားကြသည်ဖြစ်၍ “အစ္စရေးအမျိုးအနွယ်တို့တွင် မည်သူသည် ဤလူစုဝေးရာထာဝရဘုရားထံတော်သို့ မလာဘဲ နေကြသနည်း”ဟု စစ်ဆေးမေးမြန်းကြ၏။
ငါတို့သည် ကိုယ့်သမီးကို သူတို့နှင့်မပေးစားနိုင်ဟု ထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုခဲ့ပြီဖြစ်၍ ကျန်ရစ်သောဗင်္ယာမိန်အမျိုးအနွယ်တို့ အိမ်ထောင်ပြုရန် မည်သို့ကူညီပေးနိုင်မည်နည်း”ဟု ဆိုကြ၏။