သူကြီး 21:6 - Common Language Bible6 ဣသရေလအမျိုးသားတို့သည်မိမိတို့ ၏ညီများဖြစ်သော ဗင်္ယာမိန်အနွယ်ဝင်တို့ အတွက်ဝမ်းနည်းကြေကွဲလျက်``ယနေ့ပင် လျှင်ဣသရေလအမျိုးအနွယ်အပေါင်း တို့အနက်တစ်နွယ်ကိုဆုံးရှုံးရလေပြီ။- အခန်းကိုကြည့်ပါ။Garrad Bible6 ဣ သ ရေ လ အ မျိုး သား တို့ သည် အ ဆွေ အ မျိုး ဗင်္ယာ မိန့် အ နွယ် အ တွက် ပူ ပန် လျက် ယ နေ့ ဣ သ ရေ လ လူ မျိုး အ နက် အ နွယ် တစ် နွယ် ပြတ် စဲ ခဲ့ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible6 ဣသရေလ အမျိုးသားတို့သည်လည်း၊ ညီဗင်္ယာမိန်အတွက် နောင်တရလျက်၊ ဣသရေလအမျိုးအနွယ်တို့တွင် ယနေ့တစ်မျိုးဆုံးပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 အစ္စရေးအမျိုးသားတို့က ဗင်္ယာမိန်အမျိုးအနွယ်အတွက် စိတ်မကောင်းဖြစ်၍ “ယနေ့ အစ္စရေးအမျိုးအနွယ်တို့တွင် အမျိုးတစ်မျိုး ဖြတ်တောက်ခံရလေပြီ။ အခန်းကိုကြည့်ပါ။ |
``အို ဣသရေလငါသည်သင့်ကိုအဘယ်သို့ ပစ်ပယ်နိုင်မည်နည်း။ ငါသည်သင့်ကိုအဘယ်သို့ စွန့်ပစ်နိုင်မည်နည်း။ ငါသည်အာဒမာမြို့ကိုဖျက်ဆီးသကဲ့သို့ လည်းကောင်း၊ ဇေဘိုင်မြို့ကိုပျက်သုဉ်းစေသကဲ့သို့လည်း ကောင်း၊ သင့်ကိုအဘယ်သို့သုတ်သင်ဖျက်ဆီးနိုင်မည် နည်း။ သင်တို့အပေါ်၌ငါ့မေတ္တာကရုဏာသည် ကြီးမားလှသောကြောင့်၊ ငါ၏စိတ်နှလုံးသည်ထိုသို့မပြုရက်နိုင်။
အာဗနာကယွာဘအား``ငါတို့သည်အစဉ်အမြဲ ဆက်လက်တိုက်ခိုက်နေရကြပါမည်လော။ နောက်ဆုံး ၌စိတ်နာမှုမှတစ်ပါးအဘယ်အကျိုးမျှရှိမည် မဟုတ်ကြောင်း သင်မသိမမြင်ပါသလော။ ငါတို့ သည်သင်တို့နှင့်တစ်မြေတည်းနေ၊ တစ်ရေတည်း သောက်သူများဖြစ်ပါ၏။ ငါတို့အားလိုက်လံ တိုက်ခိုက်မှုကိုရပ်စဲကြစေရန် သင်၏လူတို့ အားအမိန့်မပေးဘဲအဘယ်မျှကြာအောင် ဆိုင်းငံ့နေပါဦးမည်နည်း'' ဟုဟစ်အော်၍ ပြော၏။
ယေဖသသည်သူ့ကိုမြင်သောအခါစိတ် မချမ်းမသာဖြစ်လျက် မိမိအဝတ်ကိုဆွဲ ဆုတ်ကာ``အို ငါ့သမီး၊ သင်သည်ငါ၏စိတ်နှလုံး ကိုကြေကွဲစေလေပြီ။ ငါ့အားစိတ်ဝေဒနာ ခံစားစေသူမှာအဘယ်ကြောင့်သင်ဖြစ်ရ ပါသနည်း။ ငါသည်ထာဝရဘုရားအား ကြီးလေးသည့်သစ္စာကတိကိုပြန်လည်ရုတ် သိမ်း၍မရတော့ပါ'' ဟုပြော၏။
သူတို့က``ဣသရေလလူမျိုးအနွယ်အပေါင်း တို့အနက်မိဇပါမြို့ရှိ ထာဝရဘုရား၏ ရှေ့တော်သို့မလာမရောက်ဘဲနေခဲ့သည့်လူ စုရှိပါသလော'' ဟုမေးမြန်းကြ၏။ (အဘယ် ကြောင့်ဆိုသော်မိဇပါမြို့ထာဝရဘုရား ထံတော်သို့မလာမရောက်ဘဲနေသောသူ သည်သေဒဏ်ခံစေဟုကျိန်ဆိုကတိပြု ခဲ့ကြသောကြောင့်ဖြစ်၏။-)