ဗင်္ယာမိန်သည် ကိုက်ဖြတ်စားသောက်တတ်သည့်ဝံပုလွေဖြစ်၏။ သူသည် နံနက်အချိန်၌ သားကောင်ကိုစား၍ နေဝင်ချိန်၌ လုယက်သောအရာကို ခွဲဝေ၏”ဟု ဆိုလေ၏။
သူကြီး 20:21 - မြန်မာ့စံမီသမ္မာကျမ်း ဗင်္ယာမိန်အမျိုးသားတို့ကလည်း ဂိဗာမြို့ထဲမှထွက်လာ၍ အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်ရာ ထိုနေ့တွင် အစ္စရေးလူမျိုး အယောက်နှစ်သောင်းနှစ်ထောင်ကို သတ်ပစ်လိုက်ကြ၏။ Common Language Bible ဗင်္ယာမိန်တပ်သည်မြို့ထဲမှထွက်လာ၍နေ မဝင်မီပင် ဣသရေလတပ်သားနှစ်သောင်း နှစ်ထောင်ကိုသုတ်သင်သတ်ဖြတ်လိုက်ကြ၏။- Garrad Bible ဗင်္ယာ မိန့် အ နွယ် သား တို့ လည်း ဂိ ဗာ မြို့ မှ ချီ ထွက် ပြီး လျှင် ဣ သ ရေ လ တပ် သား နှစ် သောင်း နှစ် ထောင် ကို ထို နေ့၌ သတ် လှဲ ကြ၏။ Judson Bible ဗင်္ယာမိန်အမျိုးသားတို့သည် ဂိဗာမြို့ထဲကထွက်ပြီးလျှင်၊ ထိုနေ့တွင် ဣသရေလလူ နှစ်သောင်းနှစ်ထောင်တို့ကို မြေပေါ်မှာလှဲ၍ သတ်ကြ၏။ |
ဗင်္ယာမိန်သည် ကိုက်ဖြတ်စားသောက်တတ်သည့်ဝံပုလွေဖြစ်၏။ သူသည် နံနက်အချိန်၌ သားကောင်ကိုစား၍ နေဝင်ချိန်၌ လုယက်သောအရာကို ခွဲဝေ၏”ဟု ဆိုလေ၏။
ယခုလည်း သင်တို့သည် ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့ကို သင်တို့အဖို့ ကျွန်ယောက်ျား၊ ကျွန်မိန်းမများအဖြစ် ခိုင်းစေရန် ကြံရွယ်လေပြီ။ သင်တို့ကိုယ်တိုင်လည်း သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ပြစ်မှားကြသည်မဟုတ်လော။
ရှင်ဘုရင်သည် စစ်သည်အလုံးအရင်းကြောင့် ကယ်တင်ခြင်းခံရသည်မဟုတ်။ စစ်သူရဲသည် ကြီးမားသောခွန်အားကြောင့် လွတ်မြောက်ခွင့်ရသည်မဟုတ်။
ကိုယ်တော်၏လမ်းသည် ပင်လယ်ကိုဖြတ်ကျော်၍ ကိုယ်တော်၏လမ်းခရီးသည် ကျယ်ဝန်းသောရေပြင်ကို ဖြတ်ကျော်ပါ၏။ သို့သော် ကိုယ်တော်၏ခြေရာတော်တို့ကို မသိမမြင်ရပါ။
မိမိ၏လူမျိုးတော်ကိုလည်း ဓားဘေးသို့အပ်နှံ၍ မိမိ၏အမွေတော်ကို အမျက်ထွက်တော်မူ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်၏အမှုကို ကိုယ်တော့်ထံ ယူဆောင်လာသောအခါ ကိုယ်တော်သည် ဖြောင့်မတ်စွာစီရင်ပေးပါ၏။ ထို့ကြောင့် ကိုယ်တော်အား တရားမျှတမှုအကြောင်းကို မေးလျှောက်လိုပါ၏။ ဆိုးယုတ်သောသူတို့သည် အဘယ်ကြောင့် ကြီးပွားကြပါသနည်း။ သစ္စာမဲ့သောသူတို့သည် အဘယ်ကြောင့် ကောင်းစားကြပါသနည်း။
“အို အစ္စရေး၊ သင်သည် ဂိဗာမြို့တွင်နေစဉ်ကာလ အပြစ်ပြုကြ၏။ အပြစ်ပြုသူတို့သည် ထိုအရပ်၌ ဆက်နေကြ၏။ ဂိဗာမြို့တွင် စစ်ဖြစ်စဉ်က သူတို့ကို မနှိမ်နင်းနိုင်ခဲ့ပေ။
သင်သည် ရန်သူတို့ကိုတိုက်ခိုက်ရန် စစ်ချီ၍ စခန်းချသောအခါ မကောင်းမှုရှိသမျှကိုရှောင်ရမည်။
အစ္စရေးအမျိုးသားတို့သည် ဗင်္ယာမိန်အမျိုးကို တိုက်ခိုက်ရန် ချီတက်လာ၍ ဂိဗာမြို့၌ နေရာယူကြသောအခါ
သို့သော် အစ္စရေးအမျိုးသားတို့သည် အားယူ၍ ပထမနေ့ စစ်ဖြစ်ခဲ့သောနေရာတွင်ပင် နောက်တစ်ဖန် စစ်တိုက်ရန် နေရာယူကြပြန်၏။
ဗင်္ယာမိန်အမျိုးသားတို့သည်လည်း ဒုတိယနေ့တွင် ဂိဗာမြို့ထဲမှထွက်လာ၍ အစ္စရေးလူမျိုးတို့ကို ရင်ဆိုင်တိုက်ခိုက်ရာ အစ္စရေးအမျိုးသား ဓားကိုင်သူရဲ အယောက်တစ်သောင်းရှစ်ထောင်ကို သတ်ပစ်ပြန်၏။