ထာဝရဘုရား၏ကောင်းကင်တမန်က ထိုအမျိုးသမီးအား ကိုယ်ထင်ရှားပြလျက် “သင်သည် မြုံသောကြောင့် သားသမီး မရခဲ့သော်လည်း ယခု ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားမည်။
သူကြီး 13:15 - မြန်မာ့စံမီသမ္မာကျမ်း မာနော်ကလည်း ထာဝရဘုရား၏ကောင်းကင်တမန်အား “မသွားပါနှင့်ဦး။ သင့်အတွက် ဆိတ်သငယ်တစ်ကောင်ကို ချက်ပြုတ်ပြင်ဆင်ပါမည်”ဟု လျှောက်ဆို၏။ Common Language Bible မာနော်သည်ထိုသူမှာကောင်းကင်တမန်ဖြစ် ကြောင်းကိုမသိသဖြင့်သူ့အား``ကျေးဇူးပြု ၍မသွားပါနှင့်ဦး။ သင့်အတွက်ဆိတ်ငယ် တစ်ကောင်ကိုအကျွန်ုပ်တို့ချက်ပြုတ်ပါရ စေ'' ဟုဆို၏။ သို့သော်ကောင်းကင်တမန်က``အကယ်၍ငါ သည်မသွားဘဲနေလျှင်လည်း သင်၏အစား အစာကိုစားလိမ့်မည်မဟုတ်။ အကယ်၍ထို အစားအစာတို့ကိုသင်ပြင်ဆင်လိုသည် ဆိုပါမူ ယင်းကိုမီးရှို့ရာယဇ်အဖြစ်ဖြင့် ထာဝရဘုရားအားပူဇော်လော့'' ဟု ဆိုလေသည်။ Garrad Bible မာ နော် က၊ အ ရှင့် ရှေ့ တွင် ဆိတ် သား ငယ် တစ် ကောင် ကို ခင်း ကျင်း ခွင့် ရ ရုံ မျှ တား ပါ ရ စေ ဟု လျှောက် သော်၊ Judson Bible မာနော်ကလည်း၊ ကိုယ်တော်အဖို့ ဆိတ်သငယ်ကို မပြင်ဆင်မီတိုင်အောင် ကိုယ်တော်ကို ဆီးတားပါရစေဟု ထာဝရဘုရား၏ ကောင်းကင်တမန်အား ဆိုလျှင်၊ |
ထာဝရဘုရား၏ကောင်းကင်တမန်က ထိုအမျိုးသမီးအား ကိုယ်ထင်ရှားပြလျက် “သင်သည် မြုံသောကြောင့် သားသမီး မရခဲ့သော်လည်း ယခု ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားမည်။
ဘုရားသခင်၏ကောင်းကင်တမန်က သူ့အား “အသားနှင့် တဆေးမဲ့မုန့်ကို ယူ၍ ဤကျောက်ပေါ်တင်ထားလော့။ အသားပြုတ်ရည်ကိုမူ သွန်းလောင်းလော့”ဟု ဆိုလျှင် သူလည်း ထိုအတိုင်းပြု၏။