အာနုန်ချောင်းစပ်ရှိအာရော်မြို့မှစ၍ ထိုချောင်းအနားရှိမြို့အပါအဝင် ဂိလဒ်မြို့တိုင်အောင် ငါတို့ကိုခုခံနိုင်သောမြို့တစ်မြို့မျှမရှိ။ ငါတို့ဘုရားသခင်ထာဝရဘုရားသည် ထိုမြို့အားလုံးကို ငါတို့အား ပေးတော်မူ၏။
သူကြီး 11:22 - မြန်မာ့စံမီသမ္မာကျမ်း အာနုန်ချောင်းမှ ယဗ္ဗုတ်ချောင်းတိုင်အောင်၊ တောကန္တာရမှ ဂျော်ဒန်မြစ်တိုင်အောင် အာမောရိနယ်မြေတစ်ခုလုံးကို သိမ်းပိုက်လိုက်ကြ၏။ Common Language Bible သူတို့သည်တောင်သို့လားသော်အာနုန်မြစ်၊ မြောက်သို့လားသော်ယဗ္ဗုတ်မြစ်တိုင်အောင် လည်းကောင်း၊ အရှေ့သို့လားသော်သဲကန္တာရ၊ အနောက်သို့လားသော်ယော်ဒန်မြစ်တိုင်အောင် လည်းကောင်းအာမောရိနယ်မြေရှိသမျှ ကိုသိမ်းယူကြ၏။- Garrad Bible ထို သို့ အာ နုန် ချောင်း မှ ယ ဗ္ဗုတ် ချောင်း အ ထိ လည်း ကောင်း၊ သဲ က န္တာ ရ မှ ယော် ဒန် မြစ် အ ထိ လည်း ကောင်း၊ အာ မော ရိ ပြည် တစ် လျှောက် လုံး ကို အ ပိုင် ရ ကြ သ တည်း။ Judson Bible အာမောရိပြည် နယ်မြေတစ်လျှောက်လုံးကို အာနုန်မြစ်မှစ၍ ယဗ္ဗုတ်ချောင်းတိုင်အောင်လည်းကောင်း၊ တောမှစ၍ ယော်ဒန်မြစ်တိုင်အောင်လည်းကောင်း သိမ်းယူကြ၏။ |
အာနုန်ချောင်းစပ်ရှိအာရော်မြို့မှစ၍ ထိုချောင်းအနားရှိမြို့အပါအဝင် ဂိလဒ်မြို့တိုင်အောင် ငါတို့ကိုခုခံနိုင်သောမြို့တစ်မြို့မျှမရှိ။ ငါတို့ဘုရားသခင်ထာဝရဘုရားသည် ထိုမြို့အားလုံးကို ငါတို့အား ပေးတော်မူ၏။
ယဗ္ဗုတ်ချောင်းတစ်လျှောက်မှစ၍ တောင်ပေါ်ဒေသရှိမြို့များနှင့် ငါတို့ဘုရားသခင်ထာဝရဘုရားပညတ်ထားသမျှသော အမ္မုန်အမျိုးသားတို့၏မြေကိုကား မချဉ်းကပ်ရကြ။
စင်စစ် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် အာမောရိလူမျိုးတို့ကို မိမိလူမျိုးတော်အစ္စရေးတို့ရှေ့မှ နှင်ထုတ်တော်မူခဲ့ခြင်းဖြစ်၏။ ယခုမှာ သင်သည် ထိုပြည်ကို ပြန်သိမ်းပိုက်လိုသလော။