သို့သော် ယာကုပ်၏သားတို့သည် သူတို့၏နှမဒိနကို ညစ်ညူးအောင် ရှေခင်ပြုခဲ့သောကြောင့် ရှေခင်နှင့်သူ၏ဖခင်ဟာမော်အား တစ်ဖက်လှည့်ဖြင့် ပြန်ပြောကြ၏။
သုတ္တံကျမ်း။ 26:24 - မြန်မာ့စံမီသမ္မာကျမ်း အမုန်းထားသောသူသည် မိမိ၏နှုတ်ဖြင့် ဟန်ဆောင်ပြောဆိုသော်လည်း သူ၏စိတ်နှလုံးထဲ၌ လိမ်လည်လှည့်ဖြားသောသဘောကို ဆောင်ထားတတ်၏။ Common Language Bible အငြိုးထားသောသူသည် နှုတ်ဖြင့်လျှို့ဝှက်၍၊ ကိုယ်ထဲမှာလှည့်စားသော သဘောကို ဝှက်ထားတတ်၏။ Garrad Bible မုန်း ထား သော သူ သည်၊ နှုတ် ဖြင့် ဟန် ဆောင်၍၊ လှည့် စား တတ် သော သ ဘော ကို သွင်း ထား တတ်၏။ Judson Bible အငြိုးထားသောသူသည် နှုတ်ဖြင့်လျှို့ဝှက်၍၊ ကိုယ်ထဲမှာ လှည့်စားသောသဘောကို ဝှက်ထားတတ်၏။ |
သို့သော် ယာကုပ်၏သားတို့သည် သူတို့၏နှမဒိနကို ညစ်ညူးအောင် ရှေခင်ပြုခဲ့သောကြောင့် ရှေခင်နှင့်သူ၏ဖခင်ဟာမော်အား တစ်ဖက်လှည့်ဖြင့် ပြန်ပြောကြ၏။
အဗရှလုံကလည်း “ထိုသို့ဖြစ်လျှင် အကျွန်ုပ်၏အစ်ကို အာမနုန်ကို အကျွန်ုပ်တို့နှင့်အတူ သွားခွင့်ပေးပါ”ဟု ဆိုလျှင် ရှင်ဘုရင်က “အဘယ်ကြောင့် သူ့ကို သွားစေလိုသနည်း”ဟု မေး၏။
သို့သော် အဗရှလုံက မရမကတောင်းဆိုသဖြင့် ရှင်ဘုရင်သည် အာမနုန်နှင့်တကွ ရှင်ဘုရင်၏သားတော်အားလုံးကိုသွားစေလေ၏။
ယွာဘက အာမသအား “ငါ့ညီ၊ အဆင်ပြေပါ၏လော”ဟု ဆို၏။ ထို့နောက် ယွာဘသည် အာမသ၏မုတ်ဆိတ်ကို ညာလက်ဖြင့် ဆွဲကိုင်ပြီး နမ်းမည်ပြု၏။
ထိုအခါ သမ္ဘာလတ်နှင့် ဂေရှင်က “လာပါ ဩနောလွင်ပြင်၊ ခေဖိရိမ်ရွာတွင် ဆုံကြပါစို့”ဟု ငါ့ထံ သတင်းပို့လာ၏။ စင်စစ် သူတို့သည် ငါ့ကို လုပ်ကြံရန် ကြံစည်ကြခြင်းသာ ဖြစ်၏။
ထာဝရဘုရားသည် မြှောက်ပင့်တတ်သောနှုတ်ခမ်းနှင့် ဝါကြွားပြောဆိုတတ်သောလျှာရှိသမျှတို့ကို ဖယ်ရှားတော်မူပါစေ။
မိမိတို့၏အိမ်နီးချင်းများအား ငြိမ်းချမ်းစွာပြောဆိုတတ်သော်လည်း မိမိတို့စိတ်နှလုံး၌ မကောင်းမှုများရှိကြသည့် ဆိုးယုတ်သောသူများ၊ အပြစ်ဒုစရိုက်ပြုသောသူများနှင့်အတူ အကျွန်ုပ်ကိုဆွဲခေါ်သွားတော်မမူပါနှင့်။
ငါ့ကိုလာကြည့်သောသူသည်လည်း မဟုတ်မမှန်ပြောဆို၏။ သူ၏စိတ်နှလုံးတွင် ယုတ်ညံ့သောအရာကို စုဆောင်းလျက် အပြင်သို့ထွက်သွားသောအခါ ထိုအရာကိုပြောဆို၏။
မုန်းတီးခြင်းကိုဖုံးကွယ်ထားသောသူ၌ မုသားနှုတ်ခမ်းရှိ၏။ အသရေပျက်စေသောစကားကို ဖြန့်သူသည် မိုက်မဲသောသူဖြစ်၏။
မမှန်ကန်သောချိန်ခွင်ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ မှန်သောအလေးကိုကား ကိုယ်တော်နှစ်သက်တော်မူ၏။
ဖြောင့်မတ်စွာပြောဆိုသောသူသည် သစ္စာစကားကိုထွက်ဆိုတတ်၏။ မုသားသက်သေမူကား လိမ်လည်လှည့်ဖြားသောစကားကိုထွက်ဆိုတတ်၏။
မကောင်းမှုကို တွေးတောကြံစည်သောသူတို့၏ စိတ်နှလုံးထဲ၌ လိမ်လည်လှည့်ဖြားခြင်းရှိ၏။ ငြိမ်းချမ်းရေးအတွက် အားပေးလှုံ့ဆော်သောသူတို့၌ကား ဝမ်းမြောက်ခြင်းရှိ၏။
ဖြောင့်မတ်သောသူတို့၏အကြံအစည်တို့သည် တရားမျှတ၏။ ဆိုးယုတ်သောသူတို့၏လမ်းညွှန်မှုတို့သည် လိမ်လည်လှည့်ဖြားခြင်းဖြစ်၏။
ဆင်ခြင်ဉာဏ်ရှိသောသူ၏ဉာဏ်ပညာမှာ မိမိလမ်းကိုသိရှိနားလည်ခြင်းဖြစ်၏။ မိုက်မဲသောသူတို့၏မိုက်မဲခြင်းမူကား လိမ်လည်လှည့်ဖြားခြင်းဖြစ်၏။
အကြောင်းမူကား သူသည် မိမိစိတ်ထဲ၌ တွက်ချက်တတ်သောသူမျိုးဖြစ်၏။ သူသည် သင့်အား “စားလော့။ သောက်လော့”ဟု ဆိုသော်လည်း သင့်အပေါ် စေတနာစိတ်မရှိ။
“လူတိုင်း မိမိ၏အိမ်နီးချင်းကို သတိပြုကြလော့။ မည်သည့်ညီအစ်ကိုကိုမျှ မယုံကြနှင့်။ အကြောင်းမူကား ညီအစ်ကိုအားလုံး လူလိမ်သက်သက်သာဖြစ်ကြ၏။ အိမ်နီးချင်းအားလုံးသည်လည်း အတင်းအဖျင်းလိုက်ပြောသောသူများသာဖြစ်ကြ၏။
ထို့ကြောင့် ရှောလုမင်းကြီးက ဒါဝိဒ်အား “ကြည့်လော့။ ငါ့သမီးအကြီးမေရပ်ကို သင်နှင့်ပေးစားမည်။ ငါ၏စစ်သူရဲအဖြစ်နေ၍ ထာဝရဘုရားအဖို့ တိုက်ပွဲဝင်ပါလော့”ဟု ဆို၏။ အကယ်စင်စစ် ရှောလုမင်းကြီးက “ငါ့လက်ချက်နှင့် သူမသေ။ ဖိလိတ္တိလူမျိုးတို့လက်ချက်ဖြင့် သေပါစေ”ဟု ကြံစည်ခြင်းဖြစ်၏။