မီးသွေးသည် မီးခဲရှိန်ကိုလည်းကောင်း၊ ထင်းသည် မီးရှိန်ကိုလည်းကောင်း လှုံ့ဆော်သကဲ့သို့ ငြင်းခုံရန်တွေ့တတ်သောသူသည် ခိုက်ရန်ဖြစ်ပွားခြင်းကို လှုံ့ဆော်တတ်၏။
မီးခဲချင်းပြုသကဲ့သို့၎င်း၊ ထင်းသည် မီးကိုမွေး သကဲ့သို့၎င်း၊ ရန်တွေ့တတ်သောသူသည် ခိုက်ရန်မှုကို ပြုစုတတ်၏။
မီး ကျီး အ ဖို့ မီး သွေး၊ မီး အ ဖို့ ထင်း၊ ရန် မီး ထ ခြင်း အ ဖို့၊ ရန် တွေ့ တတ် သော သူ တည်း။
မီးခဲချင်း ပြုသကဲ့သို့လည်းကောင်း၊ ထင်းသည် မီးကို မွေးသကဲ့သို့လည်းကောင်း၊ ရန်တွေ့တတ်သောသူသည် ခိုက်ရန်မှုကို ပြုစုတတ်၏။
ဂိလဂါလမြို့တွင် ဗင်္ယာမိန်အမျိုးသား ဗိခရိ၏သားဖြစ်သူ ရှေဘအမည်ရှိသော ဆိုးညစ်သူ တစ်ဦးရှိ၏။ သူသည် တံပိုးကိုမှုတ်၍ “ဒါဝိဒ်၌ ငါတို့ ဝေစုမရှိ။ ယေရှဲ၏သား၌ ငါတို့ အမွေခံစရာမရှိ။ အို အစ္စရေးလူမျိုးတို့၊ ကိုယ့်အိမ်သို့ ကိုယ်ပြန်ကြ”ဟု ဆို၏။
ယေရောဗောင်ပြန်ရောက်လာပြီဖြစ်ကြောင်းကို အစ္စရေးလူမျိုးတစ်မျိုးလုံး ကြားသိလျှင် လူလွှတ်၍ သူ့ကို လူထုရှေ့သို့ခေါ်လာစေပြီး အစ္စရေးလူမျိုးအပေါင်းတို့ကို အုပ်ချုပ်ရန် မင်းမြှောက်လိုက်လေ၏။ ယုဒအမျိုးမှတစ်ပါး ဒါဝိဒ်မင်းမျိုးမင်းနွယ်နောက်သို့လိုက်သောသူမရှိ။
စစ်သူရဲ၏ချွန်ထက်သောမြားနှင့် ရှားမီးခဲတို့ဖြင့်ဖြစ်၏။
မုန်းတီးခြင်းသည် အငြင်းပွားမှုများဖြစ်စေရန် လှုံ့ဆော်တတ်၏။ ချစ်ခြင်းမေတ္တာမူကား ကျူးလွန်သောအပြစ်ရှိသမျှကို ဖုံးအုပ်တတ်၏။
ဒေါသကြီးသောသူသည် အငြင်းပွားမှုဖြစ်ရန်လှုံ့ဆော်တတ်၏။ စိတ်ရှည်သောသူမူကား ခိုက်ရန်ဖြစ်ပွားခြင်းကိုငြိမ်းစေတတ်၏။
စိတ်တိုသောသူသည် အငြင်းပွားမှုဖြစ်ရန် လှုံ့ဆော်တတ်၏။ ဒေါသကြီးသောသူသည်လည်း အပြစ်များစွာကျူးလွန်တတ်၏။
အကြောင်းမူကား နို့ကိုမွှေလျှင် ထောပတ်ကိုရ၍ နှာခေါင်းကိုဆွဲလိမ်လျှင် သွေးထွက်တတ်သကဲ့သို့ ဒေါသကိုမွှေလျှင် ခိုက်ရန်ဖြစ်ပွားတတ်၏။