သူဝါးမျိုထားသောဥစ္စာပစ္စည်းတို့ကို ပြန်အန်ထုတ်ရလိမ့်မည်။ ဘုရားသခင်သည် ထိုအရာတို့ကို သူ့ဝမ်းထဲမှ ထုတ်ပစ်တော်မူမည်။
သုတ္တံကျမ်း။ 21:20 - မြန်မာ့စံမီသမ္မာကျမ်း ပညာရှိသောသူ၏အိမ်၌ နှစ်လိုဖွယ်ကောင်းသောဥစ္စာဘဏ္ဍာနှင့် ဆီရှိ၏။ မိုက်မဲသောသူကား ထိုအရာတို့ကို သုံးဖြုန်းတတ်၏။ Common Language Bible ပညာရှိသောသူ၏အိမ်၌ နှစ်သက်ဘွယ်သော ဘဏ္ဍာနှင့် ဆီရှိတတ်၏။ မိုက်သောသူမူကား၊ ကုန်စေ တတ်၏။ Garrad Bible ပ ညာ ရှိ၏ အိမ်၌၊ နှစ် သက် ဖွယ် သော ဘ ဏ္ဍာ နှင့် နံ့ သာ ဆီ ပေါ များ၏။ မိုက် မဲ သူ မူ ကား၊ ဖြုန်း တီး တတ်၏။ Judson Bible ပညာရှိသောသူ၏အိမ်၌ နှစ်သက်ဖွယ်သောဘဏ္ဍာနှင့် ဆီရှိတတ်၏။ မိုက်သောသူမူကား၊ ကုန်စေတတ်၏။ |
သူဝါးမျိုထားသောဥစ္စာပစ္စည်းတို့ကို ပြန်အန်ထုတ်ရလိမ့်မည်။ ဘုရားသခင်သည် ထိုအရာတို့ကို သူ့ဝမ်းထဲမှ ထုတ်ပစ်တော်မူမည်။
ပင်ပန်းစွာရှာဖွေထားသောအရာများကိုလည်း မစားရဘဲ စွန့်လွှတ်ရလိမ့်မည်။ ကုန်သွယ်၍ရသောအမြတ်ကိုလည်း ခံစားခွင့်ရမည်မဟုတ်။
သူ၏အိမ်၌ စည်းစိမ်ဥစ္စာရှိ၏။ သူ၏ဖြောင့်မတ်ခြင်းသည်လည်း ထာဝရတည်လိမ့်မည်။
အကျွန်ုပ်၏ရန်သူတို့ရှေ့၌ ကိုယ်တော်သည် အကျွန်ုပ်အတွက်စားပွဲကို တည်ခင်းတော်မူ၏။ အကျွန်ုပ်၏ခေါင်းကို ဆီနှင့်လိမ်းတော်မူ၏။ အကျွန်ုပ်၏ခွက်ဖလားသည် လျှံလျက်ရှိပါ၏။
ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည် လူကိုချမ်းသာကြွယ်ဝစေ၏။ ကိုယ်တော်သည် ထိုချမ်းသာကြွယ်ဝမှု၌ မည်သည့်ခက်ခဲပင်ပန်းမှုကိုမျှ ထပ်ပေါင်းတော်မမူ။
ပညာရှိသောသူတို့၏သရဖူသည် သူတို့၏ဓနဥစ္စာဖြစ်၏။ မိုက်မဲသောသူတို့၏မိုက်မဲခြင်းမူကား မိုက်မဲမှုဖြစ်၏။
ဖြောင့်မတ်သောသူ၏အိမ်၌ စည်းစိမ်များစွာရှိ၏။ ဆိုးယုတ်သောသူ၏အမြတ်အစွန်းမူကား ဒုက္ခပေးတတ်၏။
စိတ်နှိမ့်ချခြင်းနှင့် ထာဝရဘုရားကိုကြောက်ရွံ့ခြင်းအကျိုးကား ဓနဥစ္စာ၊ ဂုဏ်သရေနှင့် အသက်ရှင်ခြင်းဖြစ်၏။
ငါ့ကိုချစ်သောသူတို့အား စည်းစိမ်ချမ်းသာကိုအမွေဆက်ခံစေလျက် သူတို့၏ဘဏ္ဍာတိုက်များကို ပြည့်စေ၏။
ပျော်ရွှင်ရန် စားသောက်ပွဲကိုကျင်းပတတ်ကြ၏။ စပျစ်ဝိုင်သည် အသက်တာကိုဝမ်းမြောက်စေတတ်၏။ ငွေသည် ခပ်သိမ်းသောအမှုကိုဖြေရှင်းပေးတတ်၏။
ဘုရားသခင်သည် ဓနဥစ္စာနှင့် စည်းစိမ်ချမ်းသာကိုပေးတော်မူသောသူတိုင်းအား ထိုအရာတို့ကိုခံစားသုံးဆောင်ရသောအခွင့်ကိုလည်းကောင်း၊ မိမိ၏ဝေစုကိုယူ၍ မိမိ၏ကြိုးပမ်းအားထုတ်မှု၌ ဝမ်းမြောက်ရသောအခွင့်ကိုလည်းကောင်း ပေးတော်မူ၏။ ဤအရာသည် ဘုရားသခင်ပေးတော်မူသောလက်ဆောင်ဖြစ်၏။
ဉာဏ်ပညာသည် အမွေဥစ္စာနှင့်အမျှကောင်းမြတ်၍ နေကိုမြင်သောသူတို့အတွက် အကျိုးရှိ၏။
ထိုအခါ ထိုသူတို့ထဲမှလူဆယ်ယောက်တို့က “အကျွန်ုပ်တို့ကို မသတ်ပါနှင့်။ အကျွန်ုပ်တို့မှာ တော၌ဝှက်ထားသော ဂျုံ၊ မုယော၊ ဆီ၊ ပျားရည်တို့ ရှိပါသည်”ဟု ဣရှမေလအားဆိုသောကြောင့် သူတို့ကို သူတို့အဖော်တို့နှင့်အတူ မသတ်ဘဲ ထားခဲ့လေ၏။
ထိုအခါ မိုက်မဲသောသူတို့က ‘ငါတို့မီးခွက်များမီးငြိမ်းတော့မည်ဖြစ်၍ သင်တို့၏ဆီအချို့ကို ငါတို့အားပေးကြပါ’ဟု ပညာသတိရှိသောသူတို့ကိုပြောကြ၏။
မိမိ၌ရှိသမျှတို့ကို အကုန်သုံးစွဲပြီးသောအခါ ထိုပြည်အနှံ့တွင် ကြီးစွာသောငတ်မွတ်ခေါင်းပါးခြင်းဘေးကျရောက်သဖြင့် သူသည် ဆင်းရဲနွမ်းပါးခြင်းသို့ရောက်လေ၏။
ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့အား မြွက်ဆိုတော်မူသည်မှာ“သူဌေးတစ်ဦးတွင် ဘဏ္ဍာစိုးတစ်ယောက်ရှိ၏။ ထိုဘဏ္ဍာစိုးသည် သူဌေး၏ဥစ္စာပစ္စည်းများကိုဖြုန်းတီးနေကြောင်း တိုင်ကြားသူရှိသဖြင့်
ကောင်းသောသူသည် ကောင်းသောအရာကို ကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်ထဲမှ ထုတ်ဖော်တတ်၏။ မကောင်းသောသူသည်လည်း မကောင်းသောအရာကို မကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်ထဲမှ ထုတ်ဖော်တတ်၏။ အကြောင်းမူကား စိတ်နှလုံး၌ပြည့်လျှံနေသည့်အရာကို နှုတ်ကပြောဆိုတတ်၏။