သူစိမ်းအတွက် အာမခံသောသူ၏အဝတ်ကိုယူထားလော့။ ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမအတွက် အာမခံသောသူထံမှ အပေါင်ပစ္စည်းကိုယူထားလော့။
သုတ္တံကျမ်း။ 20:17 - မြန်မာ့စံမီသမ္မာကျမ်း လှည့်ဖြား၍ရသောအစားအစာသည် စားသူအတွက်ချိုမြိန်သော်လည်း နောက်မှ သူ၏နှုတ်သည် ကျောက်စရစ်များနှင့်ပြည့်လိမ့်မည်။ Common Language Bible လှည့်စား၍ ရသောအစာသည် ချိုမြိန်သော် လည်း၊ စားသော သူ၏နှုတ်သည် ကျောက်စရစ်နှင့် ပြည့်လိမ့်မည်။ Garrad Bible လှည့် စား သ ဖြင့် ရ သော အ စာ သည်၊ ချို မြိန် သည် မှန် သော် လည်း၊ စား ရ သော သူ၏ နှုတ် သည်၊ ကျောက် ခဲ သ လဲ နှင့် ပြည့် ဝ လိမ့် မည်။ Judson Bible လှည့်စား၍ရသော အစာသည် ချိုမြိန်သော်လည်း၊ စားသောသူ၏နှုတ်သည် ကျောက်စရစ်နှင့် ပြည့်လိမ့်မည်။ |
သူစိမ်းအတွက် အာမခံသောသူ၏အဝတ်ကိုယူထားလော့။ ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမအတွက် အာမခံသောသူထံမှ အပေါင်ပစ္စည်းကိုယူထားလော့။
အကယ်စင်စစ် သူတို့သည် ဆိုးယုတ်ခြင်းမုန့်ကိုစား၍ ရက်စက်ကြမ်းကြုတ်ခြင်းစပျစ်ဝိုင်ကို သောက်ကြ၏။
အချင်းလူပျို၊ သင်ပျိုရွယ်စဉ်တွင် ဝမ်းမြောက်လော့။ သင်၏အသက် ပျိုရွယ်သောနေ့ရက်များ၌လည်း သင်၏စိတ်နှလုံးသည် ရွှင်လန်းပါစေ။ သင့်စိတ်နှလုံးအလိုရှိရာလမ်းများနောက်သို့လည်းကောင်း၊ သင့်မျက်စိပသာဒနောက်သို့လည်းကောင်း လိုက်လော့။ သို့ရာတွင် ထိုအရာအားလုံးအတွက် ဘုရားသခင်သည် သင့်ကိုတရားသဖြင့်စီရင်တော်မူမည်ဖြစ်ကြောင်း သိမှတ်လော့။
အပြစ်နှင့်ဆိုင်သောပျော်ရွှင်မှုကို ခဏသာခံစားရခြင်းထက် ဘုရားသခင်၏လူမျိုးတော်နှင့်အတူ ဆင်းရဲဒုက္ခခံရခြင်းကို ယုံကြည်ခြင်းအားဖြင့်ရွေးချယ်၏။