အကျင့်ဖောက်ပြားသောမိန်းမတို့၏နှုတ်သည် နက်သောတွင်းဖြစ်၏။ ထာဝရဘုရား၏အမျက်တော်သင့်သောသူသည် ထိုတွင်းထဲသို့ကျရောက်လိမ့်မည်။
သုတ္တံကျမ်း။ 2:16 - မြန်မာ့စံမီသမ္မာကျမ်း အကျင့်ဖောက်ပြားသောမိန်းမနှင့် စကားတို့ဖြင့်မြှူဆွယ်တတ်သော ကိုယ်ကျင့်တရားပျက်ပြားသည့်မိန်းမ၏လက်မှလည်း သင့်ကိုကယ်နုတ်လိမ့်မည်။ Common Language Bible အမျိုးပျက်သောမိန်းမ၊ နှုတ်နှင့်ချော့မော့တတ် သော ပြည်တန်ဆာမိန်းမ၊ Judson Bible အမျိုးပျက်သောမိန်းမ၊ နှုတ်နှင့်ချော့မော့တတ်သော ပြည့်တန်ဆာမိန်းမ၊ |
အကျင့်ဖောက်ပြားသောမိန်းမတို့၏နှုတ်သည် နက်သောတွင်းဖြစ်၏။ ထာဝရဘုရား၏အမျက်တော်သင့်သောသူသည် ထိုတွင်းထဲသို့ကျရောက်လိမ့်မည်။
အကြောင်းမူကား ပြည့်တန်ဆာသည် နက်သောတွင်းဖြစ်၏။ ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမသည်လည်း ကျဉ်းသောရေတွင်းဖြစ်၏။
မုသားသုံးသောလျှာသည် မိမိကြောင့် ထိခိုက်နာကျင်ရသောသူတို့ကိုမုန်းတတ်၏။ မြှောက်ပင့်တတ်သောနှုတ်သည်လည်း ပျက်စီးခြင်းကို ဖြစ်စေတတ်၏။
မိမိ၏အိမ်နီးချင်းကိုမြှောက်ပင့်ပြောဆိုသောသူသည် မိမိခြေလှမ်းမည့်နေရာတွင် ပိုက်ကွန်ဖြန့်ထားသောသူဖြစ်၏။
မကောင်းသောမိန်းမ၏ဘေးရန်မှလည်းကောင်း၊ ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမ၏ချော့မြှူသောစကားမှလည်းကောင်း သင့်ကိုစောင့်ရှောက်လိမ့်မည်။
တစ်ဖန် ပိုက်ကွန်နှင့်ထောင်ပိုက်ကဲ့သို့သောစိတ်နှလုံးရှိ၍ လက်ထိတ်ကဲ့သို့သောလက်ရှိသည့်မိန်းမသည် သေခြင်းထက် ပို၍ခါးသည်ကို ငါတွေ့ရ၏။ ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူသည် ထိုမိန်းမ၏လက်မှလွတ်မြောက်လိမ့်မည်။ အပြစ်ပြုသောသူမူကား သူ၏ဖမ်းမိခြင်းကိုခံရလိမ့်မည်။
သူ၏မယားသည် ပွဲကျင်းပသည့်ခုနစ်ရက်နေ့ နောက်ဆုံးအချိန်အထိ ခင်ပွန်းရှေ့၌ငိုပြ၍ ပူဆာသောကြောင့် ထိုခုနစ်ရက်မြောက်သောနေ့၌ သူ့အားပြောပြလိုက်လေ၏။ သူသည်လည်း မိမိ၏အမျိုးသားချင်းတို့အား စကားထာအဖြေကို ပြောပြလိုက်လေ၏။