သို့သော် နောက်ဆုံး၌ သူသည် ဒေါနကဲ့သို့ခါး၍ အသွားနှစ်ဖက်ပါသောသန်လျက်ကဲ့သို့ ထက်၏။
သုတ္တံကျမ်း။ 14:13 - မြန်မာ့စံမီသမ္မာကျမ်း ရယ်မောလျက်နေစဉ်ပင် စိတ်နှလုံးသည် နာကျင်နေတတ်၏။ ဝမ်းမြောက်ခြင်း၏အဆုံး၌လည်း ပူဆွေးခြင်းရှိတတ်၏။ Common Language Bible လူသည် ရယ်စဉ်အခါပင်၊ ဝမ်းနည်းသော စိတ် သဘောရှိ၏။ ထိုရယ်မောရွှင်လန်းခြင်းအဆုံး၌လည်း ညှိုးငယ်ခြင်းရှိတတ်၏။ Garrad Bible ရယ် စဉ် အ ခါ၌ ပင်၊ စိတ် ညှိုး ခြင်း ဖြစ် တတ်၏။ ရွှင် လန်း ခြင်း၏ အ ဆုံး လည်း၊ ဒု က္ခ နှင့် မ ကင်း ချေ။ Judson Bible လူသည် ရယ်စဉ်အခါပင်၊ ဝမ်းနည်းသော စိတ်သဘောရှိ၏။ ထိုရယ်မောရွှင်လန်းခြင်း အဆုံး၌လည်း ညှိုးငယ်ခြင်းရှိတတ်၏။ |
သို့သော် နောက်ဆုံး၌ သူသည် ဒေါနကဲ့သို့ခါး၍ အသွားနှစ်ဖက်ပါသောသန်လျက်ကဲ့သို့ ထက်၏။
အချင်းလူပျို၊ သင်ပျိုရွယ်စဉ်တွင် ဝမ်းမြောက်လော့။ သင်၏အသက် ပျိုရွယ်သောနေ့ရက်များ၌လည်း သင်၏စိတ်နှလုံးသည် ရွှင်လန်းပါစေ။ သင့်စိတ်နှလုံးအလိုရှိရာလမ်းများနောက်သို့လည်းကောင်း၊ သင့်မျက်စိပသာဒနောက်သို့လည်းကောင်း လိုက်လော့။ သို့ရာတွင် ထိုအရာအားလုံးအတွက် ဘုရားသခင်သည် သင့်ကိုတရားသဖြင့်စီရင်တော်မူမည်ဖြစ်ကြောင်း သိမှတ်လော့။
ငါသည် ငါ့စိတ်နှလုံးအား “ယခုလာလော့။ အပျော်အပါးအားဖြင့် သင့်ကို ငါစမ်းသပ်မည်။ ကောင်းသောအရာကိုလည်း ခံစားသိရှိလော့”ဟု မြွက်ဆို၏။ သို့ရာတွင် ကြည့်ရှုလော့။ ထိုအမှုအရာသည်လည်း အချည်းနှီးဖြစ်၏။
ရယ်မောခြင်းသည် “ရူးသွပ်ခြင်းဖြစ်၏” ဟူ၍လည်းကောင်း၊ အပျော်အပါးသည် “မည်သည့်အကျိုးရှိသနည်း” ဟူ၍လည်းကောင်း ငါဆို၏။
သို့သော် အာဗြဟံက ‘ငါ့သား၊ သင်သည်အသက်ရှင်စဉ်အခါ မိမိအတွက် ကောင်းသောအရာများကိုရရှိခဲ့၍ လာဇရုသည် မကောင်းသောအရာများကိုရရှိခဲ့ကြောင်း သတိရလော့။ ယခုမူကား သူသည်ဤနေရာတွင် နှစ်သိမ့်ခြင်းကိုခံစားရ၍ သင်သည် ဝေဒနာပြင်းစွာခံစားနေရ၏။
စိတ်ညှိုးငယ်ခြင်း၊ ဝမ်းနည်းကြေကွဲခြင်းနှင့် ငိုကြွေးခြင်းရှိကြလော့။ သင်တို့၏ရယ်မောခြင်းကို ဝမ်းနည်းကြေကွဲခြင်းဖြစ်စေ၍ သင်တို့၏ဝမ်းမြောက်ခြင်းကို ဝမ်းနည်းပူဆွေးခြင်းဖြစ်စေကြလော့။