နံနက်တိုင်အောင် မကြွင်းကျန်စေရ။ နံနက်တိုင်အောင်ကြွင်းကျန်လျှင် မီးရှို့ပစ်ရမည်။
ဝတ်ပြု 8:32 - မြန်မာ့စံမီသမ္မာကျမ်း ကြွင်းကျန်သောအသားနှင့်မုန့်ကို မီးရှို့ပစ်ရမည်။ Common Language Bible ကြွင်းကျန်သောအသားနှင့်မုန့်ကိုမီးရှို့ ရမည်။ Garrad Bible ကျန် သိုး သား နှင့် မုန့် ကို ကား ကျွမ်း လောင် စေ ကြ လော့။ Judson Bible ကျန်ကြွင်းသောအသားနှင့် မုန့်ကိုမီးရှို့ရမည်။ |
နံနက်တိုင်အောင် မကြွင်းကျန်စေရ။ နံနက်တိုင်အောင်ကြွင်းကျန်လျှင် မီးရှို့ပစ်ရမည်။
အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာအသားဖြစ်စေ၊ မုန့်ဖြစ်စေ နံနက်တိုင်အောင်ကြွင်းကျန်လျှင် ထိုအကျန်ကို မီးရှို့ပစ်ရမည်။ သန့်ရှင်းသောအရာဖြစ်၍ မည်သူမျှမစားရ။
မနက်ဖြန်အတွက် မဝါကြွားနှင့်။ အကြောင်းမူကား တစ်ရက်အတွင်း မည်သို့ဖြစ်မည်ကို သင်မသိ။
သင်လုပ်ဆောင်စရာအမှုရှိသမျှကို ခွန်အားစိုက်ထုတ်၍လုပ်ဆောင်လော့။ အကြောင်းမူကား သင်သွားရမည့် မရဏာနိုင်ငံတွင် အလုပ်အကိုင်မရှိ၊ အကြောင်းအကျိုးမရှိ၊ အသိပညာမရှိ၊ ဉာဏ်ပညာလည်းမရှိ။
သင်တို့၏အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာပွဲသည် ခုနစ်ရက်ဖြစ်၍ သင်တို့၏အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာနေ့ရက်မပြည့်မချင်း ခုနစ်ရက်ပတ်လုံး တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝမှ မထွက်ရ။
အကြောင်းမူကား ကိုယ်တော်က “ငါသည် နှစ်သက်လက်ခံဖွယ်ရာအချိန်၌ သင်၏စကားကိုနားထောင်ပြီ။ ကယ်တင်ရာနေ့ရက်၌ သင့်ကိုကူညီမစပြီ”ဟု မိန့်တော်မူ၏။ ကြည့်ရှုလော့။ ယခုပင် နှစ်သက်လက်ခံဖွယ်ရာအချိန်ဖြစ်၏။ ယခုပင် ကယ်တင်ရာနေ့ရက်ဖြစ်၏။