Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 8:31 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 ထို့နောက် မောရှေ​က အာရုန်​နှင့်​သူ​၏​သား​တို့​အား “​အသား​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌ ပြုတ်​ကြ​လော့​။ ‘​အာရုန်​နှင့်​သူ​၏​သား​တို့​သည် ထို​အသား​ကို​စား​ရ​မည်​’​ဟု မိန့်မှာ​ထား​တော်မူ​သည်​နှင့်အညီ သင်​တို့​သည် ထို​အသား​ကို အရိုက်အရာ​ခန့်အပ်​ခြင်း​ဆိုင်ရာ​တောင်း​ထဲ​ရှိ​မုန့်​နှင့်အတူ ထို​နေရာ​၌ စား​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

31 ထို့​နောက်​မော​ရှေ​က​အာ​ရုန်​နှင့်​သူ​၏​သား တို့​အား``ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့် အ​တိုင်း သိုး​၏​အ​သား​ကို​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​အ​နီး​တွင် ပြုတ်​၍ ထို​အ​သား​ကို​သိက္ခာ​တင်​ရာ​မုန့် တောင်း​ထဲ​မှ​မုန့်​နှင့်​စား​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

31 မော ရှေ က အာ ရုန် နှင့် သား တို့ စား ခွင့် ရ ကြ မည် ဟူ သော အ မိန့် တော် အ တိုင်း တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ အ နီး သိုး ကား ကို ပြုတ်၍ ခန့် ထား ခြင်း ဆိုင် ရာ တောင်း ရှိ မုန့် နှင့် တ ကွ ထို နေ ရာ တွင် စား ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 မော​ရှေ​သည်၊ အာ​ရုန်​နှင့် သူ၏​သား​တို့​အား​လည်း၊ ထို​သိုး၏​အ​သား​ကို ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ​ပြုတ်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​က၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည် ထို​အ​သား​ကို​စား​ရ​ကြ​မည်​ဟု ငါ့​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​အ​သား​ကို​လည်း​ကောင်း၊ အ​ရာ၌​ခန့်​ထား​ရာ မုန့်​တောင်း၌​ရှိ​သော​မုန့်​ကို​လည်း​ကောင်း၊ ထို​အ​ရပ်၌ စား​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 8:31
12 ပူးပေါင်းရင်းမြစ်များ  

“​အပြစ်ဖြေရာယဇ်​၏​အသား​သည် အထူး​သန့်ရှင်း​၏​။ လူထု​တို့​၏​ဒုစရိုက်​ကို​ယူဆောင်​သွား​ရန်​နှင့် ထာဝရဘုရား​ရှေ့​တော်​၌ သူ​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရန် ထို​အသား​ကို သင်​တို့​အား​ပေး​ထား​တော်မူ​ပြီ​။ သို့ဖြစ်၍ သင်​တို့​သည် အဘယ်ကြောင့် သန့်ရှင်းရာဌာန​တော်​၌ မ​စား​ကြ​သနည်း​။


ထို​အသား​ပြုတ်​သော​မြေ​အိုး​ကို ခွဲပစ်​ရ​မည်​။ ကြေးနီ​အိုး​ဖြင့်​ပြုတ်​လျှင် အိုး​ကို​တိုက်ချွတ်​၍ ရေ​ဖြင့်​ဆေး​ရ​မည်​။


ကျေးဇူးတော်​ချီးမွမ်း​ခြင်း​အတွက်​ပူဇော်​သော မိတ်သဟာယယဇ်​အသား​ကို ပူဇော်​သော​နေ့​၌ပင် စား​ရ​မည်​။ ထို​အသား​ကို နံနက်​တိုင်အောင် မ​ချန်ထား​ရ​။


အကြောင်းမူကား ဘုရားသခင်​၏​မုန့်​သည် ကောင်းကင်​မှ​ဆင်းသက်​၍ လောကီသား​တို့​အား အသက်​ကို​ပေး​သော​သူ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။


ယေရှု​က​လည်း“ငါ​သည် အသက်​မုန့်​ဖြစ်​၏။ ငါ့​ထံသို့​လာ​သော​သူ​သည် မည်သည့်​အခါ​မျှ ဆာလောင်​မည်​မ​ဟုတ်။ ငါ့​ကို​ယုံကြည်​သော​သူ​သည်​လည်း မည်သည့်​အခါ​မျှ​ရေငတ်​တော့မည်​မ​ဟုတ်။


ငါ​သည် ကောင်းကင်​မှ​ဆင်းသက်​သည့် အသက်ရှင်​သော​မုန့်​ဖြစ်​၏။ မည်သူမဆို ဤ​မုန့်​ကို​စား​လျှင် ကာလ​အစဉ်အဆက်​အသက်ရှင်​မည်။ လောကီသား​တို့​၏​အသက်​အတွက် ငါ​ပေး​မည့်​မုန့်​ကား ငါ​၏​အသား​ပေတည်း”​ဟု မိန့်​တော်မူ​၏။


သို့ဖြစ်၍ ငါ​အသက်ရှင်​သည်မှာ ငါ​ကိုယ်တိုင်​မ​ဟုတ်​တော့​ဘဲ ခရစ်တော်​သည် ငါ​၌​အသက်ရှင်​တော်မူ​၏။ ယခု ကိုယ်ကာယ​၌ ငါ​အသက်ရှင်​သည်မှာ ငါ့​ကို​ချစ်​၍ ငါ့​အတွက် မိမိကိုယ်ကို​စွန့်​တော်မူ​သော ဘုရားသခင်​၏​သား​တော်​ကို ယုံကြည်​ခြင်း​အားဖြင့် အသက်ရှင်​ခြင်း​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ