သူသည် နွားကို မီးရှို့ရာယဇ်အဖြစ်ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောနွားထီးကို ပူဇော်ရမည်။ ထာဝရဘုရား လက်ခံတော်မူမည့်အကြောင်း ထိုနွားကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ပူဇော်ရမည်။
ဝတ်ပြု 5:18 - မြန်မာ့စံမီသမ္မာကျမ်း သူသည် သင်တန်ဖိုးဖြတ်သည့်အတိုင်း သိုးအုပ်ထဲမှအပြစ်အနာအဆာကင်းသောသိုးထီးတစ်ကောင်ကို အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ယဇ်ပုရောဟိတ်ထံ ယူဆောင်လာရမည်။ ထိုသူ မရည်ရွယ်ဘဲမှားခဲ့သည့်အမှားကို သူမသိသော်လည်း ယဇ်ပုရောဟိတ်သည် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။ Common Language Bible သူသည်အပြစ်အနာကင်းသောသိုးထီး သို့မဟုတ်ဆိတ်ထီးကိုယဇ်ပုရောဟိတ်ထံ သို့ယူဆောင်ခဲ့ရမည်။ ထိုသိုးသို့မဟုတ် ဆိတ်၏တန်ဖိုးကိုကျပ်ချိန်တော်အရအဖိုး ဖြတ်သည့်ငွေကိုပါဆက်သရမည်။ ထိုနောက် ယဇ်ပုရောဟိတ်သည် ထိုသူ၏အပြစ်အတွက် ယဇ်ပူဇော်သဖြင့်သူသည်အပြစ်လွတ်လိမ့် မည်။- Garrad Bible ပြစ် ဒဏ် ပြေ ရာ သ က္ကာ အ ဖြစ် သင် ပြတ် သည့် အ လျောက် ကြန် အင် စုံ သော သိုး ထီး ကို ပ ရော ဟိတ် ထံ အုပ် မှ ဆောင် သွင်း စေ။ ပ ရော ဟိတ် သည် ပြစ် မှား မှန်း မ သိ ဘဲ မ တော် တ ဆ ပြု မိ ခြင်း အ ဖို့ ဖြေ ခြင်း ကို ပြု သည့် အ တိုင်း ချမ်း သာ ရ လိမ့် မည်။ Judson Bible ဒုစရိုက်ဖြေရာယဇ်ကိုပြုခြင်းငှာ ချင့်တွက်သောအလျော်ငွေနှင့်တကွ၊ အပြစ်မပါသော သိုးထီးကိုဆောင်ခဲ့ရမည်။ တရားကိုမသိ ပြစ်မှားမိသော်လည်း၊ ကိုယ်ပြစ်မှားမှန်းကို မသိသောသူအဖို့ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေခြင်းကို ပြုလျှင်၊ ထိုသူ၏အပြစ်လွတ်လိမ့်မည်။ |
သူသည် နွားကို မီးရှို့ရာယဇ်အဖြစ်ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောနွားထီးကို ပူဇော်ရမည်။ ထာဝရဘုရား လက်ခံတော်မူမည့်အကြောင်း ထိုနွားကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ပူဇော်ရမည်။
သူ့လက်ကို မီးရှို့ရာယဇ်ကောင်၏ခေါင်းပေါ်၌ တင်သောအခါ ထိုယဇ်ကို သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းယဇ်အဖြစ် လက်ခံတော်မူမည်။
ယဇ်ပုရောဟိတ်သည် သိုးသငယ်အထီးတစ်ကောင်ကိုယူ၍ အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ဆီတစ်လောဃနှင့်အတူ ပူဇော်ပြီး ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲရမည်။
အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးကို ပူဇော်သည့်အတိုင်း ဤနွားထီးကို ပူဇော်ရမည်။ ထိုသို့ပူဇော်ခြင်းအားဖြင့် ယဇ်ပုရောဟိတ်သည် သူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူတို့သည် အပြစ်လွှတ်ခြင်းခံရမည်။
တစ်စုံတစ်ယောက်သည် ‘မလုပ်ရ’ဟု ထာဝရဘုရားပညတ်ထားတော်မူသော ပညတ်ချက်တစ်ခုခုကို လုပ်မိ၍ အပြစ်ပြုမိမှန်းကို မသိလျှင်လည်း သူ့အပေါ် အပြစ်သက်ရောက်၍ သူသည် ကိုယ့်အပြစ်ကိုယ်ခံရမည်။
ဤသည်ကား တစ်စုံတစ်ယောက်သည် ထာဝရဘုရားကိုပြစ်မှားမိသည့်အတွက် အပြစ်ဒဏ်ဖြေရာယဇ်ဖြစ်၏”ဟု မိန့်တော်မူ၏။
လူမမြင်ကွယ်ရာတွင် မရည်ရွယ်ဘဲကျူးလွန်မိမည်ဆိုလျှင် လူထုအပေါင်းတို့သည် စီရင်ထုံးဖွဲ့ချက်နှင့်အညီ မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှနွားထီးပျိုတစ်ကောင်ကို မွှေးကြိုင်သောရနံ့အဖြစ် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာနှင့်အတူ ထာဝရဘုရားအား ပူဇော်ရမည်။ ဆိတ်ထီးကလေးတစ်ကောင်ကိုလည်း အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမည်။