ဝတ်ပြု 5:18 - Common Language Bible18 သူသည်အပြစ်အနာကင်းသောသိုးထီး သို့မဟုတ်ဆိတ်ထီးကိုယဇ်ပုရောဟိတ်ထံ သို့ယူဆောင်ခဲ့ရမည်။ ထိုသိုးသို့မဟုတ် ဆိတ်၏တန်ဖိုးကိုကျပ်ချိန်တော်အရအဖိုး ဖြတ်သည့်ငွေကိုပါဆက်သရမည်။ ထိုနောက် ယဇ်ပုရောဟိတ်သည် ထိုသူ၏အပြစ်အတွက် ယဇ်ပူဇော်သဖြင့်သူသည်အပြစ်လွတ်လိမ့် မည်။- အခန်းကိုကြည့်ပါ။Garrad Bible18 ပြစ် ဒဏ် ပြေ ရာ သ က္ကာ အ ဖြစ် သင် ပြတ် သည့် အ လျောက် ကြန် အင် စုံ သော သိုး ထီး ကို ပ ရော ဟိတ် ထံ အုပ် မှ ဆောင် သွင်း စေ။ ပ ရော ဟိတ် သည် ပြစ် မှား မှန်း မ သိ ဘဲ မ တော် တ ဆ ပြု မိ ခြင်း အ ဖို့ ဖြေ ခြင်း ကို ပြု သည့် အ တိုင်း ချမ်း သာ ရ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible18 ဒုစရိုက်ဖြေရာယဇ်ကိုပြုခြင်းငှာ ချင့်တွက်သောအလျော်ငွေနှင့်တကွ၊ အပြစ်မပါသော သိုးထီးကိုဆောင်ခဲ့ရမည်။ တရားကိုမသိ ပြစ်မှားမိသော်လည်း၊ ကိုယ်ပြစ်မှားမှန်းကို မသိသောသူအဖို့ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေခြင်းကို ပြုလျှင်၊ ထိုသူ၏အပြစ်လွတ်လိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 သူသည် သင်တန်ဖိုးဖြတ်သည့်အတိုင်း သိုးအုပ်ထဲမှအပြစ်အနာအဆာကင်းသောသိုးထီးတစ်ကောင်ကို အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ယဇ်ပုရောဟိတ်ထံ ယူဆောင်လာရမည်။ ထိုသူ မရည်ရွယ်ဘဲမှားခဲ့သည့်အမှားကို သူမသိသော်လည်း ယဇ်ပုရောဟိတ်သည် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။ အခန်းကိုကြည့်ပါ။ |
မသိမှားယွင်းခြင်းဖြစ်ခဲ့သည်ရှိသော် သူတို့သည် နွားထီးတစ်ကောင်ကိုမီးရှို့ရာ ယဇ်အဖြစ်ပူဇော်ရမည်။ ထိုသကာရနံ့ ကိုထာဝရဘုရားနှစ်သက်တော်မူ၏။ ထို ယဇ်ကောင်နှင့်အတူဘောဇဉ်သကာနှင့် စပျစ်ရည်သကာတို့ကိုလည်းတွဲဖက် ဆက်သရမည်။ ထို့အပြင်အပြစ်ဖြေရာ ယဇ်အတွက်ဆိတ်ထီးတစ်ကောင်ကို လည်းပူဇော်ရမည်။-